စီရော်နယ်လ်ဒိုရဲ့ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲ သွင်းဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်တဲ့ မက်ဆီ

PSG နာမည်ကျော်ကစားသမားမက်ဆီဟာ သူ့ရဲ့ ပြိုင်ဘက် စီရော်နယ်လ်ဒို

တင်ရှိထားတဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုအတွင်း သွင်းဂိုးအများဆုံး စံချိန်ကို
အမီလိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အန်ဂါစ်ကို (၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ ပြင်သစ်လီဂူးပွဲမှာ မက်ဆီဟာ PSG အသင်းရဲ့
ဒုတိယဂိုးကို မူကီလီ ပေးတာကနေ သွင်းယူခဲ့ပါတယ်။ အန်ဂါစ်နဲ့ပွဲဟာ ၂၀၂၂
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး PSG အသင်းအတွက် မက်ဆီ ပထမဆုံးပြန်ကစားတဲ့
ပွဲဖြစ်သလို နှစ်သစ်မှာ သွင်းဂိုး(၁)ဂိုးနဲ့ စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပါတယ်။

အခုဆိုရင် မက်ဆီရဲ့ ကလပ်အသင်းကစားသမားဘဝတစ်လျှောက် သွင်းဂိုး
အရေအတွက် (၆၉၆)ဂိုးအထိရှိလာပြီး စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးနဲ့တူညီသွားပါပြီ။
မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၇၇၈)ပွဲကစား၊ (၆၇၂)ဂိုး

သွင်းယူခဲ့ပြီး PSG ကစားသမားဘဝမှာ (၅၄)ပွဲကစား၊ (၂၄)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပထမအကြိမ်

ကစားခဲ့တုန်းက (၁၁၈)ဂိုး၊ ဒုတိယအကြိမ်မှာ (၂၇)ဂိုးသွင်းယူခဲ့ပြီး ရီးယဲလ်အသင်း
အတွက် (၄၅၀)ဂိုး၊ ဂျူဗင်တပ်စ်ကစားသမားဘဝမှာ (၁၀၁)ဂိုးသွင်းယူခဲ့ပါတယ်။

မက်ဆီဟာ ပွဲပေါင်း (၈၃၂)ပွဲကစားပြီးချိန်မှာ (၆၉၆)ဂိုးသွင်းယူနိုင်တာကြောင့်
စီရော်နယ်လ်ဒို (၉၁၈ပွဲ)ထက် (၈၆)ပွဲလျော့နည်းပြီး အဲဒီဂိုးအရေအတွက်ကို
သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဥရောပဘောလုံးရပ်ဝန်းကို
စွန့်ခွာပြီး မကြာသေးခင်က ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ
ပြောင်းရွှေ့ခဲ့ပြီဖြစ်တာကြောင့် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာ နောက်ထပ်

ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။

မက်ဆီကတော့ ဒီရာသီ PSG အသင်းအတွက် ပြိုင်ပွဲစုံပွဲ(၂၀)ကစား၊

(၁၃)ဂိုးသွင်းယူထားပြီး နောက်ထပ်ဂိုးတွေလည်း သွင်းယူနိုင်ဦးမှာဖြစ်တဲ့အတွက်
စီရော်နယ်လ်ဒိုထက် သွင်းဂိုးအရေအတွက် ပိုများဖို့ သေချာနေပါပြီ။

[Zawgyi]

PSG နာမည္ေက်ာ္ကစားသမားမက္ဆီဟာ သူ႔ရဲ႕ ၿပိဳင္ဘက္ စီေရာ္နယ္လ္ဒို
တင္ရွိထားတဲ့ ဥေရာပထိပ္သီးလိဂ္(၅)ခုအတြင္း သြင္းဂိုးအမ်ားဆုံး စံခ်ိန္ကို
အမီလိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အန္ဂါစ္ကို (၂-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ ျပင္သစ္လီဂူးပြဲမွာ မက္ဆီဟာ PSG အသင္းရဲ႕
ဒုတိယဂိုးကို မူကီလီ ေပးတာကေန သြင္းယူခဲ့ပါတယ္။ အန္ဂါစ္နဲ႔ပြဲဟာ ၂၀၂၂
ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး PSG အသင္းအတြက္ မက္ဆီ ပထမဆုံးျပန္ကစားတဲ့
ပြဲျဖစ္သလို ႏွစ္သစ္မွာ သြင္းဂိုး(၁)ဂိုးနဲ႔ စတင္ဖြင့္လွစ္ႏိုင္ၿပီျဖစ္ပါတယ္။

အခုဆိုရင္ မက္ဆီရဲ႕ ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္ သြင္းဂိုး
အေရအတြက္ (၆၉၆)ဂိုးအထိရွိလာၿပီး စီေရာ္နယ္လ္ဒိုရဲ႕ သြင္းဂိုးနဲ႔တူညီသြားပါၿပီ။

မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ပြဲေပါင္း(၇၇၈)ပြဲကစား၊ (၆၇၂)ဂိုး
သြင္းယူခဲ့ၿပီး PSG ကစားသမားဘဝမွာ (၅၄)ပြဲကစား၊ (၂၄)ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္
ကစားခဲ့တုန္းက (၁၁၈)ဂိုး၊ ဒုတိယအႀကိမ္မွာ (၂၇)ဂိုးသြင္းယူခဲ့ၿပီး ရီးယဲလ္အသင္း
အတြက္ (၄၅၀)ဂိုး၊ ဂ်ဴဗင္တပ္စ္ကစားသမားဘဝမွာ (၁၀၁)ဂိုးသြင္းယူခဲ့ပါတယ္။

မက္ဆီဟာ ပြဲေပါင္း (၈၃၂)ပြဲကစားၿပီးခ်ိန္မွာ (၆၉၆)ဂိုးသြင္းယူႏိုင္တာေၾကာင့္
စီေရာ္နယ္လ္ဒို (၉၁၈ပြဲ)ထက္ (၈၆)ပြဲေလ်ာ့နည္းၿပီး အဲဒီဂိုးအေရအတြက္ကို
သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဥေရာပေဘာလုံးရပ္ဝန္းကို
စြန႔္ခြာၿပီး မၾကာေသးခင္က ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္တာေၾကာင့္ ဥေရာပထိပ္သီးလိဂ္ၿပိဳင္ပြဲေတြမွာ ေနာက္ထပ္
ဂိုးေတြ သြင္းယူႏိုင္ဖို႔ အခြင့္အေရးမရွိေတာ့ပါဘူး။

မက္ဆီကေတာ့ ဒီရာသီ PSG အသင္းအတြက္ ၿပိဳင္ပြဲစုံပြဲ(၂၀)ကစား၊
(၁၃)ဂိုးသြင္းယူထားၿပီး ေနာက္ထပ္ဂိုးေတြလည္း သြင္းယူႏိုင္ဦးမွာျဖစ္တဲ့အတြက္
စီေရာ္နယ္လ္ဒိုထက္ သြင္းဂိုးအေရအတြက္ ပိုမ်ားဖို႔ ေသခ်ာေနပါၿပီ။