
မန်ချက်စတာယူနိုက်တက်အသင်းဟာ အယ်လ်နာဆာအသင်းရဲ့ ကင်မရွန်း
ဝါရင့်တိုက်စစ်မှူး အဘူဘာကာကို အငှားနဲ့ခေါ်ယူဖို့ စီစဉ်နေတာကြောင့်
ဆော်ဒီလိဂ်မှာ စီရော်နယ်လ်ဒိုကို စာရင်းသွင်းဖို့ အခက်ကြုံနေတဲ့
အယ်လ်နာဆာအတွက် အဆင်ပြေသွားဖို့ရှိပါတယ်။
အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုကို တရားဝင်ခေါ်ယူခဲ့ပြီး
ဖြစ်ပေမယ့် သူတို့အသင်းမှာ စီရော်နယ်လ်ဒိုအပါအဝင် ပြည်ပကစားသမား
(၉)ဦးအထိရှိလာပြီး ဆော်ဒီပရိုလိဂ်အဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်အရ လက်ရှိ
ပြည်ပကစားသမားတွေထဲက တချို့နဲ့ မဖြစ်မနေ လမ်းခွဲရတော့မှာပါ။
ဆော်ဒီကလပ်အသင်းတွေအနေနဲ့ ပြည်ပကစားသမား (၇)ဦးသာ စာရင်း
သွင်းခွင့်ရှိတာကြောင့် အယ်လ်နာဆာအသင်းဟာ ကစားသမား(၂)ဦးကို
တခြားကလပ်အသင်းတစ်သင်းဆီ ရောင်းချဖို့ ဒါမှမဟုတ် နှစ်ဦးသဘောတူ
စာချုပ်ဖျက်သိမ်းဖို့ မဖြစ်မနေ စီစဉ်ရမှာဖြစ်ပြီး အခု ယူနိုက်တက်အသင်းက
သူတို့ရဲ့ ဝါရင့်တိုက်စစ်မှူး အဘူဘာကာကို အငှားခေါ်ယူချင်နေတာကြောင့်
အဆင်ပြေမယ့်အနေအထားပါပဲ။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ အဘူဘာကာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား
ပြိုင်ပွဲမှာ ကင်မရွန်းအသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူခဲ့ပြီး သူ့ကို
ခေါ်ယူဖို့ ယူနိုက်တက်အပြင် တူရကီထိပ်သီး ဖီနာဘာချီအသင်းက
ပစ်မှတ်ထားနေသလို အယ်လ်နာဆာအသင်းအနေနဲ့ အဘူဘာကာကို
လက်လွှတ်သွားဖို့ရှိတယ်လို့ ဆော်ဒီသတင်းစာ OKAZ က သုံးသပ်ဖော်ပြခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အယ္လ္နာဆာအသင္းရဲ႕ ကင္မ႐ြန္း
ဝါရင့္တိုက္စစ္မႉး အဘူဘာကာကို အငွားနဲ႔ေခၚယူဖို႔ စီစဥ္ေနတာေၾကာင့္
ေဆာ္ဒီလိဂ္မွာ စီေရာ္နယ္လ္ဒိုကို စာရင္းသြင္းဖို႔ အခက္ႀကဳံေနတဲ့
အယ္လ္နာဆာအတြက္ အဆင္ေျပသြားဖို႔ရွိပါတယ္။
အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုကို တရားဝင္ေခၚယူခဲ့ၿပီး
ျဖစ္ေပမယ့္ သူတို႔အသင္းမွာ စီေရာ္နယ္လ္ဒိုအပါအဝင္ ျပည္ပကစားသမား
(၉)ဦးအထိရွိလာၿပီး ေဆာ္ဒီပ႐ိုလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕ သတ္မွတ္ခ်က္အရ လက္ရွိ
ျပည္ပကစားသမားေတြထဲက တခ်ိဳ႕နဲ႔ မျဖစ္မေန လမ္းခြဲရေတာ့မွာပါ။
ေဆာ္ဒီကလပ္အသင္းေတြအေနနဲ႔ ျပည္ပကစားသမား (၇)ဦးသာ စာရင္း
သြင္းခြင့္ရွိတာေၾကာင့္ အယ္လ္နာဆာအသင္းဟာ ကစားသမား(၂)ဦးကို
တျခားကလပ္အသင္းတစ္သင္းဆီ ေရာင္းခ်ဖို႔ ဒါမွမဟုတ္ ႏွစ္ဦးသေဘာတူ
စာခ်ဳပ္ဖ်က္သိမ္းဖို႔ မျဖစ္မေန စီစဥ္ရမွာျဖစ္ၿပီး အခု ယူႏိုက္တက္အသင္းက
သူတို႔ရဲ႕ ဝါရင့္တိုက္စစ္မႉး အဘူဘာကာကို အငွားေခၚယူခ်င္ေနတာေၾကာင့္
အဆင္ေျပမယ့္အေနအထားပါပဲ။
အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ အဘူဘာကာဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလား
ၿပိဳင္ပြဲမွာ ကင္မ႐ြန္းအသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူခဲ့ၿပီး သူ႔ကို
ေခၚယူဖို႔ ယူႏိုက္တက္အျပင္ တူရကီထိပ္သီး ဖီနာဘာခ်ီအသင္းက
ပစ္မွတ္ထားေနသလို အယ္လ္နာဆာအသင္းအေနနဲ႔ အဘူဘာကာကို
လက္လႊတ္သြားဖို႔ရွိတယ္လို႔ ေဆာ္ဒီသတင္းစာ OKAZ က သုံးသပ္ေဖာ္ျပခဲ့ပါတယ္။