စီရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပြိုင်ဘက်ဟောင်းမက်ဆီနဲ့ ရင်ဆိုင်ရဖို့ရှိနေ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်း

အတွက် ပွဲဦးထွက်အဖြစ် ပြိုင်ဘက် မက်ဆီနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်

အခု ဇန်နဝါရီလအစောပိုင်းက ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာ
အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်အထိ အသင်းသစ်အတွက် ပွဲထွက်
ကစားခွင့် မရသေးပါဘူး။

လာမယ့်ဇန်နဝါရီ(၁၉)ရက်ကျရင် PSG အသင်းဟာ ဆော်ဒီနိုင်ငံ၊ Riyadh မြို့မှာ
အယ်လ်နာဆာ၊ အယ်လ်ဟီလယ် နှစ်သင်းရဲ့ အကောင်းဆုံးကစားသမား(၁၁)ဦးနဲ့
ခြေစမ်းပွဲကစားမှာဖြစ်ပြီး အဲဒီပွဲမှာ စီရော်နယ်လ်ဒို ပါဝင်ကစားဖို့ရှိတယ်လို့
ဗြိတိန်သတင်းစာ The Guardian က ဖော်ပြခဲ့ပါတယ်။

ဆော်ဒီပရိသတ်တွေဟာ နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့
မက်ဆီတို့ ဆုံတွေ့ဖို့ရှိနေတဲ့ ခြေစမ်းပွဲအတွက် ရင်ခုန်စိတ်လှုပ်ရှားနေပေမယ့်

အယ်လ်နာဆာအသင်းနည်းပြ ရူဒီဂါစီယာကတော့ လိဂ်ပွဲတွေကစားဖို့ရှိနေချိန်မှာ
PSG နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားတဲ့အပေါ် သိပ်ပြီး မကျေမနပ်ဖြစ်နေပါတယ်။

ရူဒီဂါစီယာက “လာမယ့်ခြေစမ်းပွဲမှာ စီရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်း
အတွက် ပွဲထွက်ကစားမယ့်သဘောမျိုး မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်လည်း
အဲဒီခြေစမ်းပွဲကစားမယ့်အပေါ် ဝမ်းမသာနိုင်ပါဘူး။

PSG အသင်းက နာမည်ကျော် ကစားသမားတွေကို ပရိသတ်တွေ မြင်တွေ့ခွင့်
ရမှာဖြစ်တဲ့အတွက် ကျေနပ်စရာဖြစ်ပေမယ့် ကျွန်တော်တို့အသင်းဟာ အဲဒီပွဲ
အပြီး (၃)ရက်အကြာမှာ လိဂ်ပွဲစဉ်ကစားရမှာပါ။ အဲဒါကြောင့် ခြေစမ်းပွဲ
ကစားမယ့်ရက်ကို အပြောင်းအလဲလုပ်သင့်ပေမယ့် အခုအချိန်မှာတော့

ဘာမှပြောလို့ မရတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာအသင္း

အတြက္ ပြဲဦးထြက္အျဖစ္ ၿပိဳင္ဘက္ မက္ဆီနဲ႔ ရင္ဆိုင္ရဖို႔ရွိေနပါတယ္။

စီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးတဲ့ေနာက္

အခု ဇန္နဝါရီလအေစာပိုင္းက ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာ
အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခုအခ်ိန္အထိ အသင္းသစ္အတြက္ ပြဲထြက္
ကစားခြင့္ မရေသးပါဘူး။

လာမယ့္ဇန္နဝါရီ(၁၉)ရက္က်ရင္ PSG အသင္းဟာ ေဆာ္ဒီႏိုင္ငံ၊ Riyadh ၿမိဳ႕မွာ
အယ္လ္နာဆာ၊ အယ္လ္ဟီလယ္ ႏွစ္သင္းရဲ႕ အေကာင္းဆုံးကစားသမား(၁၁)ဦးနဲ႔
ေျခစမ္းပြဲကစားမွာျဖစ္ၿပီး အဲဒီပြဲမွာ စီေရာ္နယ္လ္ဒို ပါဝင္ကစားဖို႔ရွိတယ္လို႔
ၿဗိတိန္သတင္းစာ The Guardian က ေဖာ္ျပခဲ့ပါတယ္။

ေဆာ္ဒီပရိသတ္ေတြဟာ နာမည္ေက်ာ္ကစားသမားႏွစ္ဦးျဖစ္တဲ့ စီေရာ္နယ္လ္ဒိုနဲ႔
မက္ဆီတို႔ ဆုံေတြ႕ဖို႔ရွိေနတဲ့ ေျခစမ္းပြဲအတြက္ ရင္ခုန္စိတ္လႈပ္ရွားေနေပမယ့္

အယ္လ္နာဆာအသင္းနည္းျပ ႐ူဒီဂါစီယာကေတာ့ လိဂ္ပြဲေတြကစားဖို႔ရွိေနခ်ိန္မွာ
PSG နဲ႔ ေျခစမ္းပြဲကစားဖို႔ စီစဥ္ထားတဲ့အေပၚ သိပ္ၿပီး မေက်မနပ္ျဖစ္ေနပါတယ္။

႐ူဒီဂါစီယာက “လာမယ့္ေျခစမ္းပြဲမွာ စီေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာအသင္း
အတြက္ ပြဲထြက္ကစားမယ့္သေဘာမ်ိဳး မဟုတ္ဘဲ ကြၽန္ေတာ္ကိုယ္တိုင္လည္း
အဲဒီေျခစမ္းပြဲကစားမယ့္အေပၚ ဝမ္းမသာႏိုင္ပါဘူး။

PSG အသင္းက နာမည္ေက်ာ္ ကစားသမားေတြကို ပရိသတ္ေတြ ျမင္ေတြ႕ခြင့္
ရမွာျဖစ္တဲ့အတြက္ ေက်နပ္စရာျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔အသင္းဟာ အဲဒီပြဲ
အၿပီး (၃)ရက္အၾကာမွာ လိဂ္ပြဲစဥ္ကစားရမွာပါ။ အဲဒါေၾကာင့္ ေျခစမ္းပြဲ
ကစားမယ့္ရက္ကို အေျပာင္းအလဲလုပ္သင့္ေပမယ့္ အခုအခ်ိန္မွာေတာ့

ဘာမွေျပာလို႔ မရေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။