စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့ မေးခွန်းကို အဲရစ်တန်ဟက် ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ကစားသမားဟောင်း

စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးခွန်းကို
ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ
အတွင်း ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက်
မကြာသေးခင်က ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းကို (၂)နှစ်
စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး (၁)နှစ် ဝင်ငွေအဖြစ် ပေါင်(၁၇၃)သန်းအထိ ရရှိ
သွားမှာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ အဲရစ်တန်ဟက်အပေါ်
ဝေဖန်ပြစ်တင်ခဲ့သလို ရာသီကြိုကာလမှာကတည်းက သူနဲ့ အဲရစ်တန်ဟက်တို့ရဲ့

ဆက်ဆံရေး အဆင်မပြေခဲ့ပါဘူး။

ဗယ်လက်ကာနိုနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ စီရော်နယ်လ်ဒိုဟာ

ပွဲမပြီးခင်မှာပဲ အိမ်ပြန်သွားတဲ့အတွက် အဲရစ်တန်ဟက်က ဒေါသတကြီး
ပြစ်တင်ခဲ့သလို စပါးအသင်းနဲ့ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း လူစားဝင်
ကစားဖို့ ငြင်းဆန်ပြီး ကွင်းထဲက ထွက်သွားတာကြောင့် အဲရစ်တန်ဟက်က
သူ့ကို ချယ်လ်ဆီးနဲ့ပွဲလူစာရင်းမှာ ချန်လှပ်ခဲ့ပါတယ်။

အခု ယူနိုက်တက်အသင်းရဲ့ သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံလိဂ်ကစားချင်တယ်
ပြောပြီးမှ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့သွားတဲ့ စီရော်နယ်လ်ဒိုရဲ့
ဆုံးဖြတ်ချက်အပေါ် ဘယ်လိုထင်လဲဆိုပြီး မီဒီယာတွေက မေးခွန်းထုတ်ခဲ့ချိန်မှာ

အဲရစ်တန်ဟက်က “ပြီးခဲ့တဲ့ကိစ္စတွေအပေါ် ကျွန်တော် ဘာမှ မပြောချင်ပါဘူး။
အနာဂတ်နဲ့ပတ်သက်ပြီးတော့ပဲ ပြောကြတာပေါ့”လို့ ခပ်ပြတ်ပြတ်ဖြေကြားခဲ့တာ
ဖြစ်ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ ကစားသမားေဟာင္း
စီေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး မီဒီယာေတြရဲ႕ ေမးခြန္းကို
ခပ္ျပတ္ျပတ္ပဲ တုံ႔ျပန္ခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလ
အတြင္း ယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးတဲ့ေနာက္
မၾကာေသးခင္က ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းကို (၂)ႏွစ္

စာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး (၁)ႏွစ္ ဝင္ေငြအျဖစ္ ေပါင္(၁၇၃)သန္းအထိ ရရွိ
သြားမွာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ အဲရစ္တန္ဟက္အေပၚ
ေဝဖန္ျပစ္တင္ခဲ့သလို ရာသီႀကိဳကာလမွာကတည္းက သူနဲ႔ အဲရစ္တန္ဟက္တို႔ရဲ႕
ဆက္ဆံေရး အဆင္မေျပခဲ့ပါဘူး။

ဗယ္လက္ကာႏိုနဲ႔ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲမွာ စီေရာ္နယ္လ္ဒိုဟာ
ပြဲမၿပီးခင္မွာပဲ အိမ္ျပန္သြားတဲ့အတြက္ အဲရစ္တန္ဟက္က ေဒါသတႀကီး
ျပစ္တင္ခဲ့သလို စပါးအသင္းနဲ႔ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာလည္း လူစားဝင္
ကစားဖို႔ ျငင္းဆန္ၿပီး ကြင္းထဲက ထြက္သြားတာေၾကာင့္ အဲရစ္တန္ဟက္က

သူ႔ကို ခ်ယ္လ္ဆီးနဲ႔ပြဲလူစာရင္းမွာ ခ်န္လွပ္ခဲ့ပါတယ္။

အခု ယူႏိုက္တက္အသင္းရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ခ်န္ပီယံလိဂ္ကစားခ်င္တယ္

ေျပာၿပီးမွ အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕သြားတဲ့ စီေရာ္နယ္လ္ဒိုရဲ႕
ဆုံးျဖတ္ခ်က္အေပၚ ဘယ္လိုထင္လဲဆိုၿပီး မီဒီယာေတြက ေမးခြန္းထုတ္ခဲ့ခ်ိန္မွာ
အဲရစ္တန္ဟက္က “ၿပီးခဲ့တဲ့ကိစၥေတြအေပၚ ကြၽန္ေတာ္ ဘာမွ မေျပာခ်င္ပါဘူး။
အနာဂတ္နဲ႔ပတ္သက္ၿပီးေတာ့ပဲ ေျပာၾကတာေပါ့”လို႔ ခပ္ျပတ္ျပတ္ေျဖၾကားခဲ့တာ
ျဖစ္ပါတယ္။