
ကမ္ဘာ့ဖလားကနေ ပြန်လာပြီးကတည်းက ရပ်တန့်လို့မရအောင်
ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ လက်စတာကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့
ပွဲမှာလည်း သူ့ရဲ့ ပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။
လက်စတာနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေ ရပ်ရှ်ဖို့ဒ်က
အဖွင့်ဂိုးသွင်းခဲ့ပြီး ဒုတိယဂိုးကိုလည်း ပွဲချိန်(၅၆)မိနစ်မှာ ဖရက်ဒ်
ထိုးပေးလိုက်တာကို ဆွဲပြေးပြီးတော့ ဂိုးသွင်းခဲ့ပါတယ်။
အခုဆိုရင် ဒီရာသီပြိုင်ပွဲစုံမှာ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးက (၂၄)ဂိုးအထိရှိလာပြီ
ဖြစ်တာကြောင့် ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံးသွင်းဂိုး
မှတ်တမ်းဖြစ်တဲ့ ၂၀၁၉-၂၀ ရာသီတုန်းက (၂၂)ဂိုးအရေအတွက်ကို
ကျော်ဖြတ်နိုင်ပြီဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ (၂၄)ဂိုးထဲမှာ (၁၆)ဂိုးက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ
အပြီးကစားခဲ့တဲ့ (၁၇)ပွဲအတွင်း သွင်းယူခဲ့တာဖြစ်သလို ဒီရာသီ
အိုးလ်ထရက်ဖို့ဒ်မှာ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်က(၁၇)ဂိုးအထိ
ရှိလာပါပြီ။
အဲဒါကြောင့် ရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီ(၂၀၁၁-၁၂၊ ၁၉ဂိုး)နောက်ပိုင်း
တစ်ရာသီအတွင်း အိုးလ်ထရက်ဖို့ဒ်မှာကစားတဲ့ ပြိုင်ပွဲစုံမှာ ဒုတိယမြောက်
သွင်းဂိုးအများဆုံးကစားသမား ဖြစ်လာပါတယ်။
ဒါ့အပြင် ရပ်ရှ်ဖို့ဒ်ကပရီးမီးယားလိဂ်အိမ်ကွင်း(၇)ပွဲဆက်တိုက်
ဂိုးသွင်းယူခဲ့တာကြောင့်နာမည်ကျော်ကစားသမားဟောင်း စီရော်နယ်လ်ဒိုရဲ့
စံချိန်ကို ချိုးဖျက်ဖို့မျှော်လင့်ချက်ရှိနေပါတယ်။
စီရော်နယ်လ်ဒိုဟာ ၂၀၀၈ ခုနှစ်တုန်းက အိုးလ်ထရက်ဖို့ဒ်မှာကစားတဲ့
ပရီးမီးယားလိဂ်(၁၀)ပွဲဆက်တိုက် ဂိုးသွင်းခဲ့ပြီး သူ့နောက်မှာ ရွန်နီက (၈)ပွဲ
(၂၀၀၉-၁၀)နဲ့ ရပ်တည်နေသလို ရပ်ရှ်ဖို့ဒ်ကတော့ တတိယနေရာမှာ
ရှိနေပါတယ်။
[Zawgyi]
ကမာၻ႔ဖလားကေန ျပန္လာၿပီးကတည္းက ရပ္တန႔္လို႔မရေအာင္
ေျခစြမ္းျပေနတဲ့ ရပ္ရွ္ဖို႔ဒ္ဟာ လက္စတာကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့
ပြဲမွာလည္း သူ႔ရဲ႕ ပုံစံေကာင္းကို ဆက္ထိန္းႏိုင္ခဲ့ပါတယ္။
လက္စတာနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကေန ရပ္ရွ္ဖို႔ဒ္က
အဖြင့္ဂိုးသြင္းခဲ့ၿပီး ဒုတိယဂိုးကိုလည္း ပြဲခ်ိန္(၅၆)မိနစ္မွာ ဖရက္ဒ္
ထိုးေပးလိုက္တာကို ဆြဲေျပးၿပီးေတာ့ ဂိုးသြင္းခဲ့ပါတယ္။
အခုဆိုရင္ ဒီရာသီၿပိဳင္ပြဲစုံမွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ သြင္းဂိုးက (၂၄)ဂိုးအထိရွိလာၿပီ
ျဖစ္တာေၾကာင့္ ယူႏိုက္တက္ကစားသမားဘ၀ အေကာင္းဆုံးသြင္းဂိုး
မွတ္တမ္းျဖစ္တဲ့ ၂၀၁၉-၂၀ ရာသီတုန္းက (၂၂)ဂိုးအေရအတြက္ကို
ေက်ာ္ျဖတ္ႏိုင္ၿပီျဖစ္ပါတယ္။
ရပ္ရွ္ဖို႔ဒ္ သြင္းယူခဲ့တဲ့ (၂၄)ဂိုးထဲမွာ (၁၆)ဂိုးက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ
အၿပီးကစားခဲ့တဲ့ (၁၇)ပြဲအတြင္း သြင္းယူခဲ့တာျဖစ္သလို ဒီရာသီ
အိုးလ္ထရက္ဖို႔ဒ္မွာ ၿပိဳင္ပြဲစုံသြင္းဂိုးအေရအတြက္က(၁၇)ဂိုးအထိ
ရွိလာပါၿပီ။
အဲဒါေၾကာင့္ ရပ္ရွ္ဖို႔ဒ္ဟာ ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီ(၂၀၁၁-၁၂၊ ၁၉ဂိုး)ေနာက္ပိုင္း
တစ္ရာသီအတြင္း အိုးလ္ထရက္ဖို႔ဒ္မွာကစားတဲ့ ၿပိဳင္ပြဲစုံမွာ ဒုတိယေျမာက္
သြင္းဂိုးအမ်ားဆုံးကစားသမား ျဖစ္လာပါတယ္။
ဒါ့အျပင္ ရပ္ရွ္ဖို႔ဒ္ကပရီးမီးယားလိဂ္အိမ္ကြင္း(၇)ပြဲဆက္တိုက္
ဂိုးသြင္းယူခဲ့တာေၾကာင့္နာမည္ေက်ာ္ကစားသမားေဟာင္း စီေရာ္နယ္လ္ဒိုရဲ႕
စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ၂၀၀၈ ခုႏွစ္တုန္းက အိုးလ္ထရက္ဖို႔ဒ္မွာကစားတဲ့
ပရီးမီးယားလိဂ္(၁၀)ပြဲဆက္တိုက္ ဂိုးသြင္းခဲ့ၿပီး သူ႔ေနာက္မွာ ႐ြန္နီက (၈)ပြဲ
(၂၀၀၉-၁၀)နဲ႔ ရပ္တည္ေနသလို ရပ္ရွ္ဖို႔ဒ္ကေတာ့ တတိယေနရာမွာ
ရွိေနပါတယ္။