စီရော်နယ်လ်ဒိုရောက်လာမှ ဆော်ဒီလိဂ်(၁၇)ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရပ်တန့်သွားသလို အဆင့်(၁)နေရာက ဖယ်ပေးလိုက်ရတဲ့ အယ်လ်နာဆာ

အယ်လ်နာဆာအသင်းဟာ အမှတ်ပေးချန်ပီယံဆုအတွက် အဓိက

ပြိုင်ဘက်ဖြစ်တဲ့ အယ်လ်အစ်တီဟတ်နဲ့ပွဲမှာ (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့
တာကြောင့် အဆင့်(၁)နေရာကို လွှဲပေးလိုက်ရပြီဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ အခုပွဲမှာ မိနစ်(၉၀)ပြည့်ကစားခဲ့ပေမယ့် ခြေစွမ်း
မပြနိုင်ဘဲ သူ့ရဲ့အပိုင်ကန်သွင်းချက်တစ်ကြိမ်ကိုလည်း ပြိုင်ဘက်ဂိုးသမား
ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ အယ်လ်အစ်တီဟတ်အသင်းအတွက်
တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်မိနစ်(၈၀)မှာ အာမတ်ရှာရာဟီလီရဲ့
ဖန်တီးမှုကနေတစ်ဆင့် ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား

ရိုမာရင်ဟိုက ဆွဲပြေးကန်သွင်းခဲ့တာဖြစ်ပါတယ်။

အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ

အတွင်းကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်(၄)ပွဲမှာ (၈)ဂိုးအထိသွင်းပြီး ဂိုးဖန်တီးမှု
(၂)ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် ဖေဖော်ဝါရီလရဲ့ တစ်လတာအကောင်းဆုံး
ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒါပေမဲ့ အခု မတ်လမှာတော့ ဆော်ဒီလိဂ်(၂)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့
သလို ဂိုးဖန်တီးမှုလည်း မလုပ်နိုင်ဘဲ အယ်လ်အစ်တီဟတ်နဲ့ပွဲမှာ ပထမဆုံးလိဂ်
ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲအပြီးမှာ စီရော်နယ်လ်ဒိုတစ်ယောက် ဒေါသပေါက်ကွဲခဲ့လို့
အသင်းဖော်တွေက ဖျောင်းဖျခဲ့ရပါတယ်။

အယ်လ်အစ်တီဟတ်နဲ့ပွဲမတိုင်ခင် အယ်လ်နာဆာအသင်းဟာ လိဂ်ပြိုင်ပွဲ(၁၇)ပွဲဆက်
ရှုံးပွဲမရှိပေမယ့် အခု အဲဒီမှတ်တမ်းကောင်း ရပ်တန့်သွားပြီဖြစ်ပြီး,ပြီးခဲ့တဲ့နှစ်၊

စက်တင်ဘာလတုန်းက Al Taawon ကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ပြီးနောက်ပိုင်း (၇)လ
အကြာမှာ လိဂ်ရှုံးပွဲနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

[Zawgyi]

အယ္လ္နာဆာအသင္းဟာ အမွတ္ေပးခ်န္ပီယံဆုအတြက္ အဓိက
ၿပိဳင္ဘက္ျဖစ္တဲ့ အယ္လ္အစ္တီဟတ္နဲ႔ပြဲမွာ (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့
တာေၾကာင့္ အဆင့္(၁)ေနရာကို လႊဲေပးလိုက္ရၿပီျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ အခုပြဲမွာ မိနစ္(၉၀)ျပည့္ကစားခဲ့ေပမယ့္ ေျခစြမ္း
မျပႏိုင္ဘဲ သူ႔ရဲ႕အပိုင္ကန္သြင္းခ်က္တစ္ႀကိမ္ကိုလည္း ၿပိဳင္ဘက္ဂိုးသမား
ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။ အယ္လ္အစ္တီဟတ္အသင္းအတြက္
တစ္လုံးတည္းေသာအႏိုင္ဂိုးကို ပြဲခ်ိန္မိနစ္(၈၀)မွာ အာမတ္ရွာရာဟီလီရဲ႕

ဖန္တီးမႈကေနတစ္ဆင့္ ဘရာဇီးလ္ေတာင္ပံတိုက္စစ္ကစားသမား
႐ိုမာရင္ဟိုက ဆြဲေျပးကန္သြင္းခဲ့တာျဖစ္ပါတယ္။

အသက္(၃၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ
အတြင္းကစားခဲ့တဲ့ ေဆာ္ဒီလိဂ္ပြဲစဥ္(၄)ပြဲမွာ (၈)ဂိုးအထိသြင္းၿပီး ဂိုးဖန္တီးမႈ
(၂)ႀကိမ္ျပဳလုပ္ခဲ့တဲ့အတြက္ ေဖေဖာ္ဝါရီလရဲ႕ တစ္လတာအေကာင္းဆုံး
ကစားသမားဆုကို ဆြတ္ခူးခဲ့ပါတယ္။

ဒါေပမဲ့ အခု မတ္လမွာေတာ့ ေဆာ္ဒီလိဂ္(၂)ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ခဲ့
သလို ဂိုးဖန္တီးမႈလည္း မလုပ္ႏိုင္ဘဲ အယ္လ္အစ္တီဟတ္နဲ႔ပြဲမွာ ပထမဆုံးလိဂ္
ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုတစ္ေယာက္ ေဒါသေပါက္ကြဲခဲ့လို႔

အသင္းေဖာ္ေတြက ေဖ်ာင္းဖ်ခဲ့ရပါတယ္။

အယ္လ္အစ္တီဟတ္နဲ႔ပြဲမတိုင္ခင္ အယ္လ္နာဆာအသင္းဟာ လိဂ္ၿပိဳင္ပြဲ(၁၇)ပြဲဆက္

ရႈံးပြဲမရွိေပမယ့္ အခု အဲဒီမွတ္တမ္းေကာင္း ရပ္တန႔္သြားၿပီျဖစ္ၿပီး,ၿပီးခဲ့တဲ့ႏွစ္၊
စက္တင္ဘာလတုန္းက Al Taawon ကို (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ၿပီးေနာက္ပိုင္း (၇)လ
အၾကာမွာ လိဂ္ရႈံးပြဲနဲ႔ ျပန္လည္ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။