
ဒီနေ့မနက်အစောပိုင်းက ပြင်သစ်လီဂူးပွဲအဖြစ် ရမ်းစ်အသင်းနဲ့ (၁-၁)ဂိုးစီ
သရေကျတဲ့ပွဲမှာ PSG နာမည်ကျော်ကစားသမား မက်ဆီဟာ ခြေစွမ်း
မပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုနဲ့ ရင်ဆိုင်နေ
ရပါတယ်။
PSG အသင်းဟာ အမှတ်ပေးဇယားအဆင့်(၁၁)နေရာက ရမ်းစ်အသင်းကို
အိမ်ကွင်းမှာ လက်ခံကစားရတာဖြစ်ပေမယ့် အနိုင်မရခဲ့ဘဲ (၅၁)မိနစ်မှာ
နေမာက အဖွင့်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်ကနေ အငှားနဲ့လာရောက်
ကစားနေတဲ့ လူငယ်တိုက်စစ်ကစားသမား ဘာလိုဂန်က ပွဲပြီးခါနီးမှာ
ရမ်းစ်အသင်းအတွက် အဖိုးတန်ချေပဂိုးသွင်းယူခဲ့ပါတယ်။
မက်ဆီဟာ ပွဲချိန်အတွင်း ဂိုးပေါက်တည့်မှု (၁)ကြိမ်မှ မရှိဘဲ ဘောလုံး
ဆွဲပြေးမှု (၄)ကြိမ်ပြုလုပ်ခဲ့တာမှာ (၁)ကြိမ်သာ အောင်မြင်ခဲ့သလို
အပိုင်ဂိုးသွင်းခွင့်(၁)ကြိမ်ကိုလည်း အံ့အားသင့်စရာကောင်းအောင်
လွဲချော်ခဲ့ပါတယ်။ ပြိုင်ဘက်နဲ့တစ်ယောက်ချင်းဆုံတွေ့တဲ့ (၁၀)ကြိမ်မှာ
မက်ဆီက (၃)ကြိမ်သာ ကျော်ဖြတ်နိုင်သလို ဘောလုံးဆုံးရှုံးမှုကလည်း
(၁၄)ကြိမ်အထိရှိခဲ့ပါတယ်။
အဲဒါကြောင့် အွန်လိုင်းပေါ်မှာ PSG ပရိသတ်တွေက မက်ဆီရဲ့
စွမ်းဆောင်ရည်ကို ဝေဖန်နေကြပြီး ‘မက်ဆီရဲ့ စိတ်ပျက်စရာကောင်းတဲ့
ခြေစွမ်းကို နောက်တစ်ကြိမ် ပြန်မြင်ရပြန်ပြီ’၊ ‘ကျေးဇူးပြုပြီး မက်ဆီကို
စာချုပ်သက်တမ်း မတိုးပါနဲ့တော့’၊
‘မက်ဆီဟာ အသက်အရွယ်ရလာပြီဆိုတာ အခု ဆိုးရွားတဲ့ခြေစွမ်းက
သက်သေပါပဲ။ မက်ဆီရဲ့ ခြေစွမ်းအတွက် စီရော်နယ်လ်ဒိုတစ်ယောက်
ဂုဏ်ယူဝမ်းသာနေလောက်ပါပြီ’လို့ ပြစ်တင်ရေးသားခဲ့ပါတယ်။
မက်ဆီရဲ့ မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုတစ်ယောက် ဆော်ဒီမြေမှာ
ခြေစွမ်းမပြနိုင်လို့ ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မက်ဆီကလည်း
အားကျမခံ ခြေစွမ်းပြိုင်ညံ့ခဲ့တာကြောင့် ဒီရက်သတ္တပတ်ကတော့
GOAT နှစ်ဦးအတွက် ကံမကောင်းတဲ့ ကာလလို့ပဲ ပြောရမှာပါ . . .
[Zawgyi]
ဒီေန႔မနက္အေစာပိုင္းက ျပင္သစ္လီဂူးပြဲအျဖစ္ ရမ္းစ္အသင္းနဲ႔ (၁-၁)ဂိုးစီ
သေရက်တဲ့ပြဲမွာ PSG နာမည္ေက်ာ္ကစားသမား မက္ဆီဟာ ေျခစြမ္း
မျပႏိုင္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေဝဖန္မႈနဲ႔ ရင္ဆိုင္ေန
ရပါတယ္။
PSG အသင္းဟာ အမွတ္ေပးဇယားအဆင့္(၁၁)ေနရာက ရမ္းစ္အသင္းကို
အိမ္ကြင္းမွာ လက္ခံကစားရတာျဖစ္ေပမယ့္ အႏိုင္မရခဲ့ဘဲ (၅၁)မိနစ္မွာ
ေနမာက အဖြင့္ဂိုးသြင္းယူခဲ့ၿပီး အာဆင္နယ္ကေန အငွားနဲ႔လာေရာက္
ကစားေနတဲ့ လူငယ္တိုက္စစ္ကစားသမား ဘာလိုဂန္က ပြဲၿပီးခါနီးမွာ
ရမ္းစ္အသင္းအတြက္ အဖိုးတန္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
မက္ဆီဟာ ပြဲခ်ိန္အတြင္း ဂိုးေပါက္တည့္မႈ (၁)ႀကိမ္မွ မရွိဘဲ ေဘာလုံး
ဆြဲေျပးမႈ (၄)ႀကိမ္ျပဳလုပ္ခဲ့တာမွာ (၁)ႀကိမ္သာ ေအာင္ျမင္ခဲ့သလို
အပိုင္ဂိုးသြင္းခြင့္(၁)ႀကိမ္ကိုလည္း အံ့အားသင့္စရာေကာင္းေအာင္
လြဲေခ်ာ္ခဲ့ပါတယ္။ ၿပိဳင္ဘက္နဲ႔တစ္ေယာက္ခ်င္းဆုံေတြ႕တဲ့ (၁၀)ႀကိမ္မွာ
မက္ဆီက (၃)ႀကိမ္သာ ေက်ာ္ျဖတ္ႏိုင္သလို ေဘာလုံးဆုံးရႈံးမႈကလည္း
(၁၄)ႀကိမ္အထိရွိခဲ့ပါတယ္။
အဲဒါေၾကာင့္ အြန္လိုင္းေပၚမွာ PSG ပရိသတ္ေတြက မက္ဆီရဲ႕
စြမ္းေဆာင္ရည္ကို ေဝဖန္ေနၾကၿပီး ‘မက္ဆီရဲ႕ စိတ္ပ်က္စရာေကာင္းတဲ့
ေျခစြမ္းကို ေနာက္တစ္ႀကိမ္ ျပန္ျမင္ရျပန္ၿပီ’၊ ‘ေက်းဇူးျပဳၿပီး မက္ဆီကို
စာခ်ဳပ္သက္တမ္း မတိုးပါနဲ႔ေတာ့’၊
‘မက္ဆီဟာ အသက္အ႐ြယ္ရလာၿပီဆိုတာ အခု ဆိုး႐ြားတဲ့ေျခစြမ္းက
သက္ေသပါပဲ။ မက္ဆီရဲ႕ ေျခစြမ္းအတြက္ စီေရာ္နယ္လ္ဒိုတစ္ေယာက္
ဂုဏ္ယူဝမ္းသာေနေလာက္ပါၿပီ’လို႔ ျပစ္တင္ေရးသားခဲ့ပါတယ္။
မက္ဆီရဲ႕ မဟာၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုတစ္ေယာက္ ေဆာ္ဒီေျမမွာ
ေျခစြမ္းမျပႏိုင္လို႔ ျပစ္တင္ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ မက္ဆီကလည္း
အားက်မခံ ေျခစြမ္းၿပိဳင္ညံ့ခဲ့တာေၾကာင့္ ဒီရက္သတၱပတ္ကေတာ့
GOAT ႏွစ္ဦးအတြက္ ကံမေကာင္းတဲ့ ကာလလို႔ပဲ ေျပာရမွာပါ . . .