စီရော်နယ်လ်ဒိုနဲ့အတူ ဝါရင့်နောက်ခံလူ ရာမို့စ်ကို တစ်ပါတည်းခေါ်ယူမယ့် အယ်လ်နာဆာ

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ လာမယ့်တစ်ပတ်ကျရင်

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကို တရားဝင်ခေါ်ယူနိုင်ဖို့
စောင့်ဆိုင်းနေသလို PSG အသင်းရဲ့ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ကိုလည်း
တစ်ပါတည်းခေါ်နိုင်အောင် ကြိုးပမ်းနေပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့
လမ်းခွဲခဲ့ပြီးတဲ့နောက် အသင်းလက်မဲ့ဖြစ်နေပြီး မကြာခင် အယ်လ်နာဆာအသင်းကို
ကမ္ဘာ့စံချိန်တင်လစာငွေနဲ့ ရောက်ရှိဖို့ နီးစပ်နေပါပြီ။

အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုအပြင် ဥရောပရဲ့ နာမည်ကျော်
ကစားသမားတွေကို ပစ်မှတ်ထားနေပြီး ချယ်လ်ဆီးကွင်းလယ်လူ ကွန်တေနဲ့ အခု
စီရော်နယ်လ်ဒိုရဲ့ ရီးယဲလ်အသင်းဖော်ဟောင်း ရာမို့စ်ကို ခေါ်ယူချင်နေတယ်လို့

စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

PSG နဲ့ ရာမို့စ်ရဲ့ လက်ရှိစာချုပ်က လာမယ့်နှစ်၊ နွေရာသီကျရင် သက်တမ်းကုန်ဆုံးမှာ

ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဥရောပကလပ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။
အယ်လ်နာဆာအသင်းအနေနဲ့ ရာမို့စ်ကို ကြိုးပမ်းသွားဖို့ရှိပေမယ့် သူတို့ရဲ့ အဓိက
ဦးစားပေးအဖြစ် စီရော်နယ်လ်ဒိုကို အရင်ဆုံး ခေါ်ယူဖို့ဖြစ်ပြီး လာမယ့်ဇန်နဝါရီ
(၁)ရက်ကျရင် အပြောင်းအရွှေ့တရားဝင်ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

[Zawgyi]

ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းဟာ လာမယ့္တစ္ပတ္က်ရင္
ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကို တရားဝင္ေခၚယူႏိုင္ဖို႔
ေစာင့္ဆိုင္းေနသလို PSG အသင္းရဲ႕ စပိန္ဝါရင့္ေနာက္ခံလူ ရာမို႔စ္ကိုလည္း

တစ္ပါတည္းေခၚႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔

လမ္းခြဲခဲ့ၿပီးတဲ့ေနာက္ အသင္းလက္မဲ့ျဖစ္ေနၿပီး မၾကာခင္ အယ္လ္နာဆာအသင္းကို
ကမာၻ႔စံခ်ိန္တင္လစာေငြနဲ႔ ေရာက္ရွိဖို႔ နီးစပ္ေနပါၿပီ။

အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုအျပင္ ဥေရာပရဲ႕ နာမည္ေက်ာ္
ကစားသမားေတြကို ပစ္မွတ္ထားေနၿပီး ခ်ယ္လ္ဆီးကြင္းလယ္လူ ကြန္ေတနဲ႔ အခု
စီေရာ္နယ္လ္ဒိုရဲ႕ ရီးယဲလ္အသင္းေဖာ္ေဟာင္း ရာမို႔စ္ကို ေခၚယူခ်င္ေနတယ္လို႔
စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။

PSG နဲ႔ ရာမို႔စ္ရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ သက္တမ္းကုန္ဆုံးမွာ
ျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ ဥေရာပကလပ္အသင္းတခ်ိဳ႕က စိတ္ဝင္စားေနၾကပါတယ္။
အယ္လ္နာဆာအသင္းအေနနဲ႔ ရာမို႔စ္ကို ႀကိဳးပမ္းသြားဖို႔ရွိေပမယ့္ သူတို႔ရဲ႕ အဓိက

ဦးစားေပးအျဖစ္ စီေရာ္နယ္လ္ဒိုကို အရင္ဆုံး ေခၚယူဖို႔ျဖစ္ၿပီး လာမယ့္ဇန္နဝါရီ
(၁)ရက္က်ရင္ အေျပာင္းအေ႐ႊ႕တရားဝင္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။