စီရော်နယ်လ်ဒိုနဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်လိုက်တဲ့ ယူနိုက်တက်ဂန္ထဝင်ကြီး ကန်တိုနာ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ကန်တိုနာက စီရော်နယ်လ်ဒို

အနေနဲ့ သူ့ခြေစွမ်းဟာ အသက်(၂၅)နှစ်အရွယ်ကလို မဟုတ်တော့ဘဲ
ဘောလုံးသမားဘဝအဆုံးသတ်ရမယ့်အချိန် နီးကပ်လာပြီဆိုတာကို
သဘောပေါက်လက်ခံထားဖို့ လိုအပ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

လာမယ့်ဖေဖော်ဝါရီလမှာ အသက်(၃၈)နှစ်ပြည့်မယ့် စီရော်နယ်လ်ဒိုဟာ
ဒီရာသီ ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ပြီး
ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးပြဿနာကြောင့် နှစ်ဦးသဘောတူ
စာချုပ်ဖျက်သိမ်းပြီးတော့ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို

ပြောင်းရွှေ့ခဲ့ပါတယ်။

ကန်တိုနာက “စီရော်နယ်လ်ဒိုဟာ သူ့အသက်(၂၅)နှစ်မဟုတ်တော့ဘူးဆိုတဲ့

အမှန်တရားကို အရင်ကလည်း လက်မခံခဲ့သလို အခုအချိန်အထိလည်း
လက်မခံသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူ့အသက်က တဖြည်းဖြည်း
ပိုကြီးလာတာဖြစ်ပြီး ဒီလိုအနေအထားမှာ ပွဲတိုင်းကစားခွင့် မရတဲ့အတွက်
မကျေမနပ်ဖြစ်တာမျိုး မရှိသင့်ပါဘူး။

စီရော်နယ်လ်ဒိုအနေနဲ့ ‘အော် ..င့ါအသက်က ၂၅ နှစ် မဟုတ်တော့လို့
ပွဲတိုင်းကစားခွင့်ရဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ လူငယ်လေးတွေ ခြေစွမ်း
တိုးတက်လာအောင် ငါ ကူညီပေးမယ် . .ကိုယ့်ရဲ့ လက်ရှိအခြေအနေကို

ကျေကျေနပ်နပ် လက်ခံလိုက်မယ်’ဆိုပြီး တွေးခဲ့သင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္တိုက္စစ္မႉး ကန္တိုနာက စီေရာ္နယ္လ္ဒို

အေနနဲ႔ သူ႔ေျခစြမ္းဟာ အသက္(၂၅)ႏွစ္အ႐ြယ္ကလို မဟုတ္ေတာ့ဘဲ
ေဘာလုံးသမားဘဝအဆုံးသတ္ရမယ့္အခ်ိန္ နီးကပ္လာၿပီဆိုတာကို
သေဘာေပါက္လက္ခံထားဖို႔ လိုအပ္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။

လာမယ့္ေဖေဖာ္ဝါရီလမွာ အသက္(၃၈)ႏွစ္ျပည့္မယ့္ စီေရာ္နယ္လ္ဒိုဟာ
ဒီရာသီ ယူႏိုက္တက္အသင္းမွာ အဆင္မေျပမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ၿပီး
ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးျပႆနာေၾကာင့္ ႏွစ္ဦးသေဘာတူ
စာခ်ဳပ္ဖ်က္သိမ္းၿပီးေတာ့ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းကို

ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ကန္တိုနာက “စီေရာ္နယ္လ္ဒိုဟာ သူ႔အသက္(၂၅)ႏွစ္မဟုတ္ေတာ့ဘူးဆိုတဲ့

အမွန္တရားကို အရင္ကလည္း လက္မခံခဲ့သလို အခုအခ်ိန္အထိလည္း
လက္မခံေသးဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ သူ႔အသက္က တျဖည္းျဖည္း
ပိုႀကီးလာတာျဖစ္ၿပီး ဒီလိုအေနအထားမွာ ပြဲတိုင္းကစားခြင့္ မရတဲ့အတြက္
မေက်မနပ္ျဖစ္တာမ်ိဳး မရွိသင့္ပါဘူး။

စီေရာ္နယ္လ္ဒိုအေနနဲ႔ ‘ေအာ္ ..င့ါအသက္က ၂၅ ႏွစ္ မဟုတ္ေတာ့လို႔
ပြဲတိုင္းကစားခြင့္ရဖို႔ မျဖစ္ႏိုင္ေတာ့ဘူး။ ဒါေပမဲ့ လူငယ္ေလးေတြ ေျခစြမ္း
တိုးတက္လာေအာင္ ငါ ကူညီေပးမယ္ . .ကိုယ့္ရဲ႕ လက္ရွိအေျခအေနကို

ေက်ေက်နပ္နပ္ လက္ခံလိုက္မယ္’ဆိုၿပီး ေတြးခဲ့သင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။