စီရော်နယ်လ်ဒိုဆီ တစ်ချိန်လုံး ဘောလုံးပေးဖို့ မစဉ်းစားနဲ့လို့ ကစားသမားတွေကို နည်းပြ သတိပေး

အယ်လ်နာဆာအသင်းနည်းပြရူဒီဂါစီယာက နာမည်ကျော်ကစားသမား

စီရော်နယ်လ်ဒို ခြေစွမ်းပြကစားနိုင်ဖို့အတွက် အသင်းရဲ့ကစားဟန်ကို
ပြောင်းလဲမှာ မဟုတ်ဘဲ၊ ကစားသမားတွေအနေနဲ့ စီရော်နယ်လ်ဒိုကိုပဲ
တစ်ချိန်လုံး ဘောလုံးပေးဖို့ မစဉ်းစားကြနဲ့လို့ သူ့ကစားသမားတွေကို
သတိပေးခဲ့ပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က
Al-Ettifaq အသင်းနဲ့ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ အသင်းသစ်
အယ်လ်နာဆာအတွက် ပွဲဦးထွက်ကစားခဲ့ပြီး အယ်လ်နာဆာအသင်းက

(၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ ထင်သလောက်
ခြေစွမ်းမပြနိုင်ဘဲ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှတောင်
မရှိခဲ့ပါဘူး။

Al-Ettifaq နဲ့ပွဲအပြီးမှာ အယ်လ်နာဆာနည်းပြရူဒီဂါစီယာက အသင်းရဲ့
ကစားသမားတွေဟာ စီရော်နယ်လ်ဒို ခြေစွမ်းပြနိုင်အောင် မရမက
ဖန်တီးပေးခဲ့ပြီး အသင်းဟန်ချက်ညီအောင်ကစားဖို့ ပိုအရေးကြီးတယ်လို့
ပြောကြားခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရူဒီဂါစီယာက “ကစားသမားတွေအနေနဲ့
ပုံမှန်အတိုင်းကစားဖို့ လိုအပ်ပြီး ဘောလုံးရတာနဲ့ စီရော်နယ်လ်ဒိုဆီ ပေးဖို့ပဲ

မကြိုးစားသင့်ပါဘူး။ ကွင်းထဲမှာ ဆုံးဖြတ်ချက်မှန်ကန်ဖို့ လိုအပ်တယ်လို့
သူတို့ကို ကျွန်တော် အသိပေးခဲ့ပြီးသားပါ။

စီရော်နယ်လ်ဒိုဖြစ်ဖြစ် တယ်လစ္စကာပဲဖြစ်ဖြစ် လွတ်လွတ်ကျွတ်ကျွတ်
ဖြစ်နေချိန်မှာ ဘောလုံးတောင်းရင် သူတို့ဆီ ဘောလုံးပေးဖို့ လိုပါတယ်။ သူတို့
နှစ်ယောက်စလုံးက ပွဲအဖြေကို အပြောင်းအလဲဖြစ်အောင် လုပ်နိုင်စွမ်း
ရှိကြသူတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အယ္လ္နာဆာအသင္းနည္းျပ႐ူဒီဂါစီယာက နာမည္ေက်ာ္ကစားသမား
စီေရာ္နယ္လ္ဒို ေျခစြမ္းျပကစားႏိုင္ဖို႔အတြက္ အသင္းရဲ႕ကစားဟန္ကို
ေျပာင္းလဲမွာ မဟုတ္ဘဲ၊ ကစားသမားေတြအေနနဲ႔ စီေရာ္နယ္လ္ဒိုကိုပဲ

တစ္ခ်ိန္လုံး ေဘာလုံးေပးဖို႔ မစဥ္းစားၾကနဲ႔လို႔ သူ႔ကစားသမားေတြကို
သတိေပးခဲ့ပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔က
Al-Ettifaq အသင္းနဲ႔ကစားခဲ့တဲ့ ေဆာ္ဒီပ႐ိုလိဂ္ၿပိဳင္ပြဲမွာ အသင္းသစ္
အယ္လ္နာဆာအတြက္ ပြဲဦးထြက္ကစားခဲ့ၿပီး အယ္လ္နာဆာအသင္းက
(၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုကေတာ့ ထင္သေလာက္
ေျခစြမ္းမျပႏိုင္ဘဲ တစ္ပြဲလုံးမွာ ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွေတာင္

မရွိခဲ့ပါဘူး။

Al-Ettifaq နဲ႔ပြဲအၿပီးမွာ အယ္လ္နာဆာနည္းျပ႐ူဒီဂါစီယာက အသင္းရဲ႕

ကစားသမားေတြဟာ စီေရာ္နယ္လ္ဒို ေျခစြမ္းျပႏိုင္ေအာင္ မရမက
ဖန္တီးေပးခဲ့ၿပီး အသင္းဟန္ခ်က္ညီေအာင္ကစားဖို႔ ပိုအေရးႀကီးတယ္လို႔
ေျပာၾကားခဲ့ပါတယ္။

ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ႐ူဒီဂါစီယာက “ကစားသမားေတြအေနနဲ႔
ပုံမွန္အတိုင္းကစားဖို႔ လိုအပ္ၿပီး ေဘာလုံးရတာနဲ႔ စီေရာ္နယ္လ္ဒိုဆီ ေပးဖို႔ပဲ
မႀကိဳးစားသင့္ပါဘူး။ ကြင္းထဲမွာ ဆုံးျဖတ္ခ်က္မွန္ကန္ဖို႔ လိုအပ္တယ္လို႔
သူတို႔ကို ကြၽန္ေတာ္ အသိေပးခဲ့ၿပီးသားပါ။

စီေရာ္နယ္လ္ဒိုျဖစ္ျဖစ္ တယ္လစၥကာပဲျဖစ္ျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္
ျဖစ္ေနခ်ိန္မွာ ေဘာလုံးေတာင္းရင္ သူတို႔ဆီ ေဘာလုံးေပးဖို႔ လိုပါတယ္။ သူတို႔

ႏွစ္ေယာက္စလုံးက ပြဲအေျဖကို အေျပာင္းအလဲျဖစ္ေအာင္ လုပ္ႏိုင္စြမ္း
ရွိၾကသူေတြပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။