စီရော်နယ်လ်ဒိုက မက်ဆီထက် ပိုကောင်းတဲ့ GOAT တစ်ဦးဖြစ်တယ်လို့ ဘာပေ အခိုင်အမာ ယုံကြည်

PSG အသင်းရဲ့ ပြင်သစ်နာမည်ကျော်ကစားသမား ဘာပေဟာ သူ့ကလပ်အသင်းဖော်

မက်ဆီထက် စီရော်နယ်လ်ဒိုက ပိုကောင်းပြီး အငြင်းပွားစရာမရှိ GOAT ဘွဲ့ပိုင်ရှင်
ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

ပြင်သစ်နဲ့အာဂျင်တီးနားအသင်းတို့ဟာ မနက်ဖြန်(တနင်္ဂနွေ)ကျရင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ
အဖြစ် ဆုံတွေ့ကြမှာဖြစ်ပြီး PSG အသင်းဖော်နှစ်ဦးဖြစ်တဲ့ ဘာပေနဲ့ မက်ဆီတို့ဟာ
ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဘာပေနဲ့ မက်ဆီတို့ဟာ ကလပ်တစ်သင်းတည်းမှာ အတူကစားနေပေမယ့် စီရော်နယ်လ်ဒိုဟာ
ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဆိုတာ ဘာပေက လုံးဝ
ယုံကြည်ထားတယ်လို့ လိုက်ပ်ဇစ်မှာ အငှားနဲ့ကစားနေတဲ့ PSG ကစားသမားဟောင်း
ဒီယာလိုက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဒီယာလိုက “ဘာပေအတွက်တော့ စီရော်နယ်လ်ဒိုဟာ လုံးဝပြီးပြည့်စုံတဲ့ကစားသမားအဖြစ်
သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ တစ်ယောက်ယောက်ကများ မက်ဆီက

စီရော်နယ်လ်ဒိုထက် ပိုကောင်းတယ်လို့ ဘာပေရှေ့မှာ သွားပြောမိရင် ဘာပေက
အနည်းဆုံး (၁)နာရီလောက်ကြာအောင် ငြင်းခုံမယ်ဆိုတာ အသေအချာပါပဲ။
သူက စီရော်နယ်လ်ဒိုကို ထိရင် လုံး၀ သည်းမခံပါဘူး”လို့ပြောကြားခဲ့ပါတယ်။

[Zawgyi]

PSG အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္ကစားသမား ဘာေပဟာ သူ႔ကလပ္အသင္းေဖာ္
မက္ဆီထက္ စီေရာ္နယ္လ္ဒိုက ပိုေကာင္းၿပီး အျငင္းပြားစရာမရွိ GOAT ဘြဲ႕ပိုင္ရွင္
ျဖစ္တယ္လို႔ အခိုင္အမာ ယုံၾကည္ထားပါတယ္။

ျပင္သစ္နဲ႔အာဂ်င္တီးနားအသင္းတို႔ဟာ မနက္ျဖန္(တနဂၤေႏြ)က်ရင္ ကမာၻ႔ဖလားဗိုလ္လုပြဲ
အျဖစ္ ဆုံေတြ႕ၾကမွာျဖစ္ၿပီး PSG အသင္းေဖာ္ႏွစ္ဦးျဖစ္တဲ့ ဘာေပနဲ႔ မက္ဆီတို႔ဟာ
ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဘာေပနဲ႔ မက္ဆီတို႔ဟာ ကလပ္တစ္သင္းတည္းမွာ အတူကစားေနေပမယ့္ စီေရာ္နယ္လ္ဒိုဟာ
ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားဆိုတာ ဘာေပက လုံးဝ

ယုံၾကည္ထားတယ္လို႔ လိုက္ပ္ဇစ္မွာ အငွားနဲ႔ကစားေနတဲ့ PSG ကစားသမားေဟာင္း
ဒီယာလိုက ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ဒီယာလိုက “ဘာေပအတြက္ေတာ့ စီေရာ္နယ္လ္ဒိုဟာ လုံးဝၿပီးျပည့္စုံတဲ့ကစားသမားအျဖစ္
သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ကမ်ား မက္ဆီက
စီေရာ္နယ္လ္ဒိုထက္ ပိုေကာင္းတယ္လို႔ ဘာေပေရွ႕မွာ သြားေျပာမိရင္ ဘာေပက
အနည္းဆုံး (၁)နာရီေလာက္ၾကာေအာင္ ျငင္းခုံမယ္ဆိုတာ အေသအခ်ာပါပဲ။
သူက စီေရာ္နယ္လ္ဒိုကို ထိရင္ လုံး၀ သည္းမခံပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။