စီရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တာနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အဲရစ်တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စီရော်နယ်လ်ဒိုကို စာချုပ်

ဖျက်သိမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် သူ့အမြင်ကို
ထုတ်ပြောလိုက်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ
ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစု၊ အဲရစ်တန်ဟက်၊ အသင်းဖော်ဟောင်းတွေ
ဖြစ်တဲ့ ရွန်နီ၊ ဂယ်ရီနဗီးလ်တို့ကို ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီအတွက် ယူနိုက်တက်အသင်းက
စီရော်နယ်လ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

MUTV နဲ့ အင်တာဗျူးမှာ အစီအစဉ်တင်ဆက်သူ ဒန်နီဝက်ဘာက လာမယ့်ဇန်နဝါရီ
အပြောင်းအရွှေ့အတွင်း ဆောင်ရွက်သွားမယ့်အစီအစဉ်၊ စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့တဲ့
ကိစ္စအပေါ် မေးခွန်းထုတ်ခဲ့ချိန်မှာ အဲရစ်တန်ဟက်က “စီရော်နယ်လ်ဒိုဟာ အသင်းမှာ

မရှိတော့ပါဘူး။ သူနဲ့ပတ်သက်တဲ့ကိစ္စတွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုအချိန်မှာ
ကျွန်တော်တို့အနေနဲ့ အနာဂတ်အတွက် ဘယ်လိုရှေ့ဆက်သွားရမလဲဆိုတာကို
စီစဉ်ဆောင်ရွက်သွားရမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ စီရော်နယ်လ်ဒိုနဲ့ လမ်းခွဲခဲ့ပြီးဖြစ်တာကြောင့် လာမယ့်
ဇန်နဝါရီလအတွင်း တိုက်စစ်အတွက် ကစားသမားသစ်ခေါ်ယူဖို့ ရှိနေပါတယ်။ အဲဒီကိစ္စနဲ့
ပတ်သက်ပြီး အဲရစ်တန်ဟက်က “ကစားသမားသစ်ခေါ်မယ်ဆိုရင် ကိုယ့်အသင်းနဲ့ကိုက်ညီမယ့်
ကစားသမားမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ပွဲတွေ အနိုင်ရဖို့အတွက်သာမက ဆုဖလားတွေ

ဆွတ်ခူးနိုင်ဖို့ ဆန္ဒပြင်းပြတဲ့ကစားသမားကိုပဲ ကျွန်တော် ခေါ်ယူသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာ စီေရာ္နယ္လ္ဒိုကို စာခ်ဳပ္

ဖ်က္သိမ္းခဲ့တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ပထမဆုံးအႀကိမ္ သူ႔အျမင္ကို
ထုတ္ေျပာလိုက္ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလအတြင္း ပီယာ့စ္ေမာ္ဂန္နဲ႔ အင္တာဗ်ဴးမွာ
ယူႏိုက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစု၊ အဲရစ္တန္ဟက္၊ အသင္းေဖာ္ေဟာင္းေတြ
ျဖစ္တဲ့ ႐ြန္နီ၊ ဂယ္ရီနဗီးလ္တို႔ကို ေဝဖန္ေျပာဆိုခဲ့ၿပီး အဲဒီအတြက္ ယူႏိုက္တက္အသင္းက
စီေရာ္နယ္လ္ဒိုနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။

MUTV နဲ႔ အင္တာဗ်ဴးမွာ အစီအစဥ္တင္ဆက္သူ ဒန္နီဝက္ဘာက လာမယ့္ဇန္နဝါရီ
အေျပာင္းအေ႐ႊ႕အတြင္း ေဆာင္႐ြက္သြားမယ့္အစီအစဥ္၊ စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့တဲ့
ကိစၥအေပၚ ေမးခြန္းထုတ္ခဲ့ခ်ိန္မွာ အဲရစ္တန္ဟက္က “စီေရာ္နယ္လ္ဒိုဟာ အသင္းမွာ

မရွိေတာ့ပါဘူး။ သူနဲ႔ပတ္သက္တဲ့ကိစၥေတြဟာ အတိတ္မွာ က်န္ခဲ့ပါၿပီ။ အခုအခ်ိန္မွာ
ကြၽန္ေတာ္တို႔အေနနဲ႔ အနာဂတ္အတြက္ ဘယ္လိုေရွ႕ဆက္သြားရမလဲဆိုတာကို
စီစဥ္ေဆာင္႐ြက္သြားရမွာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔ လမ္းခြဲခဲ့ၿပီးျဖစ္တာေၾကာင့္ လာမယ့္
ဇန္နဝါရီလအတြင္း တိုက္စစ္အတြက္ ကစားသမားသစ္ေခၚယူဖို႔ ရွိေနပါတယ္။ အဲဒီကိစၥနဲ႔
ပတ္သက္ၿပီး အဲရစ္တန္ဟက္က “ကစားသမားသစ္ေခၚမယ္ဆိုရင္ ကိုယ့္အသင္းနဲ႔ကိုက္ညီမယ့္
ကစားသမားမ်ိဳးျဖစ္ဖို႔ လိုအပ္ပါတယ္။ ပြဲေတြ အႏိုင္ရဖို႔အတြက္သာမက ဆုဖလားေတြ

ဆြတ္ခူးႏိုင္ဖို႔ ဆႏၵျပင္းျပတဲ့ကစားသမားကိုပဲ ကြၽန္ေတာ္ ေခၚယူသြားမွာပါ”လို႔
ေျပာၾကားခဲ့ပါတယ္။