စီရော်နယ်လ်ဒိုကို ချယ်လ်ဆီးအသင်း ခေါ်ယူဖို့ နာမည်ကျော်နောက်ခံလူဟောင်း ဂါးလက်စ် တိုက်တွန်း

ချယ်လ်ဆီးနဲ့အာဆင်နယ် နာမည်ကျော်နောက်ခံလူဟောင်း ဂါးလက်စ်က ချယ်လ်ဆီး

အသင်းအနေနဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂါးလက်စ်ဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်

(၂)ကြိမ်၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း(၁)ကြိမ်စီ ရယူခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမား
ဘဝတစ်လျှောက်မှာ စီရော်နယ်လ်ဒိုနဲ့ ပြိုင်ဘက်အဖြစ် မကြာခဏ ရင်ဆိုင်ခဲ့ဖူးသူ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်
ဖျက်သိမ်းခဲ့တဲ့အတွက် အသင်းလက်မဲ့ဖြစ်နေတဲ့ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဒီရာသီ
အစပိုင်းက ချယ်လ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေက စိတ်ဝင်စားခဲ့ဖူးပေမယ့်
အခုအချိန်မှာတော့ ဘာမှလှုပ်ရှားမှု မရှိသေးပါဘူး။

ဂါးလက်စ်က “ချယ်လ်ဆီးအသင်းဟာ လာမယ့်ဇန်နဝါရီကျရင် တိုက်စစ်မှူးတစ်ဦး
မဖြစ်မနေ ခေါ်ယူရမှာပါ။ ဒါတင်မကသေးဘဲ သူတို့ခေါ်မယ့်ကစားသမားက အသင်းရဲ့

နည်းဗျူဟာတွေနဲ့ အံဝင်ဖို့ လိုအပ်ပါတယ်။

ချယ်လ်ဆီးအသင်း လက်ရှိတိုက်စစ်ကစားသမားတွေဟာ ဂိုးတွေအများကြီး မသွင်းနိုင်ဘဲ

အဲဒီပြဿနာကို စီရော်နယ်လ်ဒိုက ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ချယ်လ်ဆီးအသင်းမှာလည်း
စီရော်နယ်လ်ဒို အံဝင်နိုင်ဖို့ရှိတဲ့အတွက် သူ့ကို ရာသီကုန်အထိ ခေါ်ယူစာချုပ်သင့်ပါတယ်”လို့
သုံးသပ်ပြောဆိုခဲ့ပါတယ်။

[Zawgyi]

ခ်ယ္လ္ဆီးနဲ႔အာဆင္နယ္ နာမည္ေက်ာ္ေနာက္ခံလူေဟာင္း ဂါးလက္စ္က ခ်ယ္လ္ဆီး
အသင္းအေနနဲ႔ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ႀကိဳးစားသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

အသက္(၄၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ဂါးလက္စ္ဟာ ခ်ယ္လ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္
(၂)ႀကိမ္၊ လိဂ္ဖလား၊ ကြန္ျမဴနတီဒိုင္း(၁)ႀကိမ္စီ ရယူခဲ့ၿပီး ပရီးမီးယားလိဂ္ကစားသမား
ဘဝတစ္ေလွ်ာက္မွာ စီေရာ္နယ္လ္ဒိုနဲ႔ ၿပိဳင္ဘက္အျဖစ္ မၾကာခဏ ရင္ဆိုင္ခဲ့ဖူးသူ
ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္
ဖ်က္သိမ္းခဲ့တဲ့အတြက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ စီေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ဒီရာသီ

အစပိုင္းက ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလက စိတ္ဝင္စားခဲ့ဖူးေပမယ့္
အခုအခ်ိန္မွာေတာ့ ဘာမွလႈပ္ရွားမႈ မရွိေသးပါဘူး။

ဂါးလက္စ္က “ခ်ယ္လ္ဆီးအသင္းဟာ လာမယ့္ဇန္နဝါရီက်ရင္ တိုက္စစ္မႉးတစ္ဦး
မျဖစ္မေန ေခၚယူရမွာပါ။ ဒါတင္မကေသးဘဲ သူတို႔ေခၚမယ့္ကစားသမားက အသင္းရဲ႕
နည္းဗ်ဴဟာေတြနဲ႔ အံဝင္ဖို႔ လိုအပ္ပါတယ္။

ခ်ယ္လ္ဆီးအသင္း လက္ရွိတိုက္စစ္ကစားသမားေတြဟာ ဂိုးေတြအမ်ားႀကီး မသြင္းႏိုင္ဘဲ
အဲဒီျပႆနာကို စီေရာ္နယ္လ္ဒိုက ေျဖရွင္းေပးႏိုင္ပါလိမ့္မယ္။ ခ်ယ္လ္ဆီးအသင္းမွာလည္း
စီေရာ္နယ္လ္ဒို အံဝင္ႏိုင္ဖို႔ရွိတဲ့အတြက္ သူ႔ကို ရာသီကုန္အထိ ေခၚယူစာခ်ဳပ္သင့္ပါတယ္”လို႔
သုံးသပ္ေျပာဆိုခဲ့ပါတယ္။