စီရော်နယ်လ်ဒိုကို ခေါ်ယူပြီးတဲ့နောက် အယ်လ်နာဆာရဲ့ Instagram မှာ Followers အရေအတွက် (၄)ဆလောက် မြင့်တက်လာ

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ပေါ်တူဂီ နာမည်ကျော်

ကစားသမား စီရော်နယ်လ်ဒိုကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် သူတို့ရဲ့
Instagram မှာ Followers အရေအတွက်က နာရီပိုင်းအတွင်း
မယုံနိုင်လောက်အောင်ပဲ (၄)ဆလောက် မြင့်တက်လာပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက
မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး အခု
အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာနဲ့ စီရော်နယ်လ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ ပြီးခဲ့တဲ့
ရက်ပိုင်းကတည်းက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့တာဖြစ်ပြီး
အခုအချိန်မှာတော့ အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုကို ၂၀၂၄ ခုနှစ်

အထိ (၂)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါပြီ။

စီရော်နယ်လ်ဒိုအနေနဲ့ ဥရောပဘောလုံးရပ်ဝန်းကို စွန့်ခွာပြီး အာရှမြေကို

ပြောင်းရွှေ့ခဲ့ပေမယ့် သူ့ရဲ့ အရှိန်အဝါက မကျသွားဘဲ စီရော်နယ်လ်ဒိုကို
ခေါ်ယူပြီးလို့ နာရီပိုင်းအကြာမှာပဲ အယ်လ်နာဆာအသင်းရဲ့ Instagram မှာ
Followers အရေအတွက် အဆမတန် မြင့်တက်လာတာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့သတင်း မထုတ်ပြန်ခင်အထိ အယ်လ်နာဆာ
အသင်းရဲ့ Instagram မှာ Followers အရေအတွက် (၈၆၀,၀၀၀)သာရှိပေမယ့်
စီရော်နယ်လ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးတဲ့နောက် တစ်ရက်တည်းမှာပဲ (၃.၆)သန်းအထိ
(၄)ဆလောက် များလာခဲ့ပါတယ်။

[Zawgyi]

ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းဟာ ေပၚတူဂီ နာမည္ေက်ာ္
ကစားသမား စီေရာ္နယ္လ္ဒိုကို တရားဝင္ေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ သူတို႔ရဲ႕

Instagram မွာ Followers အေရအတြက္က နာရီပိုင္းအတြင္း
မယုံႏိုင္ေလာက္ေအာင္ပဲ (၄)ဆေလာက္ ျမင့္တက္လာပါတယ္။

အသက္(၃၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏိုဝင္ဘာလက
မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး အခု
အယ္လ္နာဆာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာနဲ႔ စီေရာ္နယ္လ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြဟာ ၿပီးခဲ့တဲ့
ရက္ပိုင္းကတည္းက က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚခဲ့တာျဖစ္ၿပီး
အခုအခ်ိန္မွာေတာ့ အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုကို ၂၀၂၄ ခုႏွစ္
အထိ (၂)ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏိုင္ခဲ့ပါၿပီ။

စီေရာ္နယ္လ္ဒိုအေနနဲ႔ ဥေရာပေဘာလုံးရပ္ဝန္းကို စြန႔္ခြာၿပီး အာရွေျမကို
ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ သူ႔ရဲ႕ အရွိန္အဝါက မက်သြားဘဲ စီေရာ္နယ္လ္ဒိုကို

ေခၚယူၿပီးလို႔ နာရီပိုင္းအၾကာမွာပဲ အယ္လ္နာဆာအသင္းရဲ႕ Instagram မွာ
Followers အေရအတြက္ အဆမတန္ ျမင့္တက္လာတာျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕သတင္း မထုတ္ျပန္ခင္အထိ အယ္လ္နာဆာ
အသင္းရဲ႕ Instagram မွာ Followers အေရအတြက္ (၈၆၀,၀၀၀)သာရွိေပမယ့္
စီေရာ္နယ္လ္ဒိုကို ေခၚယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ တစ္ရက္တည္းမွာပဲ (၃.၆)သန္းအထိ
(၄)ဆေလာက္ မ်ားလာခဲ့ပါတယ္။