စီရော်နယ်လ်ဒိုကို ကြိုက်လွန်းလို့ သူ့နာမည်နဲ့ နံပါတ်(၇)ကို ကျောကုန်းမှာ တက်တူးထိုးခဲ့တဲ့ အမာခံပရိသတ်

စီရော်နယ်လ်ဒို အမာခံပရိသတ်တစ်ဦးဟာ သူ အရူးအမူးအားပေးတဲ့

စီရော်နယ်လ်ဒိုရဲ့နာမည်နဲ့ ကျောနံပါတ်(၇)ကို အမှတ်တရအဖြစ်
ကျောပြင်တစ်လျှောက်မှာ တက်တူးထိုးခဲ့ပါတယ်။

ပေါ်တူဂီ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ
ပရိသတ်အားပေးမှုအများဆုံး အားကစားသမားတစ်ဦးအဖြစ်
ရပ်တည်နေပြီး သူ ပြောင်းရွှေ့တဲ့အသင်းတိုင်းမှာ ပရိသတ်အခိုင်အမာ
ပိုင်ဆိုင်ခဲ့ပါတယ်။

အခုလည်း ပါသီဘန်လို့ အမည်ရတဲ့ အိန္ဒိယက စီရော်နယ်လ်ဒိုရဲ့
အမာခံပရိသတ်တစ်ဦးဟာ သူ့ Idol ကို ဘယ်လောက်အထိ
ကြိုက်နှစ်သက်လဲဆိုတာ သက်သေပြတဲ့အနေနဲ့ ကျောပြင်ပေါ်မှာ

စီရော်နယ်လ်ဒိုနာမည်နဲ့အတူ ကျောနံပါတ်(၇)ကို တက်တူးထိုးခဲ့တာ
ဖြစ်ပါတယ်။

အဲဒီပရိသတ်က သူ့ရဲ့ တက်တူးပုံကို Instagram မှာ Post တင်ခဲ့ပြီး
လူတော်တော်များများက အားပေးထောက်ခံခဲ့ကြပါတယ်။ အဲဒီ
ပရိသတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီ
အသင်း ကွာတားဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက
ထွက်ခဲ့ရတဲ့အတွက် ဝမ်းနည်းတကြီး ငိုကြွေးခဲ့ပါတယ်။

ပါသီဘန်က “ကျွန်တော်ဟာ စီရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်ဖြစ်ပြီး
စီရော်နယ်လ်ဒိုရဲ့ စိတ်ဓာတ်နဲ့ အလုပ်ကြိုးစားမှုအပေါ် အရမ်း

ကြိုက်နှစ်သက်ပါတယ်။ တစ်ချိန်ကျရင် စီရော်နယ်လ်ဒိုနဲ့
လူကိုယ်တိုင်ဆုံတွေ့ခွင့်ရဖို့ မျှော်လင့်ပြီး အဲဒီမတိုင်ခင် ကျွန်တော့်
မိသားစုအတွက် အလုပ်ကြိုးစားပြီး ငွေရှာရပါဦးမယ်”လို့ပြောကြားခဲ့ပါတယ်။

[Zawgyi]

စီေရာ္နယ္လ္ဒို အမာခံပရိသတ္တစ္ဦးဟာ သူ အ႐ူးအမူးအားေပးတဲ့
စီေရာ္နယ္လ္ဒိုရဲ႕နာမည္နဲ႔ ေက်ာနံပါတ္(၇)ကို အမွတ္တရအျဖစ္
ေက်ာျပင္တစ္ေလွ်ာက္မွာ တက္တူးထိုးခဲ့ပါတယ္။

ေပၚတူဂီ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ ကမာၻေပၚမွာ
ပရိသတ္အားေပးမႈအမ်ားဆုံး အားကစားသမားတစ္ဦးအျဖစ္
ရပ္တည္ေနၿပီး သူ ေျပာင္းေ႐ႊ႕တဲ့အသင္းတိုင္းမွာ ပရိသတ္အခိုင္အမာ

ပိုင္ဆိုင္ခဲ့ပါတယ္။

အခုလည္း ပါသီဘန္လို႔ အမည္ရတဲ့ အိႏၵိယက စီေရာ္နယ္လ္ဒိုရဲ႕

အမာခံပရိသတ္တစ္ဦးဟာ သူ႔ Idol ကို ဘယ္ေလာက္အထိ
ႀကိဳက္ႏွစ္သက္လဲဆိုတာ သက္ေသျပတဲ့အေနနဲ႔ ေက်ာျပင္ေပၚမွာ
စီေရာ္နယ္လ္ဒိုနာမည္နဲ႔အတူ ေက်ာနံပါတ္(၇)ကို တက္တူးထိုးခဲ့တာ
ျဖစ္ပါတယ္။

အဲဒီပရိသတ္က သူ႔ရဲ႕ တက္တူးပုံကို Instagram မွာ Post တင္ခဲ့ၿပီး
လူေတာ္ေတာ္မ်ားမ်ားက အားေပးေထာက္ခံခဲ့ၾကပါတယ္။ အဲဒီ
ပရိသတ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီ

အသင္း ကြာတားဖိုင္နယ္ပြဲမွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲက
ထြက္ခဲ့ရတဲ့အတြက္ ဝမ္းနည္းတႀကီး ငိုေႂကြးခဲ့ပါတယ္။

ပါသီဘန္က “ကြၽန္ေတာ္ဟာ စီေရာ္နယ္လ္ဒိုရဲ႕ အမာခံပရိသတ္ျဖစ္ၿပီး
စီေရာ္နယ္လ္ဒိုရဲ႕ စိတ္ဓာတ္နဲ႔ အလုပ္ႀကိဳးစားမႈအေပၚ အရမ္း
ႀကိဳက္ႏွစ္သက္ပါတယ္။ တစ္ခ်ိန္က်ရင္ စီေရာ္နယ္လ္ဒိုနဲ႔
လူကိုယ္တိုင္ဆုံေတြ႕ခြင့္ရဖို႔ ေမွ်ာ္လင့္ၿပီး အဲဒီမတိုင္ခင္ ကြၽန္ေတာ့္
မိသားစုအတြက္ အလုပ္ႀကိဳးစားၿပီး ေငြရွာရပါဦးမယ္”လို႔ေျပာၾကားခဲ့ပါတယ္။