စီရော်နယ်လ်ဒိုကို ကန်ထုတ်ခဲ့တဲ့ အဲရစ်တန်ဟက်ရဲ့ ခေါင်းမာမှုကြောင့် ယူနိုက်တက် ခံစားနေရပြီလို့ ပီယာ့စ်မော်ဂန် လှောင်ပြောင်

နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန် မန်ချက်စတာ

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်လို ခေါင်းမာတဲ့နည်းပြကို
ခန့်အပ်ခဲ့ပြီး စီရော်နယ်လ်ဒိုလို ထိပ်တန်းကစားသမားနဲ့ လမ်းခွဲခဲ့တာ၊
စီရော်နယ်လ်ဒိုရဲ့နေရာမှာ မထင်မရှားတိုက်စစ်မှူး ဝက်ဟော့တ်နဲ့
အစားထိုးခဲ့တာတွေကြောင့် ပြန်ပြီးပေးဆပ်နေရပြီလို့ အွန်လိုင်းပေါ်မှာ
လှောင်ပြောင်ခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ နယ်သာလန်ဝါရင့်တိုက်စစ်မှူး
ဝက်ဟော့တ်ဟာ အခုဇန်နဝါရီအပြောင်းအရွှေ့အတွင်း လိဂ်ချန်ပီယံရှစ်

ကလပ် ဘန်လေကနေ ယူနိုက်တက်ကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး
ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်တို့နဲ့ပွဲတွေမှာ ပါဝင်ကစားခဲ့ပေမယ့်
(၂)ပွဲစလုံး နိုင်ပွဲပျောက်ခဲ့ပါတယ်။

အဲဒါကြောင့် ပီယာ့စ်မော်ဂန်က ဝက်ဟော့တ်လို ပရီးမီးယားလိဂ်မှာ
ရုန်းကန်ခဲ့ရတဲ့ တိုက်စစ်မှူးကို ခေါ်ယူခဲ့တဲ့အပေါ် လှောင်ပြောင်ခဲ့ပြီး
ဝက်ဟော့တ်ရဲ့ နာမည်ကို တစ်ခါမှတောင် မကြားဖူးဘူးလို့ ဝေဖန်
တိုက်ခိုက်ခဲ့ပါတယ်။

အာဆင်နယ်ကို (၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပီယာ့စ်မော်ဂန်က
‘ဂုဏ်ယူပါတယ် . .မန်ချက်စတာယူနိုက်တက် .. စီရော်နယ်လ်ဒိုလို GOAT

တစ်ဦးကို မလေးမစားလုပ်ပြီး အသင်းကနေ ထွက်ခိုင်းခဲ့တဲ့ အဲရစ်တန်ဟက်လို
ခေါင်းမာတဲ့နည်းပြကို ခန့်အပ်ခဲ့တာ၊ စီရော်နယ်လ်ဒိုရဲ့နေရာမှာ တစ်ခါမှတောင်

နာမည်မကြားဖူးဘဲ သြစတြီးယားဝက်အူချောင်းအသံထွက်နဲ့တောင်
ဆင်တူတဲ့ တိုက်စစ်မှူးကို ခေါ်ယူခဲ့တာတွေရဲ့ အကျိုးဆက်က ဒီလိုဖြစ်လာတာပါပဲ’
လို့ ရေးသားပြီးတော့ စီရော်နယ်လ်ဒိုနဲ့ ဝက်ဟော့တ်တို့ရဲ့ ဓာတ်ပုံတွေနဲ့အတူ
Twitter မှာ Post တင်ခဲ့ပါတယ်။

[Zawgyi]

နာမည္ေက်ာ္႐ုပ္သံအစီအစဥ္တင္ဆက္သူ ပီယာ့စ္ေမာ္ဂန္ မန္ခ်က္စတာ
ယူႏိုက္တက္အသင္းဟာ အဲရစ္တန္ဟက္လို ေခါင္းမာတဲ့နည္းျပကို
ခန႔္အပ္ခဲ့ၿပီး စီေရာ္နယ္လ္ဒိုလို ထိပ္တန္းကစားသမားနဲ႔ လမ္းခြဲခဲ့တာ၊

စီေရာ္နယ္လ္ဒိုရဲ႕ေနရာမွာ မထင္မရွားတိုက္စစ္မႉး ဝက္ေဟာ့တ္နဲ႔
အစားထိုးခဲ့တာေတြေၾကာင့္ ျပန္ၿပီးေပးဆပ္ေနရၿပီလို႔ အြန္လိုင္းေပၚမွာ
ေလွာင္ေျပာင္ခဲ့ပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္သူ နယ္သာလန္ဝါရင့္တိုက္စစ္မႉး
ဝက္ေဟာ့တ္ဟာ အခုဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း လိဂ္ခ်န္ပီယံရွစ္
ကလပ္ ဘန္ေလကေန ယူႏိုက္တက္ကို အငွားနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး
ခရစၥတယ္ပဲေလ့စ္၊ အာဆင္နယ္တို႔နဲ႔ပြဲေတြမွာ ပါဝင္ကစားခဲ့ေပမယ့္

(၂)ပြဲစလုံး ႏိုင္ပြဲေပ်ာက္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ပီယာ့စ္ေမာ္ဂန္က ဝက္ေဟာ့တ္လို ပရီးမီးယားလိဂ္မွာ

႐ုန္းကန္ခဲ့ရတဲ့ တိုက္စစ္မႉးကို ေခၚယူခဲ့တဲ့အေပၚ ေလွာင္ေျပာင္ခဲ့ၿပီး
ဝက္ေဟာ့တ္ရဲ႕ နာမည္ကို တစ္ခါမွေတာင္ မၾကားဖူးဘူးလို႔ ေဝဖန္
တိုက္ခိုက္ခဲ့ပါတယ္။

အာဆင္နယ္ကို (၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ပီယာ့စ္ေမာ္ဂန္က
‘ဂုဏ္ယူပါတယ္ . .မန္ခ်က္စတာယူႏိုက္တက္ .. စီေရာ္နယ္လ္ဒိုလို GOAT
တစ္ဦးကို မေလးမစားလုပ္ၿပီး အသင္းကေန ထြက္ခိုင္းခဲ့တဲ့ အဲရစ္တန္ဟက္လို
ေခါင္းမာတဲ့နည္းျပကို ခန႔္အပ္ခဲ့တာ၊ စီေရာ္နယ္လ္ဒိုရဲ႕ေနရာမွာ တစ္ခါမွေတာင္

နာမည္မၾကားဖူးဘဲ ၾသစႀတီးယားဝက္အူေခ်ာင္းအသံထြက္နဲ႔ေတာင္
ဆင္တူတဲ့ တိုက္စစ္မႉးကို ေခၚယူခဲ့တာေတြရဲ႕ အက်ိဳးဆက္က ဒီလိုျဖစ္လာတာပါပဲ’

လို႔ ေရးသားၿပီးေတာ့ စီေရာ္နယ္လ္ဒိုနဲ႔ ဝက္ေဟာ့တ္တို႔ရဲ႕ ဓာတ္ပုံေတြနဲ႔အတူ
Twitter မွာ Post တင္ခဲ့ပါတယ္။