စီရော်နယ်ဒိုနဲ့ပတ်သက်လို့ သားဆန္ဒကို ဖြည့်ဆည်းဖို့လုပ်တိုင်း အမြဲလွဲနေမှုကို ရင်ဖွင့်လာတဲ့ ဖခင်

ပရိသတ်ကလေးငယ်တစ်ယောက်ရဲ့အိပ်မက်ကတော့ သူ့ဟီးရိုးဖြစ်တဲ့ စီရော်နယ်ဒို

ကစားတာကို ကိုယ်တိုင်ကြည့်ရဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ၃ ကြိမ်တိုင်

ကြိုးပမ်းခဲ့ပေမယ့် တစ်ကြိမ်မှ အဆင်မပြေခဲ့သလို အချိန်ကုန်၊ ငွေကုန်နဲ့ လူပမ်းသာတာ

အဖတ်တင်ခဲ့တာပါ။ စီရော်နယ်ဒိုနဲ့ပတ်သက်လို့ သားဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့

လုပ်တိုင်း အမြဲလွဲနေမှုကို ဖခင်က ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ၄၃ နှစ်အရွယ်

ခရစ်ဘရွန်မီဟာ ၁၂ နှစ်အရွယ် သားဖြစ်သူဇက်ရဲ့ဆန္ဒအတွက် ၃ ကြိမ်တိုင်

ငွေကုန်ကြေးကျခံခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့သားအဖနှစ်ယောက်ဟာ

စီရော်နယ်ဒိုကစားတာကို ကြည့်ရဖို့အတွက် မိုင် ၂၀၀၀ ကျော်ခရီးကို လာရတာ ဖြစ်ပါတယ်။

၂၀၂၀ တုန်းက ဂျူဗင်တပ်မှာ စီရော်နယ်ဒိုရှိစဉ် သူကစားတာကိုကြည့်ဖို့ ခရစ်ဟာ

ပေါင် ၁၅၅၀ အသုံးပြုခဲ့ပေမယ့် ဖြစ်ချင်တော့ အဲဒီပွဲမှာ စီရော်နယ်ဒိုက အနားပေးခံခဲ့ရတာပါ။

ပြီးခဲ့တဲ့မတ်လမှာလည်း မန်ချက်စတာဒါဘီပွဲကို ကြည့်ရဖို့အတွက် သွားလာစရိတ်၊

ဟိုတယ်စရိတ်တွေနဲ့ ခရစ်ဟာ ပေါင် ၁၅၀၀ သုံးစွဲခဲ့ပါတယ်။

ဒါပေမဲ့ ၃၇ နှစ်အရွယ် စီရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် မန်ချက်စတာဒါဘီပွဲမှာ မပါနိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေက ကစားသွားခဲ့တဲ့လက်စတာနဲ့ပွဲအတွက်လည်း သူတို့သားအဖဟာ

လက်မှတ်အလကားရခဲ့ပါတယ်။ အဲဒါကြောင့် မန်ချက်စတာကို အပြေးအလွှား

ရောက်လာခဲ့ပေမယ့် ကံဆိုးချင်တော့ စီရော်နယ်ဒိုက ဖျားနေနေလို့ အဲဒီပွဲမှာ မပါနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ဖခင်ဖြစ်သူခရစ်ဟာ သားဖြစ်သူရဲ့ဆန္ဒအတွက် လက်မလျှော့သေးပါဘူး။

တစ်နေ့မှာ စီရော်နယ်ဒိုကစားတာကို မြင်စေရမယ်လို့ သူ့သားဇက်ကို ကတိပေးထားကြောင်း

ပြောပါတယ်။ သူတို့သားအဖနှစ်ယောက်ဟာ အင်္ဂလန်အစွန်အဖျားက ရွာတစ်ရွာမှာ နေထိုင်ကြတာပါ။

zawgyi

စီေရာ္နယ္ဒိုနဲ႔ပတ္သက္လို႔ သားဆႏၵကို ျဖည့္ဆည္းဖို႔လုပ္တိုင္း အၿမဲလြဲေနမႈကို ရင္ဖြင့္လာတဲ့ ဖခင္

ပရိသတ္ကေလးငယ္တစ္ေယာက္ရဲ႕အိပ္မက္ကေတာ့ သူ႔ဟီး႐ိုးျဖစ္တဲ့ စီေရာ္နယ္ဒို

ကစားတာကို ကိုယ္တိုင္ၾကည့္ရဖို႔ ျဖစ္ပါတယ္။ အဲဒီအတြက္လည္း ၃ ႀကိမ္တိုင္

ႀကိဳးပမ္းခဲ့ေပမယ့္ တစ္ႀကိမ္မွ အဆင္မေျပခဲ့သလို အခ်ိန္ကုန္၊ ေငြကုန္နဲ႔ လူပမ္းသာတာ

အဖတ္တင္ခဲ့တာပါ။ စီေရာ္နယ္ဒိုနဲ႔ပတ္သက္လို႔ သားျဖစ္သူရဲ႕ဆႏၵကို ျဖည့္ဆည္းဖို႔

လုပ္တိုင္း အၿမဲလြဲေနမႈကို ဖခင္က ဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္။ ၄၃ ႏွစ္အ႐ြယ္

ခရစ္ဘ႐ြန္မီဟာ ၁၂ ႏွစ္အ႐ြယ္ သားျဖစ္သူဇက္ရဲ႕ဆႏၵအတြက္ ၃ ႀကိမ္တိုင္

ေငြကုန္ေၾကးက်ခံခဲ့တာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔သားအဖႏွစ္ေယာက္ဟာ

စီေရာ္နယ္ဒိုကစားတာကို ၾကည့္ရဖို႔အတြက္ မိုင္ ၂၀၀၀ ေက်ာ္ခရီးကို လာရတာ ျဖစ္ပါတယ္။

၂၀၂၀ တုန္းက ဂ်ဴဗင္တပ္မွာ စီေရာ္နယ္ဒိုရွိစဥ္ သူကစားတာကိုၾကည့္ဖို႔ ခရစ္ဟာ

ေပါင္ ၁၅၅၀ အသုံးျပဳခဲ့ေပမယ့္ ျဖစ္ခ်င္ေတာ့ အဲဒီပြဲမွာ စီေရာ္နယ္ဒိုက အနားေပးခံခဲ့ရတာပါ။

ၿပီးခဲ့တဲ့မတ္လမွာလည္း မန္ခ်က္စတာဒါဘီပြဲကို ၾကည့္ရဖို႔အတြက္ သြားလာစရိတ္၊

ဟိုတယ္စရိတ္ေတြနဲ႔ ခရစ္ဟာ ေပါင္ ၁၅၀၀ သုံးစြဲခဲ့ပါတယ္။

ဒါေပမဲ့ ၃၇ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုဟာ ဒဏ္ရာေၾကာင့္ မန္ခ်က္စတာဒါဘီပြဲမွာ မပါႏိုင္ခဲ့ပါဘူး။

ၿပီးခဲ့တဲ့စေနက ကစားသြားခဲ့တဲ့လက္စတာနဲ႔ပြဲအတြက္လည္း သူတို႔သားအဖဟာ

လက္မွတ္အလကားရခဲ့ပါတယ္။ အဲဒါေၾကာင့္ မန္ခ်က္စတာကို အေျပးအလႊား

ေရာက္လာခဲ့ေပမယ့္ ကံဆိုးခ်င္ေတာ့ စီေရာ္နယ္ဒိုက ဖ်ားေနေနလို႔ အဲဒီပြဲမွာ မပါႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ ဖခင္ျဖစ္သူခရစ္ဟာ သားျဖစ္သူရဲ႕ဆႏၵအတြက္ လက္မေလွ်ာ့ေသးပါဘူး။

တစ္ေန႔မွာ စီေရာ္နယ္ဒိုကစားတာကို ျမင္ေစရမယ္လို႔ သူ႔သားဇက္ကို ကတိေပးထားေၾကာင္း

ေျပာပါတယ္။ သူတို႔သားအဖႏွစ္ေယာက္ဟာ အဂၤလန္အစြန္အဖ်ားက ႐ြာတစ္႐ြာမွာ ေနထိုင္ၾကတာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*