စီရော်နယ်ဒိုက သူ့ရဲ့မြင်ဆရာဆိုတာ ဖွင့်ဟဝန်ခံလိုက်တဲ့ ဘင်ဇီမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရီးရဲလ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ်တို့မှာ ဗိုလ်စွဲနိုင်အောင် ဦးဆောင်ပေး

နိုင်ခဲ့ပြီးနောက် ၂၀၂၁-၂၂ ရာသီဟာ ကာရင်ဘင်ဇီမာရဲ့နှစ်အဖြစ်

အမှတ်တရရှိနေကြပါလိမ့်မယ်။ အဲဒီပြင်သစ်သားဟာ ဒီရာသီ ၄၆ ပွဲမှာ

၄၄ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် စီရော်နယ်ဒိုရဲ့အကောင်းဆုံးအချိန်ကိုတော့ မမီသေးပါဘူး။

ဒါပေမဲ့ ၂၀၁၈ မှာ စီရော်နယ်ဒိုထွက်သွားပြီးကတည်းက ရီးရဲလ်မှာ

သူ့ရဲ့တစ်ဦးချင်းအကောင်းဆုံးရာသီဖြစ်ခဲ့ပါတယ်။

မန်ယူကြယ်ပွင့်က ရီးရဲလ်မှာရှိခဲ့စဉ် ဘင်ဇီမာဟာ သူ့ကစားသမားဘဝရဲ့

အများစုကို စီရော်နယ်ဒိုကို ထောက်ပံ့ပေးရသူအဖြစ် ကုန်လွန်ခဲ့ရတာပါ။

စီရော်နယ်ဒိုမရှိတဲ့နောက်ပိုင်းမှာတော့ သူဟာ အသင်းအတွက်

အရေးပါဆုံးသူအဖြစ် ရှေ့ထွက်လာနိုင်ခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာတော့ ဘင်ဇီမာက စီရော်နယ်ဒို

ကစားတာကို အနီးကပ်ကြည့်ပြီး တတ်နိုင်သမျှသင်ယူခဲ့ကြောင်းကို

ဖွင့်ဟဝန်ခံခဲ့တာပါ။ စီရော်နယ်ဒိုရဲ့တစ်ဦးချင်းအောင်မြင်မှုအတိုင်း

လိုက်လုပ်နိုင်ဖို့ကတော့ ဘယ်ကစားသမားအတွက်မဆို မဖြစ်နိုင်ကြောင်း

ဘင်ဇီမာက ဆိုပါတယ်။ ”ကျွန်တော်က သူလုပ်သမျှအားလုံးကို

နားလည်ဖို့ ကြိုးစားပါတယ်။ သွင်းဂိုးတွေ၊ ကန်သွင်းချက်တွေ၊

ပေးပို့မှုတွေနဲ့ ဘောလုံးကွန်ထရိုးကိုရောပေါ့။ စီရော်နယ်ဒိုအကြောင်း

ပတ်သတ်သမျှကို ကျွန်တော်က ခွဲခြားစိတ်ဖျာပါတယ်။

သူ့လိုအောင်မြင်ဖို့တော့ မဖြစ်နိုင်ဘူးလို့ အဲဒါကြောင့် ကျွန်တော်

ပြောနိုင်တာပေါ့”လို့ ဘင်ဇီမာက ဆိုခဲ့တာပါ။

၃၇ နှစ်အရွယ်ရှိနေတာတောင် စီရော်နယ်ဒိုဟာ မြင့်မားတဲ့အဆင့်

စွမ်းဆောင်နိုင်နေဆဲဖြစ်ပြီး သူဟာ ပြီးဆုံးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတဲ့

မန်ယူအတွက် ၂၄ ဂိုးသွင်းပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္ဒိုက သူ႔ရဲ႕ျမင္ဆရာဆိုတာ ဖြင့္ဟဝန္ခံလိုက္တဲ့ ဘင္ဇီမာ

ရီးရဲလ္ကို လာလီဂါနဲ႔ ခ်န္ပီယံလိဂ္တို႔မွာ ဗိုလ္စြဲႏိုင္ေအာင္ ဦးေဆာင္ေပး

ႏိုင္ခဲ့ၿပီးေနာက္ ၂၀၂၁-၂၂ ရာသီဟာ ကာရင္ဘင္ဇီမာရဲ႕ႏွစ္အျဖစ္

အမွတ္တရရွိေနၾကပါလိမ့္မယ္။ အဲဒီျပင္သစ္သားဟာ ဒီရာသီ ၄၆ ပြဲမွာ

၄၄ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ စီေရာ္နယ္ဒိုရဲ႕အေကာင္းဆုံးအခ်ိန္ကိုေတာ့ မမီေသးပါဘူး။

ဒါေပမဲ့ ၂၀၁၈ မွာ စီေရာ္နယ္ဒိုထြက္သြားၿပီးကတည္းက ရီးရဲလ္မွာ

သူ႔ရဲ႕တစ္ဦးခ်င္းအေကာင္းဆုံးရာသီျဖစ္ခဲ့ပါတယ္။

မန္ယူၾကယ္ပြင့္က ရီးရဲလ္မွာရွိခဲ့စဥ္ ဘင္ဇီမာဟာ သူ႔ကစားသမားဘဝရဲ႕

အမ်ားစုကို စီေရာ္နယ္ဒိုကို ေထာက္ပံ့ေပးရသူအျဖစ္ ကုန္လြန္ခဲ့ရတာပါ။

စီေရာ္နယ္ဒိုမရွိတဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ အသင္းအတြက္

အေရးပါဆုံးသူအျဖစ္ ေရွ႕ထြက္လာႏိုင္ခဲ့ပါတယ္။

ျပင္သစ္သတင္းဌာနတစ္ခုနဲ႔အင္တာဗ်ဴးမွာေတာ့ ဘင္ဇီမာက စီေရာ္နယ္ဒို

ကစားတာကို အနီးကပ္ၾကည့္ၿပီး တတ္ႏိုင္သမွ်သင္ယူခဲ့ေၾကာင္းကို

ဖြင့္ဟဝန္ခံခဲ့တာပါ။ စီေရာ္နယ္ဒိုရဲ႕တစ္ဦးခ်င္းေအာင္ျမင္မႈအတိုင္း

လိုက္လုပ္ႏိုင္ဖို႔ကေတာ့ ဘယ္ကစားသမားအတြက္မဆို မျဖစ္ႏိုင္ေၾကာင္း

ဘင္ဇီမာက ဆိုပါတယ္။ ”ကြၽန္ေတာ္က သူလုပ္သမွ်အားလုံးကို

နားလည္ဖို႔ ႀကိဳးစားပါတယ္။ သြင္းဂိုးေတြ၊ ကန္သြင္းခ်က္ေတြ၊

ေပးပို႔မႈေတြနဲ႔ ေဘာလုံးကြန္ထ႐ိုးကိုေရာေပါ့။ စီေရာ္နယ္ဒိုအေၾကာင္း

ပတ္သတ္သမွ်ကို ကြၽန္ေတာ္က ခြဲျခားစိတ္ဖ်ာပါတယ္။

သူ႔လိုေအာင္ျမင္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ အဲဒါေၾကာင့္ ကြၽန္ေတာ္

ေျပာႏိုင္တာေပါ့”လို႔ ဘင္ဇီမာက ဆိုခဲ့တာပါ။

၃၇ ႏွစ္အ႐ြယ္ရွိေနတာေတာင္ စီေရာ္နယ္ဒိုဟာ ျမင့္မားတဲ့အဆင့္

စြမ္းေဆာင္ႏိုင္ေနဆဲျဖစ္ၿပီး သူဟာ ၿပီးဆုံးခဲ့တဲ့ရာသီမွာ ႐ုန္းကန္ခဲ့ရတဲ့

မန္ယူအတြက္ ၂၄ ဂိုးသြင္းေပးခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*