
မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ပယ်လစ်စထရီဟာ
ချာလ်တန်နဲ့ လိဂ်ဖလားပွဲမှာ စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်
ပါဝင်ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က ဥရုဂွေးကလပ် ပင်နာရိုးလ်ကနေ ယူနိုက်တက်ကို
ပြောင်းရွှေ့ခဲ့သူ ပယ်လစ်စထရီဟာ (၂)နှစ်၊ (၃)လနဲ့ (၅)ရက်အကြာမှ
ယူနိုက်တက်အသင်းအတွက် ပထမဆုံးပွဲကစားခွင့်ရခဲ့တာဖြစ်ပြီး
ပွဲပြီးခါနီး(၈၄)မိနစ်မှာ လူစားဝင်ကစားရတာဖြစ်ပေမယ့် ရပ်ရှ်ဖို့ဒ်
ဂိုးသွင်းနိုင်အောင် ဖန်တီပေးနိုင်ခဲ့ပါတယ်။
ပယ်လစ်စထရီက “တကယ့်ကို မယုံနိုင်လောက်အောင်ပါပဲ။ ဒီလိုအချိန်
ရောက်ဖို့ ကျွန်တော် အကြာကြီး စောင့်ခဲ့ရပြီး နောက်ဆုံးတော့
ယူနိုက်တက်အတွက် ကျွန်တော် ပါဝင်ကစားခွင့်ရခဲ့ပါပြီ။ အဲဒီအတွက်
အရမ်း ဝမ်းမြောက်မိသလို ဒါက လုံးဝကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်
ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ဆုဖလားတွေ ရယူနိုင်အောင် အသင်းဖော်တွေကို
အကူအညီပေးသွားချင်ပြီး ပွဲတိုင်းမှာ အနိုင်ရချင်ပါတယ်။ ကစားသမားတိုင်းက
အသင်းအတွက် ပါဝင်ကစားခွင့်ရဖို့ ဆန္ဒရှိသလို ကျွန်တော်လည်း အခုထက်
ပိုပြီး ပွဲထွက်ကစားခွင့်ရလိုပါတယ်။ အဲဒီအတွက်လည်း အစွမ်းကုန်
ကြိုးစားလေ့ကျင့်ပြီး ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားမှာ
ဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
[Zawgyi]
မန္ခ်က္စတာယူႏိုက္တက္ လူငယ္တိုက္စစ္ကစားသမား ပယ္လစ္စထရီဟာ
ခ်ာလ္တန္နဲ႔ လိဂ္ဖလားပြဲမွာ စီနီယာအသင္းအတြက္ ပထမဆုံးအႀကိမ္
ပါဝင္ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
၂၀၂၀ ခုႏွစ္က ဥ႐ုေဂြးကလပ္ ပင္နာ႐ိုးလ္ကေန ယူႏိုက္တက္ကို
ေျပာင္းေ႐ႊ႕ခဲ့သူ ပယ္လစ္စထရီဟာ (၂)ႏွစ္၊ (၃)လနဲ႔ (၅)ရက္အၾကာမွ
ယူႏိုက္တက္အသင္းအတြက္ ပထမဆုံးပြဲကစားခြင့္ရခဲ့တာျဖစ္ၿပီး
ပြဲၿပီးခါနီး(၈၄)မိနစ္မွာ လူစားဝင္ကစားရတာျဖစ္ေပမယ့္ ရပ္ရွ္ဖို႔ဒ္
ဂိုးသြင္းႏိုင္ေအာင္ ဖန္တီေပးႏိုင္ခဲ့ပါတယ္။
ပယ္လစ္စထရီက “တကယ့္ကို မယုံႏိုင္ေလာက္ေအာင္ပါပဲ။ ဒီလိုအခ်ိန္
ေရာက္ဖို႔ ကြၽန္ေတာ္ အၾကာႀကီး ေစာင့္ခဲ့ရၿပီး ေနာက္ဆုံးေတာ့
ယူႏိုက္တက္အတြက္ ကြၽန္ေတာ္ ပါဝင္ကစားခြင့္ရခဲ့ပါၿပီ။ အဲဒီအတြက္
အရမ္း ဝမ္းေျမာက္မိသလို ဒါက လုံးဝႀကီးက်ယ္ခမ္းနားတဲ့ အခိုက္အတန႔္
ျဖစ္ပါတယ္။
ကြၽန္ေတာ့္အေနနဲ႔ကေတာ့ ဆုဖလားေတြ ရယူႏိုင္ေအာင္ အသင္းေဖာ္ေတြကို
အကူအညီေပးသြားခ်င္ၿပီး ပြဲတိုင္းမွာ အႏိုင္ရခ်င္ပါတယ္။ ကစားသမားတိုင္းက
အသင္းအတြက္ ပါဝင္ကစားခြင့္ရဖို႔ ဆႏၵရွိသလို ကြၽန္ေတာ္လည္း အခုထက္
ပိုၿပီး ပြဲထြက္ကစားခြင့္ရလိုပါတယ္။ အဲဒီအတြက္လည္း အစြမ္းကုန္
ႀကိဳးစားေလ့က်င့္ၿပီး ပြဲထြက္ခြင့္တစ္ေနရာအတြက္ တိုက္ပြဲဝင္သြားမွာ
ျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။