စီနီယာအသင်းအတွက် ပထမဆုံးပါဝင်ကစားခွင့်ရခဲ့တဲ့ ကိုဘီမင်နူးရဲ့ ခြေစွမ်းကို အဲရစ်တန်ဟက် ချီးကျူး

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ချာလ်တန်နဲ့

လိဂ်ဖလားကွာတားဖိုင်နယ်ပွဲမှာ လူငယ်ကွင်းလယ်လူ ကိုဘီမင်နူးရဲ့
ခြေစွမ်းအပေါ် ချီးကျူးခဲ့ပြီး သူဟာ ပွဲထွက်ကစားခွင့်ရဖို့
ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်(၁၇)နှစ်သာရှိသေးတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား
ကိုဘီမင်နူးဟာ ယူနိုက်တက်အကယ်ဒမီက အသက်(၉)နှစ်အရွယ်မှာ
ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး,ပြီးခဲ့တဲ့နှစ်က လူငယ် FA ဖလား
ပြိုင်ပွဲမှာ ယူနိုက်တက် ယူ-၁၈ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သလို

ချန်ပီယံဆုရရှိအောင် ကူညီပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ မေလက ကိုဘီမင်နူးနဲ့ ပရော်ဖက်ရှင်နယ်

စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပြီး အခု ချာလ်တန်နဲ့ လိဂ်ဖလားပွဲမှာ နည်းပြ
အဲရစ်တန်ဟက်က ကိုဘီမင်နူးကို စီနီယာအသင်းအတွက် ပထမဆုံးအကြိမ်
ပွဲထွက်အသုံးပြုခဲ့တာဖြစ်ပါတယ်။

ချာလ်တန်နဲ့ပွဲမှာ ကိုဘီမင်နူးဟာ မိနစ်(၆၀)အထိသာကစားခဲ့ရပေမယ့်
အဲရစ်တန်ဟက် စိတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်ပြသနိုင်ပြီး တိကျတဲ့
ဘောလုံးပေးပို့မှု (၈၅%)၊ ဘောလုံးထိချက် (၃၅)ကြိမ်၊ ပြိုင်ဘက်ရဲ့
Final Third Zone ထဲကို ဘောလုံးပေးပို့မှု (၅)ကြိမ်၊ အခွင့်အရေးဖန်တီးနိုင်မှု

(၁)ကြိမ်ရှိခဲ့ပါတယ်။

အဲရစ်တန်ဟက်က “ကျွန်တော်တို့ အားလုံးအတွက် အခုပွဲဟာ အရေးပါတဲ့

ပွဲတစ်ပွဲဖြစ်သလို ကိုဘီမင်နူးအတွက်တော့ ကြီးမားတဲ့အခွင့်အရေးတစ်ခု
ပိုင်ဆိုင်ခဲ့ပါတယ်။ စပိန်မှာပြုလုပ်ခဲ့တဲ့ ဆောင်းရာသီကာလ လေ့ကျင့်ခန်းအစီအစဉ်မှာ
ကိုဘီမင်နူးက ကြိုးစားကစားခဲ့ပြီး အဲဗာတန်နဲ့ တံခါးပိတ်ခြေစမ်းပွဲမှာလည်း သူ
ကစားတာ တော်တော်ကောင်းခဲ့ပါတယ်။

အဲဒါကြောင့် ချာလ်တန်နဲ့ပွဲမှာ ပွဲထွက် ကစားခွင့်ရဖို့ ကိုဘီမင်နူး ထိုက်တန်ခဲ့ပါတယ်။
သူ့ကို ဒီလို အခွင့်အရေးပေးနိုင်တဲ့အတွက် ကျွန်တော် ဝမ်းမြောက်မိသလို သူနဲ့လည်း
တကယ်ထိုက်တန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္က ခ်ာလ္တန္နဲ႔
လိဂ္ဖလားကြာတားဖိုင္နယ္ပြဲမွာ လူငယ္ကြင္းလယ္လူ ကိုဘီမင္ႏူးရဲ႕

ေျခစြမ္းအေပၚ ခ်ီးက်ဴးခဲ့ၿပီး သူဟာ ပြဲထြက္ကစားခြင့္ရဖို႔
ထိုက္တန္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား
ကိုဘီမင္ႏူးဟာ ယူႏိုက္တက္အကယ္ဒမီက အသက္(၉)ႏွစ္အ႐ြယ္မွာ
ကတည္းက ေရာက္ရွိခဲ့တာျဖစ္ၿပီး,ၿပီးခဲ့တဲ့ႏွစ္က လူငယ္ FA ဖလား
ၿပိဳင္ပြဲမွာ ယူႏိုက္တက္ ယူ-၁၈ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့သလို
ခ်န္ပီယံဆုရရွိေအာင္ ကူညီေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ေမလက ကိုဘီမင္ႏူးနဲ႔ ပေရာ္ဖက္ရွင္နယ္
စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အခု ခ်ာလ္တန္နဲ႔ လိဂ္ဖလားပြဲမွာ နည္းျပ

အဲရစ္တန္ဟက္က ကိုဘီမင္ႏူးကို စီနီယာအသင္းအတြက္ ပထမဆုံးအႀကိမ္
ပြဲထြက္အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ခ်ာလ္တန္နဲ႔ပြဲမွာ ကိုဘီမင္ႏူးဟာ မိနစ္(၆၀)အထိသာကစားခဲ့ရေပမယ့္
အဲရစ္တန္ဟက္ စိတ္ေက်နပ္ေလာက္တဲ့ စြမ္းေဆာင္ရည္ျပသႏိုင္ၿပီး တိက်တဲ့
ေဘာလုံးေပးပို႔မႈ (၈၅%)၊ ေဘာလုံးထိခ်က္ (၃၅)ႀကိမ္၊ ၿပိဳင္ဘက္ရဲ႕
Final Third Zone ထဲကို ေဘာလုံးေပးပို႔မႈ (၅)ႀကိမ္၊ အခြင့္အေရးဖန္တီးႏိုင္မႈ
(၁)ႀကိမ္ရွိခဲ့ပါတယ္။

အဲရစ္တန္ဟက္က “ကြၽန္ေတာ္တို႔ အားလုံးအတြက္ အခုပြဲဟာ အေရးပါတဲ့
ပြဲတစ္ပြဲျဖစ္သလို ကိုဘီမင္ႏူးအတြက္ေတာ့ ႀကီးမားတဲ့အခြင့္အေရးတစ္ခု

ပိုင္ဆိုင္ခဲ့ပါတယ္။ စပိန္မွာျပဳလုပ္ခဲ့တဲ့ ေဆာင္းရာသီကာလ ေလ့က်င့္ခန္းအစီအစဥ္မွာ
ကိုဘီမင္ႏူးက ႀကိဳးစားကစားခဲ့ၿပီး အဲဗာတန္နဲ႔ တံခါးပိတ္ေျခစမ္းပြဲမွာလည္း သူ
ကစားတာ ေတာ္ေတာ္ေကာင္းခဲ့ပါတယ္။

အဲဒါေၾကာင့္ ခ်ာလ္တန္နဲ႔ပြဲမွာ ပြဲထြက္ ကစားခြင့္ရဖို႔ ကိုဘီမင္ႏူး ထိုက္တန္ခဲ့ပါတယ္။
သူ႔ကို ဒီလို အခြင့္အေရးေပးႏိုင္တဲ့အတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္မိသလို သူနဲ႔လည္း
တကယ္ထိုက္တန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။