
အိုင်ဗရီကို့စ်နဲ့ခြေစမ်းပွဲမှာ ၁၁ ယောက်ချင်းကန်ချင်တာကြောင့် ပြိုင်ဘက်
နောက်ခံလူအော်ရီယာကို အနီကတ်မပြဖို့ ဒိုင်ကို တောင်းဆိုခဲ့ကြောင်း
အင်္ဂလန်ကြယ်ပွင့်ဂရီယာလစ်ရှ်က ဖွင့်ဟလိုက်ပါတယ်။
အင်္ဂလန်ဟာ အင်္ဂါညက ကစားခဲ့တဲ့ ဝင်ဘလေကွင်းက ခြေစမ်းပွဲမှာ
အိုင်ဗရီကို့စ်ကို ၃ ဂိုးပြတ်နဲ့ သက်သောင့်သက်သာ အနိုင်ရခဲ့တာပါ။
ဒါပေမဲ့ အဲဒီလိုအလွယ်တကူနိုင်ခဲ့တာကလည်း ပထမပိုင်းမှာကတည်းက
တစ်ယောက်အသာနဲ့ ကစားခဲ့ရလို့ ြဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်က ပထမပိုင်းမှာ အိုင်ဗရီကို့စ်အသင်းခေါင်းဆောင်ကို
အနီကတ်ပြလိုက်တာနဲ့ပတ်သက်ပြီး ဂရီယာလစ်ရှ်တစ်ယောက် အတော်လေးကို
စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပါ။ အဲဒီအနီကတ်ကြောင့်ပဲ ပွဲအခြေအနေဟာ
လုံးဝကို ပြောင်းလဲသွားခဲ့ပါတယ်။ ”ကျွန်တော်က အော်ရီယာကို ကွင်းထဲမှာ
ဆက်ရှိစေချင်တာပါ။ ဘာကြောင့်လဲဆို ဒါက ခြေစမ်းပွဲတစ်ခုပဲလေ။
၁၁ ယောက်ချင်းကစားရတာ ပိုကောင်းတာပေါ့။
အဲဒီလိုမှသာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခုဆိုတာထက် ပိုမယ်လို့
ထင်ပါတယ်။ အဲဒါကြောင့်လည်း ကွင်းလယ်ဒိုင်ကို အနီကတ်မပြဖို့
တောင်းဆိုခဲ့တာပါ”လို့ ပွဲအပြီးမှာ အဲဒီမန်စီးတီးကြယ်ပွင့်က Sky Sports
သတင်းဌာနကို ပြောခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၁၀၀ နဲ့ မန်စီးတီးကို
ရောက်လာတဲ့ ဂရီယာလစ်ရှ်ဟာ ဒီရာသီ ကလပ်ဘောလုံးမှာ အနိမ့်အမြင့်
အတက်အကျတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာတော့
လာမယ့်ကမ္ဘာ့ဖလားအတွက် အရေးပါသူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
သူဟာ အဲဒီပွဲမှာ မန်စီးတီးအသင်းဖော်စတာလင်းသွင်းခဲ့တဲ့ ဒုတိယဂိုးကို
ဖန်တီးပေးနိုင်ခဲ့တာပါ။
zawgyi
စိန္ေခၚမႈတစ္ခုဆိုတာထက္ပိုေစခ်င္လို႔ ၿပိဳင္ဘက္ကစားသမားကို မထုတ္ဖို႔ေတာင္းဆိုခဲ့တဲ့ ဂရီလစ္ရွ္
အိုင္ဗရီကို႔စ္နဲ႔ေျခစမ္းပြဲမွာ ၁၁ ေယာက္ခ်င္းကန္ခ်င္တာေၾကာင့္ ၿပိဳင္ဘက္
ေနာက္ခံလူေအာ္ရီယာကို အနီကတ္မျပဖို႔ ဒိုင္ကို ေတာင္းဆိုခဲ့ေၾကာင္း
အဂၤလန္ၾကယ္ပြင့္ဂရီယာလစ္ရွ္က ဖြင့္ဟလိုက္ပါတယ္။
အဂၤလန္ဟာ အဂၤါညက ကစားခဲ့တဲ့ ဝင္ဘေလကြင္းက ေျခစမ္းပြဲမွာ
အိုင္ဗရီကို႔စ္ကို ၃ ဂိုးျပတ္နဲ႔ သက္ေသာင့္သက္သာ အႏိုင္ရခဲ့တာပါ။
ဒါေပမဲ့ အဲဒီလိုအလြယ္တကူႏိုင္ခဲ့တာကလည္း ပထမပိုင္းမွာကတည္းက
တစ္ေယာက္အသာနဲ႔ ကစားခဲ့ရလို႔ ျျဖစ္ပါတယ္။
ကြင္းလယ္ဒိုင္က ပထမပိုင္းမွာ အိုင္ဗရီကို႔စ္အသင္းေခါင္းေဆာင္ကို
အနီကတ္ျပလိုက္တာနဲ႔ပတ္သက္ၿပီး ဂရီယာလစ္ရွ္တစ္ေယာက္ အေတာ္ေလးကို
စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရတာပါ။ အဲဒီအနီကတ္ေၾကာင့္ပဲ ပြဲအေျခအေနဟာ
လုံးဝကို ေျပာင္းလဲသြားခဲ့ပါတယ္။ ”ကြၽန္ေတာ္က ေအာ္ရီယာကို ကြင္းထဲမွာ
ဆက္ရွိေစခ်င္တာပါ။ ဘာေၾကာင့္လဲဆို ဒါက ေျခစမ္းပြဲတစ္ခုပဲေလ။
၁၁ ေယာက္ခ်င္းကစားရတာ ပိုေကာင္းတာေပါ့။
အဲဒီလိုမွသာ ကြၽန္ေတာ္တို႔အတြက္ စိန္ေခၚမႈတစ္ခုဆိုတာထက္ ပိုမယ္လို႔
ထင္ပါတယ္။ အဲဒါေၾကာင့္လည္း ကြင္းလယ္ဒိုင္ကို အနီကတ္မျပဖို႔
ေတာင္းဆိုခဲ့တာပါ”လို႔ ပြဲအၿပီးမွာ အဲဒီမန္စီးတီးၾကယ္ပြင့္က Sky Sports
သတင္းဌာနကို ေျပာခဲ့တာပါ။ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၁၀၀ နဲ႔ မန္စီးတီးကို
ေရာက္လာတဲ့ ဂရီယာလစ္ရွ္ဟာ ဒီရာသီ ကလပ္ေဘာလုံးမွာ အနိမ့္အျမင့္
အတက္အက်ေတြရွိခဲ့ပါတယ္။ ဒါေပမဲ့ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းမွာေတာ့
လာမယ့္ကမာၻ႔ဖလားအတြက္ အေရးပါသူတစ္ေယာက္ျဖစ္လာႏိုင္ပါတယ္။
သူဟာ အဲဒီပြဲမွာ မန္စီးတီးအသင္းေဖာ္စတာလင္းသြင္းခဲ့တဲ့ ဒုတိယဂိုးကို
ဖန္တီးေပးႏိုင္ခဲ့တာပါ။
Leave a Reply