စိတ်ပျက်စရာကောင်းတဲ့ စွမ်းဆောင်ရည်မှတ်တမ်းကြောင့် ပွဲထွက်ကစားခွင့်ဆုံးရှုံးရဖို့ရှိနေတဲ့ ဝက်ဟော့တ်

မန်ချက်စတာယူနိုက်တက်မှာ အငှားနဲ့ကစားနေတဲ့ ဒတ်ချ်ဝါရင့်

တိုက်စစ်မှူးဝက်ဟော့တ်ဟာ စိတ်ပျက်စရာကောင်းတဲ့
စွမ်းဆောင်ရည်မှတ်တမ်းကြောင့် လာမယ့်လိဒ်စ်အသင်းနဲ့
ပရီးမီးယားလိဂ်အဝေးကွင်းပွဲကျရင် နည်းပြအဲရစ်တန်ဟက်က
သူ့ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်သွားဖို့ရှိနေပါပြီ။

ယူနိုက်တက်အသင်းဟာ ဝက်ဟော့တ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ
အပြောင်းအရွှေ့အတွင်း ဘက်ဆစ်တက်အသင်းဆီကနေ လျော်ကြေး
ပေးပြီးတော့ အငှားခေါ်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားခဲ့တဲ့

(၇)ပွဲမှာ ဝက်ဟော့တ် (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း လိဂ်ဖလားဆီမီးဖိုင်နယ်ပထအကျော့အဖြစ်

နော်တင်ဟမ်ဖော်ရက်စ်ကို (၃-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဝက်ဟော့တ်က
ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုးဈေးဦးပေါက်ခဲ့ပေမယ့် ပြိုင်ပွဲစုံ
(၇)ပွဲကစားအပြီး သူ့ရဲ့စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်ရင်

မိနစ်ပေါင်း(၄၉၈)ကစားအပြီးမှာ ဂိုးဖန်တီးမှုမရှိ၊ ပြိုင်ဘက်ပယ်နယ်တီ
ဧရိယာအတွင်း တစ်ပွဲပျမ်းမျှဘောလုံးထိချက် (၃.၇)ကြိမ်၊ ဂိုးပေါက်ကန်သွင်းမှု
(၁၀)ကြိမ်၊ တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု (၁.၄)ကြိမ်၊ ဂိုးပေါက်တည့်မှု
ရာခိုင်နှုန်း (၄၃%)၊ ဂိုးပေါက်ကန်ချက်အလိုက် ဂိုးသွင်းနိုင်မှု (၁၀%)သာ

ရှိခဲ့ပါတယ်။

အရပ်အမြင့် (၆)ပေ၊ (၆)လက်မအထိရှိပေမယ့် ပြိုင်ဘက်နဲ့ခေါင်းခုန်တိုက်တဲ့

အကြိမ်ပေါင်း(၂၀)မှာ ဝက်ဟော့တ် အသာရတာက (၉)ကြိမ်သာရှိခဲ့ပြန်ပါတယ်။
ဒီလို ဆိုးရွားတဲ့ စွမ်းဆောင်ရည်မှတ်တမ်းကြောင့် ဝက်ဟော့တ်ဟာ လာမယ့်
ပွဲတွေကျရင် ပွဲထွက်ကစားခွင့်ရဖို့ မသေမချာဖြစ်နေပါပြီ။

[Zawgyi]

မန္ခ်က္စတာယူႏိုက္တက္မွာ အငွားနဲ႔ကစားေနတဲ့ ဒတ္ခ်္ဝါရင့္
တိုက္စစ္မႉးဝက္ေဟာ့တ္ဟာ စိတ္ပ်က္စရာေကာင္းတဲ့
စြမ္းေဆာင္ရည္မွတ္တမ္းေၾကာင့္ လာမယ့္လိဒ္စ္အသင္းနဲ႔
ပရီးမီးယားလိဂ္အေဝးကြင္းပြဲက်ရင္ နည္းျပအဲရစ္တန္ဟက္က

သူ႔ကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္သြားဖို႔ရွိေနပါၿပီ။

ယူႏိုက္တက္အသင္းဟာ ဝက္ေဟာ့တ္ကို ၿပီးခဲ့တဲ့ ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕အတြင္း ဘက္ဆစ္တက္အသင္းဆီကေန ေလ်ာ္ေၾကး
ေပးၿပီးေတာ့ အငွားေခၚယူခဲ့တာျဖစ္ၿပီး အသင္းအတြက္ ပါဝင္ကစားခဲ့တဲ့
(၇)ပြဲမွာ ဝက္ေဟာ့တ္ (၁)ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္း လိဂ္ဖလားဆီမီးဖိုင္နယ္ပထအေက်ာ့အျဖစ္
ေနာ္တင္ဟမ္ေဖာ္ရက္စ္ကို (၃-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ဝက္ေဟာ့တ္က
ယူႏိုက္တက္ကစားသမားဘ၀ သြင္းဂိုးေဈးဦးေပါက္ခဲ့ေပမယ့္ ၿပိဳင္ပြဲစုံ
(၇)ပြဲကစားအၿပီး သူ႔ရဲ႕စြမ္းေဆာင္ရည္မွတ္တမ္းကို ၾကည့္ရင္

မိနစ္ေပါင္း(၄၉၈)ကစားအၿပီးမွာ ဂိုးဖန္တီးမႈမရွိ၊ ၿပိဳင္ဘက္ပယ္နယ္တီ
ဧရိယာအတြင္း တစ္ပြဲပ်မ္းမွ်ေဘာလုံးထိခ်က္ (၃.၇)ႀကိမ္၊ ဂိုးေပါက္ကန္သြင္းမႈ

(၁၀)ႀကိမ္၊ တစ္ပြဲပ်မ္းမွ် ဂိုးေပါက္ကန္သြင္းမႈ (၁.၄)ႀကိမ္၊ ဂိုးေပါက္တည့္မႈ
ရာခိုင္ႏႈန္း (၄၃%)၊ ဂိုးေပါက္ကန္ခ်က္အလိုက္ ဂိုးသြင္းႏိုင္မႈ (၁၀%)သာ
ရွိခဲ့ပါတယ္။

အရပ္အျမင့္ (၆)ေပ၊ (၆)လက္မအထိရွိေပမယ့္ ၿပိဳင္ဘက္နဲ႔ေခါင္းခုန္တိုက္တဲ့
အႀကိမ္ေပါင္း(၂၀)မွာ ဝက္ေဟာ့တ္ အသာရတာက (၉)ႀကိမ္သာရွိခဲ့ျပန္ပါတယ္။
ဒီလို ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္မွတ္တမ္းေၾကာင့္ ဝက္ေဟာ့တ္ဟာ လာမယ့္
ပြဲေတြက်ရင္ ပြဲထြက္ကစားခြင့္ရဖို႔ မေသမခ်ာျဖစ္ေနပါၿပီ။