စိတ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံလိုက်ရတာကြောင့် ချဲလ်ဆီးကို မက်ဂွိုင်းယားသွားသင့်ပြီလို့ ပီတစ်တိုက်တွန်း

အိုးလ်ထရက်ဖို့ဒ်မှာ ခက်ခဲတဲ့နှစ်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့နောက် စိတ်ပိုင်းဆိုင်ရာဖျက်ဆီးခံလိုက်ရတဲ့ မက်ဂွိုင်းယားအနေနဲ့ ချဲလ်ဆီးကိုပြောင်းရွှေ့သင့်ပြီလို့ ပြင်သစ်ကွင်းလယ်လူဟောင်းပီတစ်က ပြောဆိုလိုက်ပါတယ်။

မက်ဂွိုင်းယားဟာ လီဗာပူးလ်ကိုအနိုင်ရတဲ့ပွဲမှာ ကစားခွင့်မရခဲ့သလို အသင်းခေါင်းဆောင်ရာထူး ဆုံးရှုံးရမယ့်အရေးနဲ့ရင်ဆိုင်နေရရုံသာမက သရဲနီကစားသမားဘ၀ အနာဂတ်ပါ မသေချာတဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

မန်ယူက ချဲလ်ဆီးကွင်းလယ်လူပူလီဆစ်ကို စိတ်ဝင်စားနေပြီး လန်ဒန်ကလပ်ကလည်း အင်္ဂလန်နောက်ခံလူကို ခေါ်ချင်နေတယ်ဆိုတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် မက်ဂွိုင်းယားအနေနဲ့ ကမ္ဘာ့ဖလားအရေးကိုမျှော်တွေးပြီး

ဒီအခွင့်အရေးကို လက်လွှတ်မခံသင့်ဘူးလို့ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကစားသမားဟောင်းပီတစ်က တိုက်တွန်းလိုက်တာပါ။ “ တကယ်လို့ ကျွန်တော်သာ မက်ဂွိုင်းယားဆိုရင် မလုံခြုံဘူးလို့ခံစားရမှာဖြစ်သလို

အရမ်းကိုခက်ခဲတဲ့အနေအထား ရောက်နေမှာပါ။ လက်ပတ်ဆုံးရှုံးခဲ့ရတယ်။ အသင်းခေါင်းဆောင် မဟုတ်တော့ဘူး။ အသင်းမှာ နေရာပျောက်နေရတယ်။ အခု အရန်ခုံရောက်နေပြီ။

သူ့ကို ကျွန်တော်ကြည့်လိုက်ချိန်မှာ ပထမဆုံးခံစားမိတာက ဒီကောင်တော့ စိတ်ပိုင်းဆိုင်ရာပျက်ဆီးသွားပြီ ဆိုတာပါပဲ။ သူ့မှာ ဘာမှမရှိတော့ပါဘူး။ ဒါကို သူပြန်တည်ဆောက်ဖို့လိုပါတယ်။

ဆုံးဖြတ်ချက်ကြီးကြီးတစ်ခု ချဖို့လိုတယ်။ ချဲလ်ဆီးအတွက်ကစားချင်တယ်ဆိုရင်တော့ သူ့အတွက် ကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်သာ မက်ဂွိုင်းယားဆိုရင် မန်ယူကနေထွက်မှာပါ ” လို့ ပီတစ်က Fair Betting ဝက်ဘ်ဆိုက်ကို ပြောသွားခဲ့ပါတယ်။

(zawgyi)

အိုးလ္ထရက္ဖို႔ဒ္မွာ ခက္ခဲတဲ့ႏွစ္ေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့ေနာက္ စိတ္ပိုင္းဆိုင္ရာဖ်က္ဆီးခံလိုက္ရတဲ့ မက္ဂြိဳင္းယားအေနနဲ႔ ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕သင့္ၿပီလို႔ ျပင္သစ္ကြင္းလယ္လူေဟာင္းပီတစ္က ေျပာဆိုလိုက္ပါတယ္။

မက္ဂြိဳင္းယားဟာ လီဗာပူးလ္ကိုအႏိုင္ရတဲ့ပြဲမွာ ကစားခြင့္မရခဲ့သလို အသင္းေခါင္းေဆာင္ရာထူး ဆုံးရႈံးရမယ့္အေရးနဲ႔ရင္ဆိုင္ေနရ႐ုံသာမက သရဲနီကစားသမားဘ၀ အနာဂတ္ပါ မေသခ်ာတဲ့အေရးနဲ႔

ရင္ဆိုင္ေနရပါတယ္။ မန္ယူက ခ်ဲလ္ဆီးကြင္းလယ္လူပူလီဆစ္ကို စိတ္ဝင္စားေနၿပီး လန္ဒန္ကလပ္ကလည္း အဂၤလန္ေနာက္ခံလူကို ေခၚခ်င္ေနတယ္ဆိုတဲ့သတင္းေတြ ထြက္ေနပါတယ္။

ဒါေၾကာင့္ မက္ဂြိဳင္းယားအေနနဲ႔ ကမာၻ႔ဖလားအေရးကိုေမွ်ာ္ေတြးၿပီး ဒီအခြင့္အေရးကို လက္လႊတ္မခံသင့္ဘူးလို႔ အာဆင္နယ္၊ ဘာစီလိုနာနဲ႔ ခ်ဲလ္ဆီးကစားသမားေဟာင္းပီတစ္က တိုက္တြန္းလိုက္တာပါ။

“ တကယ္လို႔ ကြၽန္ေတာ္သာ မက္ဂြိဳင္းယားဆိုရင္ မလုံၿခဳံဘူးလို႔ခံစားရမွာျဖစ္သလို အရမ္းကိုခက္ခဲတဲ့အေနအထား ေရာက္ေနမွာပါ။ လက္ပတ္ဆုံးရႈံးခဲ့ရတယ္။ အသင္းေခါင္းေဆာင္ မဟုတ္ေတာ့ဘူး။

အသင္းမွာ ေနရာေပ်ာက္ေနရတယ္။ အခု အရန္ခုံေရာက္ေနၿပီ။ သူ႔ကို ကြၽန္ေတာ္ၾကည့္လိုက္ခ်ိန္မွာ ပထမဆုံးခံစားမိတာက ဒီေကာင္ေတာ့ စိတ္ပိုင္းဆိုင္ရာပ်က္ဆီးသြားၿပီ ဆိုတာပါပဲ။ သူ႔မွာ ဘာမွမရွိေတာ့ပါဘူး။

ဒါကို သူျပန္တည္ေဆာက္ဖို႔လိုပါတယ္။ ဆုံးျဖတ္ခ်က္ႀကီးႀကီးတစ္ခု ခ်ဖို႔လိုတယ္။ ခ်ဲလ္ဆီးအတြက္ကစားခ်င္တယ္ဆိုရင္ေတာ့ သူ႔အတြက္ ေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္သာ မက္ဂြိဳင္းယားဆိုရင္ မန္ယူကေနထြက္မွာပါ ” လို႔ ပီတစ္က Fair Betting ဝက္ဘ္ဆိုက္ကို ေျပာသြားခဲ့ပါတယ္။