စာလုံး ၃၅ လုံးတည်းနဲ့ ပိုချက်တီနိုကို ရက်ရက်စက်စက် ထုတ်ပယ်ခဲ့တဲ့ ပီအက်စ်ဂျီ

ချန်ပီယံလိဂ်ဖလားကို တပ်မက်လွန်းနေတဲ့ ပီအက်စ်ဂျီဟာ သူတို့ချဉ်ချင်းကိုမဖြည့်ဆီးပေးနိုင်ခဲ့တဲ့ နည်းပြပိုချက်တီနိုကို ထုတ်ပယ်လိုက်ပါပြီ။ တကယ်တော့ ပိုချက်တီနို ထုတ်ပယ်ခံရမယ်ဆိုတဲ့သတင်းတွေက ကာလအတန်ကြာကတည်းက ထွက်ပေါ်နေခဲ့တာပါ။

အာဂျင်တီးနားသားဟာလည်း လီဂူး-၁ ဖလားရယူပေးနိုင်ခဲ့ပေမယ့် အသက်မဲ့သူတစ်ယောက်လိုဖြစ်နေခဲ့ရတာပါ။ အခုတော့ ပါရီအခြေစိုက်အသင်းဟာ အခြေအနေတွေကို ရှင်းရှင်းလင်းလင်းကိုင်တွယ်လိုက်ပြီဖြစ်ပါတယ်။

စပါးနည်းပြဟောင်းဟာ နေမာ၊ မက်ဆီနဲ့ အမ်ဘာပီတို့လို ကြယ်ပွင့်ကစားသမားတွေကို ထိန်းသိမ်းနိုင်လောက်တဲ့ လူရှိန်မှုမျိုးမရှိခဲ့တာ၊ ဒီလိုကစားသမားတွေပိုင်ဆိုင်ထားရဲ့သားနဲ့

ချန်ပီယံလိဂ်မှာ မအောင်မြင်ခဲ့တာ စတာတွေကတော့ ပိုချက်တီနိုထွက်တော်မူခန်းမှာ လူပြောများနေတဲ့အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပိုချက်တီနိုကိုထုတ်ပယ်ပြီး ချက်ချင်းဆိုသလို နိုက်စ်နည်းပြဟောင်း ခရစ္စတိုဖာဂဲလ်တီယာကို အစားထိုးခန့်အပ်ခဲ့တာပါ။ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်နဲ့ ခန့်အပ်လိုက်ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပိုချက်တီနိုအပေါ်သူတို့ရဲ့ဆက်ဆံပုံကတော့ ရက်စက်လွန်းတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အကြောင်းကတော့ ပီအက်စ်ဂျီဟာ စာလုံးရေ ၃၅ လုံးသာပါတဲ့ထုတ်ပြန်ချက်သာ

အသင်းရဲ့တွစ်တာမှာတင်ပေးခဲ့လို့ပါပဲ။ “ ပီအက်စ်ဂျီမှာ ပိုချက်တီနို၏အခန်းကဏ္ဍ အဆုံးသတ်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။

၎င်း၏အဖွဲ့ကို အသင်းအနေဖြင့်ကျေးဇူးတင်ပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်ပါစေကြောင်း ဆုတောင်းလိုက်ပါသည် ” လို့ ရေးသားထားတာပါ။

(zawgyi)

ခ်န္ပီယံလိဂ္ဖလားကို တပ္မက္လြန္းေနတဲ့ ပီအက္စ္ဂ်ီဟာ သူတို႔ခ်ဥ္ခ်င္းကိုမျဖည့္ဆီးေပးႏိုင္ခဲ့တဲ့ နည္းျပပိုခ်က္တီႏိုကို ထုတ္ပယ္လိုက္ပါၿပီ။ တကယ္ေတာ့ ပိုခ်က္တီႏို ထုတ္ပယ္ခံရမယ္ဆိုတဲ့သတင္းေတြက ကာလအတန္ၾကာကတည္းက ထြက္ေပၚေနခဲ့တာပါ။

အာဂ်င္တီးနားသားဟာလည္း လီဂူး-၁ ဖလားရယူေပးႏိုင္ခဲ့ေပမယ့္ အသက္မဲ့သူတစ္ေယာက္လိုျဖစ္ေနခဲ့ရတာပါ။ အခုေတာ့ ပါရီအေျခစိုက္အသင္းဟာ အေျခအေနေတြကို ရွင္းရွင္းလင္းလင္းကိုင္တြယ္လိုက္ၿပီျဖစ္ပါတယ္။

စပါးနည္းျပေဟာင္းဟာ ေနမာ၊ မက္ဆီနဲ႔ အမ္ဘာပီတို႔လို ၾကယ္ပြင့္ကစားသမားေတြကို ထိန္းသိမ္းႏိုင္ေလာက္တဲ့ လူရွိန္မႈမ်ိဳးမရွိခဲ့တာ၊ ဒီလိုကစားသမားေတြပိုင္ဆိုင္ထားရဲ႕သားနဲ႔ ခ်န္ပီယံလိဂ္မွာ မေအာင္ျမင္ခဲ့တာ

စတာေတြကေတာ့ ပိုခ်က္တီႏိုထြက္ေတာ္မူခန္းမွာ လူေျပာမ်ားေနတဲ့အေၾကာင္းအရာေတြ ျဖစ္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ ပိုခ်က္တီႏိုကိုထုတ္ပယ္ၿပီး ခ်က္ခ်င္းဆိုသလို ႏိုက္စ္နည္းျပေဟာင္း ခရစၥတိုဖာဂဲလ္တီယာကို အစားထိုးခန႔္အပ္ခဲ့တာပါ။

၂၀၂၄ ခုႏွစ္အထိ သက္တမ္းရွိတဲ့စာခ်ဳပ္တစ္ရပ္နဲ႔ ခန႔္အပ္လိုက္ေၾကာင္းကိုလည္း ေၾကညာခဲ့ပါတယ္။ ဒါေပမဲ့ ပိုခ်က္တီႏိုအေပၚသူတို႔ရဲ႕ဆက္ဆံပုံကေတာ့ ရက္စက္လြန္းတယ္လို႔ ေဝဖန္မႈေတြရွိေနပါတယ္။

အေၾကာင္းကေတာ့ ပီအက္စ္ဂ်ီဟာ စာလုံးေရ ၃၅ လုံးသာပါတဲ့ထုတ္ျပန္ခ်က္သာ အသင္းရဲ႕တြစ္တာမွာတင္ေပးခဲ့လို႔ပါပဲ။ “ ပီအက္စ္ဂ်ီမွာ ပိုခ်က္တီႏို၏အခန္းက႑ အဆုံးသတ္သြားၿပီျဖစ္ေၾကာင္း အတည္ျပဳလိုက္ပါသည္။

၎တို႔၏လုပ္ေဆာင္မႈမ်ားအတြက္ ပိုခ်က္တီႏိုႏွင့္ ၎၏အဖြဲ႕ကို အသင္းအေနျဖင့္ေက်းဇူးတင္ၿပီး အနာဂတ္အတြက္ အေကာင္းဆုံးျဖစ္ပါေစေၾကာင္း ဆုေတာင္းလိုက္ပါသည္ ” လို႔ ေရးသားထားတာပါ။