စာတမ်းကိုင်ပြီး သူ့ကိုအရှက်ခွဲခဲ့တဲ့ တီကိုပရိသတ်တွေကို ရော်နယ်ဒို ပါးပါးလေးပြန်ပုတ်

ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ကိုမကြိုဆိုပါဘူးလို့ “ CR7 not welcome ” ဆိုတဲ့စာတမ်းကိုင်ပြီး အရှက်ခွဲခဲ့တဲ့အက်သလက်တီကိုပရိသတ်တွေကို တုံ့ပြန်လိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ မန်ယူကနေထွက်ခွာဖို့ အပြင်းအထန်ကြိုးစားနေသူပါ။ မန်ယူအနေနဲ့ သူ့အတွက်ပြောင်းရွှေ့ကြေးကို သတ်မှတ်ပေးမယ်ဆိုရင်

ခေါ်ယူဖို့သဘောတူထားတဲ့ အသင်းတစ်သင်းရှိနေတယ်လို့လည်း အေးဂျင့်ဂျော့မန်ဒက်စ်က သရဲနီတာဝန်ရှိသူတွေကို ပြောထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

ချန်ပီယံလိဂ်ကစားချင်တဲ့ ရော်နယ်ဒိုရဲ့အသင်းသစ် ဖြစ်လာနိုင်ချေရှိတဲ့အထဲမှာ အက်သလက်တီကိုလည်း ပါဝင်နေပေမယ့် ပရိသတ်တွေကတော့ ရီးရဲလ်တိုက်စစ်မှူးဟောင်းကို

ခါးခါးသီးသီးဖြစ်နေကြပါတယ်။ ဒါကြောင့် ခြေစမ်းပွဲတစ်ပွဲမှာ “ CR7 not welcome ” ဆိုတဲ့ စာတမ်းကိုင်ဆောင်ခဲ့ကြသလို ရော်နယ်ဒိုကို မခေါ်ဖို့ သဘောထားကြေညာချက်လည်း

ထုတ်ပြန်ခဲ့ကြတာပါ။ ပေါ်တူဂီကြယ်ပွင့်ကလည်း တီကိုပရိသတ်တွေကို ခပ်ပါးပါးလေးတုံ့ပြန်လိုက်ပါတယ်။ သူ့ရဲ့အင်စတာဂရမ်မှာ ရယ်မောနေတဲ့ အီမိုဂျီ ၄ ခုတင်ပြီး ရိုးရိုးလေးတုံ့ပြန်လိုက်တာပါ။

ဒါ့အပြင် “ ငါ့အကြောင်း တစ်နေ့တည်းပြောဖို့ မဖြစ်နိုင်ပါဘူး။ မီဒီယာတွေ ပိုက်ဆံမရဘဲဖြစ်ကုန်မှာပေါ့။ တကယ်လို့ မင်း မညာရင် လူတွေရဲ့အာရုံစိုက်မှု မရဘူးဆိုတာ မင်းလည်းသိပါတယ်။ တစ်နေ့မှာ မင်း သတင်းမှန်ရမှာပါ။ ဆက်သွားပါ .. ” လို့လည်း မှတ်ချက်ပေးထားပါတယ်။

(zawgyi)

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ သူ႔ကိုမႀကိဳဆိုပါဘူးလို႔ “ CR7 not welcome ” ဆိုတဲ့စာတမ္းကိုင္ၿပီး အရွက္ခြဲခဲ့တဲ့အက္သလက္တီကိုပရိသတ္ေတြကို တုံ႔ျပန္လိုက္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ေပၚတူဂီတိုက္စစ္မႉးဟာ မန္ယူကေနထြက္ခြာဖို႔ အျပင္းအထန္ႀကိဳးစားေနသူပါ။ မန္ယူအေနနဲ႔ သူ႔အတြက္ေျပာင္းေ႐ႊ႕ေၾကးကို သတ္မွတ္ေပးမယ္ဆိုရင္

ေခၚယူဖို႔သေဘာတူထားတဲ့ အသင္းတစ္သင္းရွိေနတယ္လို႔လည္း ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က သရဲနီတာဝန္ရွိသူေတြကို ေျပာထားတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

ခ်န္ပီယံလိဂ္ကစားခ်င္တဲ့ ေရာ္နယ္ဒိုရဲ႕အသင္းသစ္ ျဖစ္လာႏိုင္ေခ်ရွိတဲ့အထဲမွာ အက္သလက္တီကိုလည္း ပါဝင္ေနေပမယ့္ ပရိသတ္ေတြကေတာ့ ရီးရဲလ္တိုက္စစ္မႉးေဟာင္းကို ခါးခါးသီးသီးျဖစ္ေနၾကပါတယ္။

ဒါေၾကာင့္ ေျခစမ္းပြဲတစ္ပြဲမွာ “ CR7 not welcome ” ဆိုတဲ့ စာတမ္းကိုင္ေဆာင္ခဲ့ၾကသလို ေရာ္နယ္ဒိုကို မေခၚဖို႔ သေဘာထားေၾကညာခ်က္လည္း ထုတ္ျပန္ခဲ့ၾကတာပါ။

ေပၚတူဂီၾကယ္ပြင့္ကလည္း တီကိုပရိသတ္ေတြကို ခပ္ပါးပါးေလးတုံ႔ျပန္လိုက္ပါတယ္။ သူ႔ရဲ႕အင္စတာဂရမ္မွာ ရယ္ေမာေနတဲ့ အီမိုဂ်ီ ၄ ခုတင္ၿပီး ႐ိုး႐ိုးေလးတုံ႔ျပန္လိုက္တာပါ။ ဒါ့အျပင္ “ ငါ့အေၾကာင္း တစ္ေန႔တည္းေျပာဖို႔ မျဖစ္ႏိုင္ပါဘူး။

မီဒီယာေတြ ပိုက္ဆံမရဘဲျဖစ္ကုန္မွာေပါ့။ တကယ္လို႔ မင္း မညာရင္ လူေတြရဲ႕အာ႐ုံစိုက္မႈ မရဘူးဆိုတာ မင္းလည္းသိပါတယ္။ တစ္ေန႔မွာ မင္း သတင္းမွန္ရမွာပါ။ ဆက္သြားပါ .. ” လို႔လည္း မွတ္ခ်က္ေပးထားပါတယ္။