စာချုပ်ပါအချက်အလက်တွေ ပေါက်ကြားကုန်လို့ အမ်ဘာပီကို ခေါ်ယူဖို့ ရီးရဲလ်တို့ ခြေလှမ်းပြင်ပြီ

ပီအက်စ်ဂျီအသင်းနဲ့အတူ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အသေးစိတ် အချက်အလက်တွေ လူသိရှင်ကြား ထွက်ပေါ်လာတာကြောင့် ရီးရဲလ်ဟာ လာမယ့်နွေ ရာသီဈေးကွက်မှာ အမ်ဘာပီကို ခေါ်ယူဖို့ ထပ်မံကြိုးစားမှာဖြစ်တယ်လို့ The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပဲရစ်ကလပ်နဲ့အတူ တစ်ပတ်လုပ် ပေါင် ၆၅၀၀၀၀ နဲ့ ၃ နှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ပြီးခဲ့တဲ့ မေလမှာ ချုပ်ဆိုခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပီအက်စ်ဂျီဂျာစီကို ၂၀၂၅ ခုနှစ်အထိ မြင်တွေ့ရမယ်လို့ အားလုံးက ထင်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စာချုပ် ပါအချက်အလက်တွေ ပေါက်ကြားကုန်တာကြောင့် ထင်ထားသလို မဟုတ်တော့ပါဘူး။ အမ်ဘာပီဟာ လက်ရှိစာချုပ်အရ ပီအက်စ်ဂျီမှာ ၂၀၂၄ ခုနှစ်အထိသာ ဆက်ကစားရမှာဖြစ်ပြီး နောက်ထပ် တစ်နှစ်ကိုတော့ ကစားသမားကိုယ်တိုင်က

လိုလိုလားလားနဲ့ သက်တမ်းတိုးမှသာ ပီအက်စ်ဂျီက ဆက်ပြီး ထိန်းချုပ်ပိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ တကယ်လို့များ ကစားသမားက သက်တမ်း မတိုးချင်ခဲ့ဘူးဆိုရင်တော့ လာမယ့် နွေရာသီဈေးကွက်မှာ ပီအက်စ်ဂျီက ထုတ်ရောင်းရင်ရောင်း၊ ဒါမှမဟုတ်ရင်တော့

နောက်ထပ် ၁၂ လကြာတဲ့အခါ မှာ ပေါင် သန်း ၁၅၀နဲ့ အထက် ဈေးသတ်မှတ်ထားတဲ့ တိုက်စစ်မှူးအတွက် ဘာတစ်ပြားမှ မရလိုက်ဘဲ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပြင်သစ်နဲ့အတူ ပါဝင်ကစားလိုတာကြောင့်

ကာတာ သူဌေးတွေပိုင်တဲ့ ပီအက်စ်ဂျီနဲ့အတူ စာချုပ်သက်တမ်း တိုးခဲ့တာဖြစ်တယ်လို့ ပြင်သစ်ကလာတဲ့ သတင်းတချို့အရတော့ သိရပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားလို့ အချိန်ကြာလာတာနဲ့အမျှ စာချုပ်ပါ အချက်အလက်တွေအရ အမ်ဘာပီကို

ပီအက်စ်ဂျီက ဆုံးရှုံးတော့မယ်အချိန် နီးကပ်လာခဲ့ရင် ကာတာ သူဌေးတွေကတော့ ဒီကြယ်ပွင့်ကစားသမားကို ရောင်းထုတ် ဖို့တားမြစ်တာမျိုးကို ချီတုံချတုံဖြစ်နေတာတော့ နည်းသွားပါလိမ့်မယ်။ တစ်ဖက်မှာ အသင်းဖော်နေမာနဲ့အတူ ပွတ်တိုက်မှု လေးတွေရှိနေတာကလည်း ပီအက်စ်ဂျီအတွက် အကြောင်းပြလို့ ကောင်းတဲ့ အချက်လေးတွေပေါ့လေ။

အမ်ဘာပီထွက်သွားပြီဆိုရင်တော့ ပီအက်စ်ဂျီမှာ အဓိက ဦးစားပေး တိုက်စစ်မှူးနေရာကို ဘရာဇီးသား နေမာက လက်ဝယ် ပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ နောက်ပြီး အမ်ဘာပီကို ရောင်းထုတ်မှုဟာ ပီအက်စ်ဂျီအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို အကျိုးရှိမှာဖြစ်ပြီး ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း ရေချိန်ကို အကောင်းဆုံး ထိန်းညှိနိုင်မှာလည်း ဖြစ်ပါတယ်။

(zawgyi)

ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ပါ အေသးစိတ္ အခ်က္အလက္ေတြ လူသိရွင္ၾကား ထြက္ေပၚလာတာေၾကာင့္ ရီးရဲလ္ဟာ လာမယ့္ေႏြ ရာသီေဈးကြက္မွာ အမ္ဘာပီကို ေခၚယူဖို႔ ထပ္မံႀကိဳးစားမွာျဖစ္တယ္လို႔ The Sun ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ပဲရစ္ကလပ္နဲ႔အတူ တစ္ပတ္လုပ္ ေပါင္ ၆၅၀၀၀၀ နဲ႔ ၃ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္ကို ၿပီးခဲ့တဲ့ ေမလမွာ ခ်ဳပ္ဆိုခဲ့တာပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ခႏၶာကိုယ္ေပၚမွာ ပီအက္စ္ဂ်ီဂ်ာစီကို ၂၀၂၅ ခုႏွစ္အထိ ျမင္ေတြ႕ရမယ္လို႔ အားလုံးက ထင္ခဲ့ပါတယ္။ ဒါေပမဲ့ လက္ရွိမွာေတာ့ စာခ်ဳပ္ ပါအခ်က္အလက္ေတြ

ေပါက္ၾကားကုန္တာေၾကာင့္ ထင္ထားသလို မဟုတ္ေတာ့ပါဘူး။ အမ္ဘာပီဟာ လက္ရွိစာခ်ဳပ္အရ ပီအက္စ္ဂ်ီမွာ ၂၀၂၄ ခုႏွစ္အထိသာ ဆက္ကစားရမွာျဖစ္ၿပီး ေနာက္ထပ္ တစ္ႏွစ္ကိုေတာ့ ကစားသမားကိုယ္တိုင္က လိုလိုလားလားနဲ႔ သက္တမ္းတိုးမွသာ ပီအက္စ္ဂ်ီက ဆက္ၿပီး ထိန္းခ်ဳပ္ပိုင္ခြင့္ ရရွိမွာျဖစ္ပါတယ္။

တကယ္လို႔မ်ား ကစားသမားက သက္တမ္း မတိုးခ်င္ခဲ့ဘူးဆိုရင္ေတာ့ လာမယ့္ ေႏြရာသီေဈးကြက္မွာ ပီအက္စ္ဂ်ီက ထုတ္ေရာင္းရင္ေရာင္း၊ ဒါမွမဟုတ္ရင္ေတာ့ ေနာက္ထပ္ ၁၂ လၾကာတဲ့အခါ မွာ ေပါင္ သန္း ၁၅၀နဲ႔ အထက္ ေဈးသတ္မွတ္ထားတဲ့ တိုက္စစ္မႉးအတြက္ ဘာတစ္ျပားမွ မရလိုက္ဘဲ

လက္လႊတ္ရေတာ့မွာ ျဖစ္ပါတယ္။ ကာတာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ ျပင္သစ္နဲ႔အတူ ပါဝင္ကစားလိုတာေၾကာင့္ ကာတာ သူေဌးေတြပိုင္တဲ့ ပီအက္စ္ဂ်ီနဲ႔အတူ စာခ်ဳပ္သက္တမ္း တိုးခဲ့တာျဖစ္တယ္လို႔ ျပင္သစ္ကလာတဲ့ သတင္းတခ်ိဳ႕အရေတာ့ သိရပါတယ္။ ဒါေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး

ၿပီးဆုံးသြားလို႔ အခ်ိန္ၾကာလာတာနဲ႔အမွ် စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ အမ္ဘာပီကို ပီအက္စ္ဂ်ီက ဆုံးရႈံးေတာ့မယ္အခ်ိန္ နီးကပ္လာခဲ့ရင္ ကာတာ သူေဌးေတြကေတာ့ ဒီၾကယ္ပြင့္ကစားသမားကို ေရာင္းထုတ္ ဖို႔တားျမစ္တာမ်ိဳးကို ခ်ီတုံခ်တုံျဖစ္ေနတာေတာ့ နည္းသြားပါလိမ့္မယ္။

တစ္ဖက္မွာ အသင္းေဖာ္ေနမာနဲ႔အတူ ပြတ္တိုက္မႈ ေလးေတြရွိေနတာကလည္း ပီအက္စ္ဂ်ီအတြက္ အေၾကာင္းျပလို႔ ေကာင္းတဲ့ အခ်က္ေလးေတြေပါ့ေလ။ အမ္ဘာပီထြက္သြားၿပီဆိုရင္ေတာ့ ပီအက္စ္ဂ်ီမွာ အဓိက ဦးစားေပး တိုက္စစ္မႉးေနရာကို ဘရာဇီးသား ေနမာက

လက္ဝယ္ ပိုင္ဆိုင္ခြင့္ ရရွိမွာျဖစ္ပါတယ္။ ေနာက္ၿပီး အမ္ဘာပီကို ေရာင္းထုတ္မႈဟာ ပီအက္စ္ဂ်ီအတြက္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဆိုသလို အက်ိဳးရွိမွာျဖစ္ၿပီး ယူအီးအက္ဖ္ေအရဲ႕ ဘ႑ာေရးသာတူညီမွ်စည္းမ်ဥ္း ေရခ်ိန္ကို အေကာင္းဆုံး ထိန္းညႇိႏိုင္မွာလည္း ျဖစ္ပါတယ္။