စရိုက်မှန်ထုတ်ပြလိုက်တဲ့ ရူဒီဂါကြောင့် ဘာစီလိုနာနဲ့အယ်လ်ကလက်စီကိုပွဲ လွဲရတော့မယ့် ဟာဇက်

အီဒန်ဟာဇက်ကတော့ ရာသီကြိုလေ့ကျင့်ရေးမှာ ဒဏ်ရာရသွားတာကြောင့် ဘာစီလိုနာနဲ့အယ်လ်ကလက်စီကိုပွဲကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

ရီးရဲလ်တိုက်စစ်မှူးကို ဒဏ်ရာရစေခဲ့သူက အသင်းဖော် နောက်ခံလူအန်တိုနီယိုရူဒီဂါပဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဂျာမနီလက်ရွေးစင်ဟာ ချဲလ်ဆီးနဲ့စာချုပ်ပြည့်တဲ့နောက်

ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာသူပါ။ ၂၀၁၉ တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာခဲ့တဲ့ဟာဇက်နဲ့ ရီးရဲလ်မှာပြန်ဆုံကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လ်ဂျီယံသားအတွက်တော့ ချဲလ်ဆီးအသင်းဖော်ဟောင်းနဲ့ ပြန်လည်ဆုံတွေ့မှုမှာ ကံမကောင်းခဲ့ရှာပါဘူး။ လေ့ကျင့်ကွင်းမှာ ဘောလုံးရဖို့လုကြရင်း

ရူဒီဂါရဲ့အဝင်ကြမ်းမှုကြောင့် ဒဏ်ရာရသွားခဲ့တာပါ။ ရှေ့တည့်တည့်ကနေ ခြေစုံပစ်ဝင်တဲ့ ရူဒီဂါရဲ့လုပ်ရပ်က အတော်လေးကြောက်စရာကောင်းခဲ့ပြီး ဟာဇက် လွင့်ထွက်သွားခဲ့ရပါတယ်။

သူ့ရဲ့အော်သံကြောင့် ရီးရဲလ်အသင်းဖော်တွေလည်း ထိတ်လန့်တကြားနဲ့ ခေါင်းပေါ်လက်တင်သူတင် ဖြစ်ကုန်ကြပါတယ်။ အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ခြေကျင်းဝတ်ဒဏ်ရာ

ရသွားပုံရပြီး ဘာစီလိုနာနဲ့ပွဲကို လွဲရဖို့ရှိနေတာပါ။ ရီးရဲလ်နဲ့ဘာစီလိုနာဟာ စပိန်ပြင်ပက အယ်လ်ကလက်စီကိုပွဲအဖြစ် အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မှာ

ခြေစမ်းဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ဘာနေးဗျူးကိုရောက်လာတဲ့နောက် ဒဏ်ရာပြဿနာတွေနှိပ်စက်မှုကြောင့် ၇၂ ပွဲ လွဲခဲ့ရပြီး ဖိအားတွေရှိနေတဲ့ ဟာဇက်အတွက်တော့ အကုသိုလ်ထပ်ဝင်တာပါပဲ။

(zawgyi)

အီဒန္ဟာဇက္ကေတာ့ ရာသီႀကိဳေလ့က်င့္ေရးမွာ ဒဏ္ရာရသြားတာေၾကာင့္ ဘာစီလိုနာနဲ႔အယ္လ္ကလက္စီကိုပြဲကို လြဲေခ်ာ္ရေတာ့မယ္လို႔ သိရပါတယ္။ ရီးရဲလ္တိုက္စစ္မႉးကို ဒဏ္ရာရေစခဲ့သူက

အသင္းေဖာ္ ေနာက္ခံလူအန္တိုနီယို႐ူဒီဂါပဲျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ ဂ်ာမနီလက္ေ႐ြးစင္ဟာ ခ်ဲလ္ဆီးနဲ႔စာခ်ဳပ္ျပည့္တဲ့ေနာက္ ရီးရဲလ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာသူပါ။

၂၀၁၉ တုန္းက စတမ္းဖို႔ဒ္ဘရစ္ခ်္ကေန ထြက္ခြာခဲ့တဲ့ဟာဇက္နဲ႔ ရီးရဲလ္မွာျပန္ဆုံၾကတာျဖစ္ပါတယ္။ ဒါေပမဲ့ ဘယ္လ္ဂ်ီယံသားအတြက္ေတာ့ ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္းနဲ႔ ျပန္လည္ဆုံေတြ႕မႈမွာ

ကံမေကာင္းခဲ့ရွာပါဘူး။ ေလ့က်င့္ကြင္းမွာ ေဘာလုံးရဖို႔လုၾကရင္း ႐ူဒီဂါရဲ႕အဝင္ၾကမ္းမႈေၾကာင့္ ဒဏ္ရာရသြားခဲ့တာပါ။ ေရွ႕တည့္တည့္ကေန ေျခစုံပစ္ဝင္တဲ့ ႐ူဒီဂါရဲ႕လုပ္ရပ္က

အေတာ္ေလးေၾကာက္စရာေကာင္းခဲ့ၿပီး ဟာဇက္ လြင့္ထြက္သြားခဲ့ရပါတယ္။ သူ႔ရဲ႕ေအာ္သံေၾကာင့္ ရီးရဲလ္အသင္းေဖာ္ေတြလည္း ထိတ္လန႔္တၾကားနဲ႔ ေခါင္းေပၚလက္တင္သူတင္ ျဖစ္ကုန္ၾကပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ေျခက်င္းဝတ္ဒဏ္ရာ ရသြားပုံရၿပီး ဘာစီလိုနာနဲ႔ပြဲကို လြဲရဖို႔ရွိေနတာပါ။ ရီးရဲလ္နဲ႔ဘာစီလိုနာဟာ စပိန္ျပင္ပက အယ္လ္ကလက္စီကိုပြဲအျဖစ္ အေမရိကန္ႏိုင္ငံ

လက္စ္ဗီးဂတ္စ္မွာ ေျခစမ္းဖို႔စီစဥ္ထားတာျဖစ္ပါတယ္။ ဘာေနးဗ်ဴးကိုေရာက္လာတဲ့ေနာက္ ဒဏ္ရာျပႆနာေတြႏွိပ္စက္မႈေၾကာင့္ ၇၂ ပြဲ လြဲခဲ့ရၿပီး ဖိအားေတြရွိေနတဲ့ ဟာဇက္အတြက္ေတာ့ အကုသိုလ္ထပ္ဝင္တာပါပဲ။