





လွန်ခဲ့တဲ့ ၂၀၁၀-၂၀၁၃ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှာ ရော်နယ်ဒိုနဲ့အတူ
ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာ ပေါ်တူဂီစပို့စ္စတင်း CP အသင်းရဲ့ နံပါတ်တစ်





ဂိုးသမားအဖြစ် ကစားနေတဲ့ အန်တိုနီယို အမ်ဒါ က ရော်နယ်ဒို တစ်ယောက်
အသင်းဟောင်း စပို့တင်း ဆီ ပြန်လာဖို့ စပို့တင်းအသင်းသားတွေနဲ့
ပရိသတ်တွေဟာစောင့်မျှော်နေကြတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။





စပို့တင်းCP အသင်းဟာ ရော်နယ်ဒိုကို မြေတောင်မြောက်ပေးခဲ့တဲ့
လက်ဦးဆရာအသင်းဖြစ်ပါတယ်။ ရော်နယ်ဒိုက လက်ရှိမှာ ယူနိုက်တက် အတွက်





ရေကုန်ရေခမ်း ကြိုးစားပေးနေပြီး၊ သရဲနီတို့ ရာသီကုန်ချိန် အဆင့် ၄ အတွင်း
မဝင်ရင်တောင် ယူနိုက်တက် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါပေမယ့် ရော်နယ်ဒို ရဲ့ မိခင်ကတော့ သူ့သားကို ကျေးဇူးရှင်





စပို့တင်း အသင်းမှာပဲ ကစားသမား ဘ၀ ကုန်ဆုံးစေချင်ပါတယ်။
“ခန္ဓာကိုယ်ကြံ့ခိုင်မှုအရတော့ ရော်နယ်ဒိုက သူကစားချင်သလောက်





ကစားနိုင်ပါသေးတယ်။ ကျွန်တော်အပါအဝင် လက်ရှိစပို့တင်းအသင်းမှာ
ကစားနေတဲ့ ကစားသမားအယောက်စီတိုင်းနဲ့ ပရိသတ်တွေအားလုံးက
ရော်နယ်ဒို ဒီကိုပြန်လာမဲ့ အပြန်ခရီးကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြတာပါ”





“ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာ
သံသယဖြစ်ဖွယ်မရှိပါဘူး။ ရော်နယ်ဒို ဒီကို ပြန်လာရင် အားလုံးအတွက်





အရမ်းအရေးပါပြီး အဖိုးတန်တဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်လို့
ကျွန်တော်ထင်ပါတယ်။” လို့ အန်တိုနီယို က ပြောထားပါတယ်။
ရော်နယ်ဒိုက စပို့တင်းအသင်းကြီးအတွက် ကစားပွဲပေါင်း ၃၁ ပွဲပါဝင်ကစားခဲ့ပြီး





သွင်းဂိုး (၅) ဂိုးနဲ့ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
zawgyi





” စပို႔တင္း က ေရာ္နယ္ဒို အတြက္ဆို တံခါး အၿမဲဖြင့္ထားတယ္ ” အန္တိုနီယို
လြန္ခဲ့တဲ့ ၂၀၁၀-၂၀၁၃ ခုႏွစ္တြင္ ရီးရဲလ္မက္ဒရစ္အသင္းမွာ ေရာ္နယ္ဒိုနဲ႔အတူ
ကစားခဲ့ဖူးၿပီး လက္ရွိအခ်ိန္မွာ ေပၚတူဂီစပို႔စၥတင္း CP အသင္းရဲ႕ နံပါတ္တစ္





ဂိုးသမားအျဖစ္ ကစားေနတဲ့ အန္တိုနီယို အမ္ဒါ က ေရာ္နယ္ဒို တစ္ေယာက္
အသင္းေဟာင္း စပို႔တင္း ဆီ ျပန္လာဖို႔ စပို႔တင္းအသင္းသားေတြနဲ႔





ပရိသတ္ေတြဟာေစာင့္ေမွ်ာ္ေနၾကတယ္လို႔ ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
စပို႔တင္းCP အသင္းဟာ ေရာ္နယ္ဒိုကို ေျမေတာင္ေျမာက္ေပးခဲ့တဲ့
လက္ဦးဆရာအသင္းျဖစ္ပါတယ္။ ေရာ္နယ္ဒိုက လက္ရွိမွာ ယူႏိုက္တက္ အတြက္





ေရကုန္ေရခမ္း ႀကိဳးစားေပးေနၿပီး၊ သရဲနီတို႔ ရာသီကုန္ခ်ိန္ အဆင့္ ၄ အတြင္း
မဝင္ရင္ေတာင္ ယူႏိုက္တက္ မွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ထားပါတယ္။





ဒါေပမယ့္ ေရာ္နယ္ဒို ရဲ႕ မိခင္ကေတာ့ သူ႔သားကို ေက်းဇူးရွင္
စပို႔တင္း အသင္းမွာပဲ ကစားသမား ဘ၀ ကုန္ဆုံးေစခ်င္ပါတယ္။
“ခႏၶာကိုယ္ႀကံ့ခိုင္မႈအရေတာ့ ေရာ္နယ္ဒိုက သူကစားခ်င္သေလာက္





ကစားႏိုင္ပါေသးတယ္။ ကြၽန္ေတာ္အပါအဝင္ လက္ရွိစပို႔တင္းအသင္းမွာ
ကစားေနတဲ့ ကစားသမားအေယာက္စီတိုင္းနဲ႔ ပရိသတ္ေတြအားလုံးက





ေရာ္နယ္ဒို ဒီကိုျပန္လာမဲ့ အျပန္ခရီးကို စိတ္အားထက္သန္စြာ ေစာင့္ေမွ်ာ္ေနၾကတာပါ”
“ေရာ္နယ္ဒိုက ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ေယာက္ဆိုတာ
သံသယျဖစ္ဖြယ္မရွိပါဘူး။ ေရာ္နယ္ဒို ဒီကို ျပန္လာရင္ အားလုံးအတြက္





အရမ္းအေရးပါၿပီး အဖိုးတန္တဲ့ အရာတစ္ခု ျဖစ္လိမ့္မယ္လို႔
ကြၽန္ေတာ္ထင္ပါတယ္။” လို႔ အန္တိုနီယို က ေျပာထားပါတယ္။





ေရာ္နယ္ဒိုက စပို႔တင္းအသင္းႀကီးအတြက္ ကစားပြဲေပါင္း ၃၁ ပြဲပါဝင္ကစားခဲ့ၿပီး
သြင္းဂိုး (၅) ဂိုးနဲ႔ ဂိုးဖန္တီးမႈ (၆) ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
Leave a Reply