စပါးအသင်းနဲ့ အလျင်စလို စာချုပ်သစ်ချုပ်ဖို့ ဟယ်ရီကိန်း ဆန္ဒမရှိ

စပါးအသင်း နာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်းက စာချုပ်သစ်ကိစ္

စအတွက် လာမယ့်လတွေအတွင်း ဆွေးနွေးဖို့ရှိပေမယ့် အခုအချိန်မှာတော့
အသင်းအတွက် အကောင်းဆုံးကစားနိုင်ဖို့ပဲ အာရုံစိုက်ထားတယ်လို့
ဖွင့်ဟပြောဆိုခဲ့ပါတယ်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အင်္ဂလန်လက်ရွေးစင်ကစားသမား
ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့တနင်္လာနေ့က ဖူလ်ဟမ်အသင်းကို (၁-ဝ)ဂိုးနဲ့
အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော
အနိုင်ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် စပါးအသင်းဂန္ထဝင်တိုက်စစ်မှူး

ဂျင်မီဂရိဗ်ရဲ့ သွင်းဂိုးအများဆုံးစံချိန်ဖြစ်တဲ့ (၂၆၆)ဂိုးနဲ့ တူညီသွားပြီ
ဖြစ်ပါတယ်။

ဟယ်ရီကိန်းရဲ့ လက်ရှိစာချုပ်သက်တမ်းက (၁၈)လသာ ကျန်ရှိတော့ပြီး
သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့က အပြိုင်
စိတ်ဝင်စားနေကြပါတယ်။ စပါးအသင်းအနေနဲ့ ဟယ်ရီကိန်းကို စာချုပ်
သက်တမ်းမတိုးနိုင်ရင် ၂၀၂၄ ခုနှစ်မှာ အလွတ်နဲ့ဆုံးရှုံးရမယ့် အန္တရာယ်
ရှိတာကြောင့် မြင့်မားတဲ့လစာငွေတိုးမြှင့်ပေးပြီးတော့ စာချုပ်သစ်ချုပ်ဖို့

ကြိုးစားမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဟယ်ရီကိန်းအနေနဲ့ ဒီရာသီမှာ စပါးအသင်းရဲ့ အောင်မြင်မှု

အနေအထားအပေါ် မူတည်ပြီးမှ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို စဉ်းစား
ဆုံးဖြတ်သွားဖို့ရှိပါတယ်။ ဟယ်ရီကိန်းက “လာမယ့်လတွေကျရင် စာချုပ်သစ်
ကိစ္စအတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ
ပြောနိုင်ပါတယ်။

ဒါပေမဲ့ ကျွန်တော်ကတော့ ဒီရာသီအတွက်သာ အာရုံစိုက်ထားပြီး အသင်း
အတွက် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ဖို့ပဲ ခေါင်းထဲထည့်ထားပါတယ်။
ပွဲတွေအများကြီးကစားရဦးမှာဖြစ်သလို ချန်ပီယံလိဂ်နဲ့ FA ဖလားပြိုင်ပွဲ

လမ်းကြောင်း (၂)ခုပေါ်မှာ ကျွန်တော်တို့အသင်း ဆက်ရှိနေဆဲဖြစ်တာကြောင့်
အဲဒီပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ဖို့အတွက် အာရုံစိုက်ထားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

စပါးအသင္း နာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္းက စာခ်ဳပ္သစ္ကိစ္
စအတြက္ လာမယ့္လေတြအတြင္း ေဆြးေႏြးဖို႔ရွိေပမယ့္ အခုအခ်ိန္မွာေတာ့
အသင္းအတြက္ အေကာင္းဆုံးကစားႏိုင္ဖို႔ပဲ အာ႐ုံစိုက္ထားတယ္လို႔
ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂၤလန္လက္ေ႐ြးစင္ကစားသမား
ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့တနလၤာေန႔က ဖူလ္ဟမ္အသင္းကို (၁-ဝ)ဂိုးနဲ႔
အႏိုင္ရတဲ့ ပရီးမီးယားလိဂ္ပြဲမွာ အသင္းအတြက္ တစ္လုံးတည္းေသာ

အႏိုင္ဂိုးသြင္းယူခဲ့ၿပီး အခုဆိုရင္ စပါးအသင္းဂႏၴဝင္တိုက္စစ္မႉး
ဂ်င္မီဂရိဗ္ရဲ႕ သြင္းဂိုးအမ်ားဆုံးစံခ်ိန္ျဖစ္တဲ့ (၂၆၆)ဂိုးနဲ႔ တူညီသြားၿပီ
ျဖစ္ပါတယ္။

ဟယ္ရီကိန္းရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက (၁၈)လသာ က်န္ရွိေတာ့ၿပီး
သူ႔ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က အၿပိဳင္
စိတ္ဝင္စားေနၾကပါတယ္။ စပါးအသင္းအေနနဲ႔ ဟယ္ရီကိန္းကို စာခ်ဳပ္
သက္တမ္းမတိုးႏိုင္ရင္ ၂၀၂၄ ခုႏွစ္မွာ အလြတ္နဲ႔ဆုံးရႈံးရမယ့္ အႏၲရာယ္

ရွိတာေၾကာင့္ ျမင့္မားတဲ့လစာေငြတိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔
ႀကိဳးစားမွာျဖစ္ပါတယ္။

ဒါေပမဲ့လည္း ဟယ္ရီကိန္းအေနနဲ႔ ဒီရာသီမွာ စပါးအသင္းရဲ႕ ေအာင္ျမင္မႈ
အေနအထားအေပၚ မူတည္ၿပီးမွ စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥကို စဥ္းစား
ဆုံးျဖတ္သြားဖို႔ရွိပါတယ္။ ဟယ္ရီကိန္းက “လာမယ့္လေတြက်ရင္ စာခ်ဳပ္သစ္
ကိစၥအတြက္ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္မယ္ဆိုတာ ကြၽန္ေတာ္ အေသအခ်ာ
ေျပာႏိုင္ပါတယ္။

ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ဒီရာသီအတြက္သာ အာ႐ုံစိုက္ထားၿပီး အသင္း
အတြက္ အေကာင္းဆုံးျဖစ္ေအာင္ စြမ္းေဆာင္ဖို႔ပဲ ေခါင္းထဲထည့္ထားပါတယ္။

ပြဲေတြအမ်ားႀကီးကစားရဦးမွာျဖစ္သလို ခ်န္ပီယံလိဂ္နဲ႔ FA ဖလားၿပိဳင္ပြဲ
လမ္းေၾကာင္း (၂)ခုေပၚမွာ ကြၽန္ေတာ္တို႔အသင္း ဆက္ရွိေနဆဲျဖစ္တာေၾကာင့္
အဲဒီၿပိဳင္ပြဲေတြမွာ ဗိုလ္စြဲႏိုင္ဖို႔အတြက္ အာ႐ုံစိုက္ထားပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။