စပါးအသင်းကို ဆိုးလ်မှာ ကိုယ်တိုင်ကြိုဆိုခဲ့တဲ့ တိုက်စစ်မှူးဆွန်ဟောင်မင်

စပါးအသင်းဟာ ရာသီကြိုခြေစမ်းပွဲအတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ကေလိဂ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပြီးတဲ့နောက်

လာလီဂါကလပ်ဆီဗီလာနဲ့ကစားမှာပါ။ ဆိုးလ်က ဘောလုံးပရိသတ်တွေဟာ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုခဲ့ကြပြီး

ဆွန်ဟောင်မင်ကတော့ အထင်ပေါ်ဆုံးဖြစ်ခဲ့ပါတယ်။ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တောင်ကိုရီးယားအသင်းခေါင်းဆောင်ကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့

ကာကွယ်ခဲ့ရတဲ့အထိပါပဲ။ ဆိုက်ရောက်ဂိတ်မှာလည်း စပါးဂျာစီတွေ၊ နဖူးစည်းစာတန်းတွေကိုင်ဆောင်ထားတဲ့ တောင်ကိုရီးယားပရိသတ်တွေ အပြည့်ဖြစ်ခဲ့ပြီး

ဆွန်ဟောင်မင်၊ စပါးကစားသမားတွေနဲ့အတူ အမှတ်တရဓါတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ တကယ်တော့ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားမှာ ရောက်နှင့်နေပြီးသားပါ။

ဒါကြောင့် ခန်းမအလယ်မှာရပ်ပြီး “ ဆိုးလ်မြို့မှ ကြိုဆိုပါတယ် ” ဆိုတဲ့ဆိုင်းဘုတ်ကိုကိုင်ပြီး အသင်းဖော်တွေကိုကြိုဆိုခဲ့ပါတယ်။ နည်းပြကွန်တီအပါအဝင် အဲရစ်ဒိုင်ယာ၊

ဘန်ဒေးဗီးစ်၊ ဆန်းချက်ဇ်နဲ့ ဟယ်ရီကိန်းတို့ကလည်း တောင်ကိုရီးယားအလံကိုကိုင်ဆောင်ပြီး အမှတ်တရဓါတ်ပုံရိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့

ဆွန်ဟောင်မင်မှ ဆွန်ဟောင်မင်ဖြစ်ခဲ့ကြတာပါ။ အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၃ ဂိုးသွင်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို

လီဗာပူးလ်တိုက်စစ်မှူးဆာလက်နဲ့အတူ ပူးတွဲဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရတဲ့ ပထမဆုံးအာရှသားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်သလို တောင်ကိုရီးယားအတွက်လည်း ဂုဏ်ယူစရာဖြစ်ခဲ့တာပါ။

(zawgyi)

စပါးအသင္းဟာ ရာသီႀကိဳေျခစမ္းပြဲအတြက္ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ကို ေရာက္ရွိလာခဲ့ပါတယ္။ ေကလိဂ္လက္ေ႐ြးစင္အသင္းနဲ႔ ေျခစမ္းၿပီးတဲ့ေနာက္ လာလီဂါကလပ္ဆီဗီလာနဲ႔ကစားမွာပါ။

ဆိုးလ္က ေဘာလုံးပရိသတ္ေတြဟာ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေတြကို ေသာင္းေသာင္းဖ်ဖ် လာေရာက္ႀကိဳဆိုခဲ့ၾကၿပီး ဆြန္ေဟာင္မင္ကေတာ့ အထင္ေပၚဆုံးျဖစ္ခဲ့ပါတယ္။

အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ေတာင္ကိုရီးယားအသင္းေခါင္းေဆာင္ကို လုံၿခဳံေရးအေစာင့္အေရွာက္ေတြနဲ႔ ကာကြယ္ခဲ့ရတဲ့အထိပါပဲ။ ဆိုက္ေရာက္ဂိတ္မွာလည္း

စပါးဂ်ာစီေတြ၊ နဖူးစည္းစာတန္းေတြကိုင္ေဆာင္ထားတဲ့ ေတာင္ကိုရီးယားပရိသတ္ေတြ အျပည့္ျဖစ္ခဲ့ၿပီး ဆြန္ေဟာင္မင္၊ စပါးကစားသမားေတြနဲ႔အတူ အမွတ္တရဓါတ္ပုံ႐ိုက္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

တကယ္ေတာ့ ဆြန္ေဟာင္မင္ဟာ ေတာင္ကိုရီးယားမွာ ေရာက္ႏွင့္ေနၿပီးသားပါ။ ဒါေၾကာင့္ ခန္းမအလယ္မွာရပ္ၿပီး “ ဆိုးလ္ၿမိဳ႕မွ ႀကိဳဆိုပါတယ္ ” ဆိုတဲ့ဆိုင္းဘုတ္ကိုကိုင္ၿပီး

အသင္းေဖာ္ေတြကိုႀကိဳဆိုခဲ့ပါတယ္။ နည္းျပကြန္တီအပါအဝင္ အဲရစ္ဒိုင္ယာ၊ ဘန္ေဒးဗီးစ္၊ ဆန္းခ်က္ဇ္နဲ႔ ဟယ္ရီကိန္းတို႔ကလည္း ေတာင္ကိုရီးယားအလံကိုကိုင္ေဆာင္ၿပီး အမွတ္တရဓါတ္ပုံ႐ိုက္ခဲ့ၾကပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြကေတာ့ ဆြန္ေဟာင္မင္မွ ဆြန္ေဟာင္မင္ျဖစ္ခဲ့ၾကတာပါ။ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ၂၃ ဂိုးသြင္းႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကို

လီဗာပူးလ္တိုက္စစ္မႉးဆာလက္နဲ႔အတူ ပူးတြဲဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဒါဟာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုရတဲ့ ပထမဆုံးအာရွသားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္သလို ေတာင္ကိုရီးယားအတြက္လည္း ဂုဏ္ယူစရာျဖစ္ခဲ့တာပါ။