စပါးအတွက် မကစားရသေးခင် ပွဲပယ်ခံရတဲ့ တိုက်စစ်မှူးသစ်ရစ်ချာလီဆန်

စပါးအသင်းနောက်ဆုံးခေါ်ယူလိုက်တဲ့ တိုက်စစ်မှူးသစ်ရစ်ချာလီဆန်ကတော့ ကွန်တီရဲ့အသင်းအတွက် တစ်ပွဲမှမကစားရသေးခင်မှာပဲ ပွဲပယ်ခံခဲ့ရပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ရာသီတုန်းက ပရိသတ်ထဲကို မီးပန်းနဲ့ပြန်ပစ်ခဲ့လို့ပါ။ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ မေလတုန်းက ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဒီလိုလုပ်ခဲ့မိတာဖြစ်ပါတယ်။

အဲဗာတန်အတွက် အနိုင်ဂိုးသွင်းပြီးတဲ့နောက် အောင်ပွဲခံစဉ်မှာ သူ့ကိုပစ်ပေါက်ခဲ့တဲ့မီပန်းတစ်ခုကို ကောက်ယူပြီးပြန်ပစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ကို အက်ဖ်အေကပြန်လည်စစ်ဆေးပြီး တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် စပါးရဲ့ပေါင် သန်း ၆၀ တန်တိုက်စစ်မှူးဟာ သြဂုတ်လ ၆ ရက်နေ့ ဆောက်သမ်တန်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို လွဲချော်ရတော့မှာပါ။

ရစ်ချာလီဆန်ဟာ စပါးကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀၊ အပိုဆုကြေး ပေါင် ၁၀ သန်း သဘောတူညီချက်ပါဝင်တဲ့ ၅ နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အခုလို ပွဲပယ်ခံရတာကြောင့် သူ့ရဲ့စပါးကစားသမားဘ၀ ပရီးမီးယားလိဂ်ပွဲဦးထွက်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သြဂုတ်လ ၁၃ ရက် ချဲလ်ဆီးနဲ့ကစားမယ့်ပွဲစဉ် ဖြစ်လာဖို့ရှိနေပါတယ်။

စပါးကတော့ ခံစစ်မှာအားဖြည့်ဖို့ ဘာစီလိုနာရဲ့လန်ဂလတ်နဲ့ မစ်ဒယ်ဘရော့ရဲ့စပန်စီကို ခေါ်ယူနိုင်ဖို့ကြိုးစားနေပါတယ်။ ကွန်တီရဲ့အသင်းဟာ ဒီနွေဈေးကွက်မှာ ဖော်စတာ၊ ပါရီဆစ်၊ ဘစ်ဆိုမာနဲ့ ရစ်ချာလီဆန်တို့ကို ခေါ်ယူထားပါတယ်။

(zawgyi)

စပါးအသင္းေနာက္ဆုံးေခၚယူလိုက္တဲ့ တိုက္စစ္မႉးသစ္ရစ္ခ်ာလီဆန္ကေတာ့ ကြန္တီရဲ႕အသင္းအတြက္ တစ္ပြဲမွမကစားရေသးခင္မွာပဲ ပြဲပယ္ခံခဲ့ရပါတယ္။

အေၾကာင္းကေတာ့ ၿပီးခဲ့တဲ့ရာသီတုန္းက ပရိသတ္ထဲကို မီးပန္းနဲ႔ျပန္ပစ္ခဲ့လို႔ပါ။ အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးဟာ ေမလတုန္းက ခ်ဲလ္ဆီးကို ၁-၀ ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ ဒီလိုလုပ္ခဲ့မိတာျဖစ္ပါတယ္။

အဲဗာတန္အတြက္ အႏိုင္ဂိုးသြင္းၿပီးတဲ့ေနာက္ ေအာင္ပြဲခံစဥ္မွာ သူ႔ကိုပစ္ေပါက္ခဲ့တဲ့မီပန္းတစ္ခုကို ေကာက္ယူၿပီးျပန္ပစ္ခဲ့တာပါ။ ဒီျဖစ္ရပ္ကို အက္ဖ္ေအကျပန္လည္စစ္ေဆးၿပီး တစ္ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္လိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္ စပါးရဲ႕ေပါင္ သန္း ၆၀ တန္တိုက္စစ္မႉးဟာ ၾသဂုတ္လ ၆ ရက္ေန႔ ေဆာက္သမ္တန္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲကို လြဲေခ်ာ္ရေတာ့မွာပါ။

ရစ္ခ်ာလီဆန္ဟာ စပါးကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း ၅၀၊ အပိုဆုေၾကး ေပါင္ ၁၀ သန္း သေဘာတူညီခ်က္ပါဝင္တဲ့ ၅ ႏွစ္စာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

အခုလို ပြဲပယ္ခံရတာေၾကာင့္ သူ႔ရဲ႕စပါးကစားသမားဘ၀ ပရီးမီးယားလိဂ္ပြဲဦးထြက္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၾသဂုတ္လ ၁၃ ရက္ ခ်ဲလ္ဆီးနဲ႔ကစားမယ့္ပြဲစဥ္ ျဖစ္လာဖို႔ရွိေနပါတယ္။

စပါးကေတာ့ ခံစစ္မွာအားျဖည့္ဖို႔ ဘာစီလိုနာရဲ႕လန္ဂလတ္နဲ႔ မစ္ဒယ္ဘေရာ့ရဲ႕စပန္စီကို ေခၚယူႏိုင္ဖို႔ႀကိဳးစားေနပါတယ္။ ကြန္တီရဲ႕အသင္းဟာ ဒီေႏြေဈးကြက္မွာ ေဖာ္စတာ၊ ပါရီဆစ္၊ ဘစ္ဆိုမာနဲ႔ ရစ္ခ်ာလီဆန္တို႔ကို ေခၚယူထားပါတယ္။