စပါးမှာ ကွန်တီအဖြေထုတ်ပေးရတော့မယ့် ဆွန်ဟောင်မင် ပုစ္ဆာ

နည်းပြကွန်တီဟာ လက်ရှိဘောလုံးရာသီမှာ စပါးနဲ့အတူ ရလဒ်ကောင်းတွေ ရယူထားနိုင်သူဖြစ်ပေမယ့် နည်းပြဟောင်း မော်ရင်ညိုနဲ့ ပိုချက်တီနိုတို့ လက်ထက်က မကြုံဖူးခဲ့တဲ့ ပြဿနာမျိုးကို ရင်ဆိုင်နေရပြီဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Express သတင်းစာက ရေးသားဖော်ပြပါတယ်။

နည်းပြကွန်တီဟာ စပါးကို ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ သူဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ကွန်တီရဲ့လက်အောက်မှာ

အထနှေးနေတဲ့ ပုံစံမျိုး ဖြစ်နေ ပါပြီ။ နည်းပြဟောင်း မော်ရင်ညိုနဲ့ ပိုချက်တီနိုတို့ လက်ထက်မှာဆိုရင် ဆွန်ဟောင်မင်ဟာ စပါးရဲ့ အတောက်ပဆုံး ကစားသမားဖြစ်ခဲ့တာပါ။ အဲဒီအချိန်က ရီးရဲလ်မှာ တောက်ပနေခဲ့တဲ့ စီရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြီး ဆွန်နယ်ဒိုလို့တောင်

မော်ရင်ညိုကိုယ်တိုင် တင်စားခေါ်ဝေါ်ခဲ့တဲ့အထိကို ခြေစွမ်းပြနိုင်ခဲ့တာပါပဲ။ နောက်ပြီး အဲဒီနည်းပြနှစ်ယောက် လက်အောက်မှာလည်း ဆွန်ဟောင်မင်ဟာ မကြာခဏဆိုသလို ဂိုးသွင်းနိုင်ပြီး ပုံမှန်ပွဲထွက်ခွင့် ရခဲ့ပါတယ်။ စပါးကို နည်းပြ နူနိုဆန်တို တာဝန်ယူတော့လည်း

ဆွန်ဟောင်မင်က ပုံမှန်ပွဲထွက်ခွင့်ရပြီး ပိုနေမြဲ ကျားနေမြဲ ဂိုးတွေသွင်းနိုင်ခဲ့သလို ပထမ ဆုံး ၇ ပွဲမှာ ၄ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်အတွက် အကောင်းဆုံး ရာသီအစကတော့ ၂၀၂၀ ပြည့်နှစ်မှာဖြစ်ခဲ့ပြီး ပွဲစဉ်အစ ၆ ပွဲမှာ ၆ ဂိုးသွင်း ယူနိုင်ခဲ့တာပါ။ အဲဒီရာသီတွေမှာတော့ ဆွန်ဟောင်မင်ဟာ

ဟယ်ရီကိန်းနဲ့ အတူစပါးရဲ့ ဂိုးသွင်းစက်ဖြစ်ခဲ့ပြီး ဂိုးသွင်းရင်သွင်း၊ မသွင်းရင်လည်း ဂိုးဖန် တီးတာမျိုးတွေ လုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ ၇ ပွဲ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပုံမှန်ခြေစွမ်းရ ဖို့ ရုန်းကန်နေရပါပြီ။

ဂိုးဖန်တီးမှု တစ်ကြိမ်သာ လုပ်ပေးနိုင်ခဲ့ပြီး တစ်ဂိုးမှ မသွင်းနိုင်သေးတဲ့ ဆွန်ဟောင်မင်ဟာ ရှေ့လာမယ့်ပွဲစဉ်တွေရဲ့ ပွဲထွက်ခွင့် အတွက် သံသယဖြစ်စရာ ကောင်းလာနေပြီဖြစ်ပါတယ်။ အသက်အရွယ်အရလည်း အကျဘက်ကို ရောက်လာပြီဖြစ်တာကြောင့်

ဆွန်ဟောင်မင်ဟာ စပါးမှာ လုပ်ကွက်ရဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဒါကြောင့် ဒီတောင်ကိုရီးယားသားနဲ့ ပတ်သက်တဲ့ပုစ္ဆာအတွက် တိကျတဲ့အဖြေကို နည်းပြကွန်တီ ထုတ်ပေးရတော့ မယ့်သဘောမျိုး ရှိလာနေပြီပဲ ဖြစ်ပါတယ်။

(zawgyi)

နည္းျပကြန္တီဟာ လက္ရွိေဘာလုံးရာသီမွာ စပါးနဲ႔အတူ ရလဒ္ေကာင္းေတြ ရယူထားႏိုင္သူျဖစ္ေပမယ့္ နည္းျပေဟာင္း ေမာ္ရင္ညိဳနဲ႔ ပိုခ်က္တီႏိုတို႔ လက္ထက္က မႀကဳံဖူးခဲ့တဲ့ ျပႆနာမ်ိဳးကို ရင္ဆိုင္ေနရၿပီျဖစ္တယ္လို႔ ၿဗိတိန္အေျခစိုက္ Express သတင္းစာက ေရးသားေဖာ္ျပပါတယ္။

နည္းျပကြန္တီဟာ စပါးကို ဒီရာသီမွာ ရႈံးပြဲလုံးဝမရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္မွာလည္း အႏိုင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ သူျဖစ္ပါတယ္။ ဒါေပမဲ့ ဒီရာသီမွာေတာ့ အသင္းရဲ႕ အဓိက တိုက္စစ္မႉးျဖစ္တဲ့ ဆြန္ေဟာင္မင္ဟာ ကြန္တီရဲ႕လက္ေအာက္မွာ

အထေႏွးေနတဲ့ ပုံစံမ်ိဳး ျဖစ္ေန ပါၿပီ။ နည္းျပေဟာင္း ေမာ္ရင္ညိဳနဲ႔ ပိုခ်က္တီႏိုတို႔ လက္ထက္မွာဆိုရင္ ဆြန္ေဟာင္မင္ဟာ စပါးရဲ႕ အေတာက္ပဆုံး ကစားသမားျဖစ္ခဲ့တာပါ။ အဲဒီအခ်ိန္က ရီးရဲလ္မွာ ေတာက္ပေနခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ ခိုင္းႏႈိင္းၿပီး ဆြန္နယ္ဒိုလို႔ေတာင္ ေမာ္ရင္ညိဳကိုယ္တိုင္

တင္စားေခၚေဝၚခဲ့တဲ့အထိကို ေျခစြမ္းျပႏိုင္ခဲ့တာပါပဲ။ ေနာက္ၿပီး အဲဒီနည္းျပႏွစ္ေယာက္ လက္ေအာက္မွာလည္း ဆြန္ေဟာင္မင္ဟာ မၾကာခဏဆိုသလို ဂိုးသြင္းႏိုင္ၿပီး ပုံမွန္ပြဲထြက္ခြင့္ ရခဲ့ပါတယ္။ စပါးကို နည္းျပ ႏူႏိုဆန္တို တာဝန္ယူေတာ့လည္း ဆြန္ေဟာင္မင္က

ပုံမွန္ပြဲထြက္ခြင့္ရၿပီး ပိုေနၿမဲ က်ားေနၿမဲ ဂိုးေတြသြင္းႏိုင္ခဲ့သလို ပထမ ဆုံး ၇ ပြဲမွာ ၄ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ဆြန္ေဟာင္မင္အတြက္ အေကာင္းဆုံး ရာသီအစကေတာ့ ၂၀၂၀ ျပည့္ႏွစ္မွာျဖစ္ခဲ့ၿပီး ပြဲစဥ္အစ ၆ ပြဲမွာ ၆ ဂိုးသြင္း ယူႏိုင္ခဲ့တာပါ။ အဲဒီရာသီေတြမွာေတာ့ ဆြန္ေဟာင္မင္ဟာ

ဟယ္ရီကိန္းနဲ႔ အတူစပါးရဲ႕ ဂိုးသြင္းစက္ျဖစ္ခဲ့ၿပီး ဂိုးသြင္းရင္သြင္း၊ မသြင္းရင္လည္း ဂိုးဖန္ တီးတာမ်ိဳးေတြ လုပ္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ အသက္ ၃၀ အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ဆြန္ေဟာင္မင္ဟာ ဒီရာသီမွာ ၇ ပြဲ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းရ ဖို႔ ႐ုန္းကန္ေနရပါၿပီ။

ဂိုးဖန္တီးမႈ တစ္ႀကိမ္သာ လုပ္ေပးႏိုင္ခဲ့ၿပီး တစ္ဂိုးမွ မသြင္းႏိုင္ေသးတဲ့ ဆြန္ေဟာင္မင္ဟာ ေရွ႕လာမယ့္ပြဲစဥ္ေတြရဲ႕ ပြဲထြက္ခြင့္ အတြက္ သံသယျဖစ္စရာ ေကာင္းလာေနၿပီျဖစ္ပါတယ္။ အသက္အ႐ြယ္အရလည္း အက်ဘက္ကို ေရာက္လာၿပီျဖစ္တာေၾကာင့္ ဆြန္ေဟာင္မင္ဟာ

စပါးမွာ လုပ္ကြက္ရဖို႔ အခ်ိန္သိပ္မက်န္ေတာ့ပါဘူး။ ဒါေၾကာင့္ ဒီေတာင္ကိုရီးယားသားနဲ႔ ပတ္သက္တဲ့ပုစာၦအတြက္ တိက်တဲ့အေျဖကို နည္းျပကြန္တီ ထုတ္ေပးရေတာ့ မယ့္သေဘာမ်ိဳး ရွိလာေနၿပီပဲ ျဖစ္ပါတယ္။