စပါးကစားသမားတွေလိုပဲ ဆီမြွန်နီရဲ့ရက်စက်တဲ့လေ့ကျင့်ခန်းမှာ ဂရေ့ဇ်မန်း လျှာထွက်

ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ခြေကုန်လက်ပန်းကျတဲ့အထိ ပြိုင်းသွားရတာ စပါးတစ်သင်းထဲမဟုတ်ပါဘူး။ ဆီမြွန်နီရဲ့အက်သလက်တီကိုလည်း ပါလာပါတယ်။

အာဂျင်တီးနားသားနည်းပြရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ တိုက်စစ်မှူးဂရေ့ဇ်မန်းတစ်ယောက် ဟန်မဆောင်နိုင်လောက်အောင် ရှုံ့မဲ့သွားခဲ့ရပါတယ်။

ကွန်တီလိုပဲ ဆီမြွန်နီလည်း သူ့ကစားသမားတွေရဲ့ကြံ့ခိုင်မှုအဆင့်ကို တိုးမြင့်လာအောင် မောင်းနေတာပါတဲ့။ ဒီလေ့ကျင့်ခန်းကို ‘Murder Hill’ လို့ လူသိများပြီး အတော်လေးကြမ်းပါတယ်။

အက်သလက်တီကိုဟာ စပိန်ရဲ့ Segovia တောင်တန်းတွေနဲ့ လော့စ်အိန်ဂျယ်လိစ်က San Rafael တောင်တန်းတွေမှာ သီတင်း ၂ ပတ်ကြာလေ့ကျင့်မှာကြောင့်

ကြံ့ခိုင်မှုမကောင်းတဲ့ကစားသမားတွေအတွက်တော့ မစားသာပါဘူး။ အသက် ၃၁ နှစ်အရွယ် ဂရေ့ဇ်မန်းဆိုရင် အသက်ရှူနိုင်ဖို့တောင် မနည်းကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

ကစားသမားတွေဟာ မီတာ ၅၀ ၊ ၃၀ ရာခိုင်နှုန်းတိမ်းစောင်းနေတဲ့ လျှောစောက်ကို ပြေးတက်ပြေးဆင်းလုပ်ရတာပါ။ အသင်းရဲ့ကြံ့ခိုင်ရေးနည်းပြ အော်စကာအော်တေဂါ အထူးစီစဉ်ထားတဲ့ လေ့ကျင့်ခန်းတွေပါပဲ။

ဆွန်ဟောင်မင်လို ပစ်လဲပြီး ပြန်မထနိုင်တာမျိုးမဟုတ်ပေမယ့် ဂရေ့ဇ်မန်းကိုကြည့်ရင် အက်သလက်တီကိုကစားသမားတွေလည်း အတော်လေးကုန်သွားကြမယ်ဆိုတာ သိသာပါတယ်။

(zawgyi)

ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္မွာ ေျခကုန္လက္ပန္းက်တဲ့အထိ ၿပိဳင္းသြားရတာ စပါးတစ္သင္းထဲမဟုတ္ပါဘူး။ ဆီႁမြန္နီရဲ႕အက္သလက္တီကိုလည္း ပါလာပါတယ္။

အာဂ်င္တီးနားသားနည္းျပရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ တိုက္စစ္မႉးဂေရ႕ဇ္မန္းတစ္ေယာက္ ဟန္မေဆာင္ႏိုင္ေလာက္ေအာင္ ရႈံ႕မဲ့သြားခဲ့ရပါတယ္။ ကြန္တီလိုပဲ ဆီႁမြန္နီလည္း

သူ႔ကစားသမားေတြရဲ႕ႀကံ့ခိုင္မႈအဆင့္ကို တိုးျမင့္လာေအာင္ ေမာင္းေနတာပါတဲ့။ ဒီေလ့က်င့္ခန္းကို ‘Murder Hill’ လို႔ လူသိမ်ားၿပီး အေတာ္ေလးၾကမ္းပါတယ္။ အက္သလက္တီကိုဟာ

စပိန္ရဲ႕ Segovia ေတာင္တန္းေတြနဲ႔ ေလာ့စ္အိန္ဂ်ယ္လိစ္က San Rafael ေတာင္တန္းေတြမွာ သီတင္း ၂ ပတ္ၾကာေလ့က်င့္မွာေၾကာင့္ ႀကံ့ခိုင္မႈမေကာင္းတဲ့ကစားသမားေတြအတြက္ေတာ့ မစားသာပါဘူး။

အသက္ ၃၁ ႏွစ္အ႐ြယ္ ဂေရ႕ဇ္မန္းဆိုရင္ အသက္ရႉႏိုင္ဖို႔ေတာင္ မနည္းႀကိဳးစားခဲ့ရတယ္လို႔ သိရပါတယ္။ ကစားသမားေတြဟာ မီတာ ၅၀ ၊ ၃၀ ရာခိုင္ႏႈန္းတိမ္းေစာင္းေနတဲ့ ေလွ်ာေစာက္ကို

ေျပးတက္ေျပးဆင္းလုပ္ရတာပါ။ အသင္းရဲ႕ႀကံ့ခိုင္ေရးနည္းျပ ေအာ္စကာေအာ္ေတဂါ အထူးစီစဥ္ထားတဲ့ ေလ့က်င့္ခန္းေတြပါပဲ။

ဆြန္ေဟာင္မင္လို ပစ္လဲၿပီး ျပန္မထႏိုင္တာမ်ိဳးမဟုတ္ေပမယ့္ ဂေရ႕ဇ္မန္းကိုၾကည့္ရင္ အက္သလက္တီကိုကစားသမားေတြလည္း အေတာ္ေလးကုန္သြားၾကမယ္ဆိုတာ သိသာပါတယ္။