စနေနေ့က ပျားတုပ်ခံလိုက်ရတာ ချဲလ်ဆီးအတွက် ချန်ပီယံလိဂ် နိမိတ်ကောင်းများဖြစ်လာနိုင်မလား?

စနေနေ့တုန်းက ချဲလ်ဆီးအသင်းဟာအိမ်ကွင်းမှာ ဘရန်းဖို့ဒ်ကို

၁-၄ နဲ့အရှက်ရဖွယ်ရာရှုံးနိမ့်ခဲ့ပေမယ့် အဲဒီအရှုံးကဘဲ သူတို့အတွက်

ချန်ပီယံလိဂ်မှာအောင်ပွဲခံနိုင်ဖို့ နိမိတ်ကောင်းဖြစ်လာနိုင်တယ်လို့

ဆိုနေကြပါတယ်။ ဘရန်းဖို့ဒ်အသင်းရဲ့လိုဂိုမှာရှိတဲ့ ပျားကောင်ပုံကြောင့်

ချဲလ်ဆီးရဲ့အရှုံးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာပျားတုပ်ခံရတဲ့ ချဲလ်ဆီးလို့လည်း

ဆိုနေကြပါတယ်။ ဘရန်းဖို့ဒ်အတွက်တော့ဒီအနိုင်ဟာ ၁၉၃၉ နောက်ပိုင်းမှာ

ချဲလ်ဆီးအပေါ်ပထမဆုံးအကြိမ်အနိုင်ရရှိမှုလည်းဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတား

ဖိုင်နယ်ပွဲရင်ဆိုင်ရမယ့် ချဲလ်ဆီးအတွက်တော့ ဘရန်းဖို့ဒ်ကိုရှုံးနိမ့်မှုဟာ

သူတို့အတွက်အတိတ်ကောင်း နိမိတ်ကောင်းဖြစ်လာမယ်လို့

မှတ်တမ်းတွေနဲ့အတူဖော်ပြနေကြပါတယ်။ သူတို့တွေ နိုင်ငံတကာပွဲအပြီး

အနည်းဆုံး ၄ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့တဲ့နောက်ဆုံးပွဲကြုံခဲ့ရတုန်းက

ချဲလ်ဆီးဟာချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာပါ။ ပြီးခဲ့တဲ့တစ်နှစ်တုန်းက

ချဲလ်ဆီးအသင်းဟာအခုလိုဘဲ နိုင်ငံတကာပွဲတွေအပြီးမှာ အဲဒီတုန်းက

တန်းဆင်းရတော့မယ့် ဝက်စ်ဘရွန်းကိုအကြီးအကျယ်ရှုံးနိမ့်ခဲ့တဲ့အဖြစ်ကြုံခဲ့ရပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးဟာ ၅-၂ နဲ့ရှုံးခဲ့တာဖြစ်ပြီး နောက်ခံလူ သီယာဂိုဆေးလ်ဗားလည်း

ထုတ်ပယ်ခံလိုက်ရတဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တာပါ။

ဒါ့အပြင်အဲဒီအရှုံးဟာ နည်းပြတူချယ်အတွက် ချဲလ်ဆီးကိုတာဝန်ယူပြီးနောက်

ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒီအရှုံးပြီးနောက် ချဲလ်ဆီးဟာ

ချန်ပီယံလိဂ်မှာအခြေအနေကောင်းခဲ့ပြီး ဗိုလ်လုပွဲမှာမန်စီးတီးကိုအနိုင်ရကာ

ဗိုလ်စွဲခဲ့တဲ့အထိဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ဘရန်းဖို့ဒ်ကိုဂိုးပြတ်ရှုံးခဲ့မှုဟာ

ချဲလ်ဆီးအတွက်ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်တဲ့ နိမိတ်ကောင်းဖြစ်လာပြီး

ပြီးခဲ့တဲ့ရာသီကလိုကြုံရဦးမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။

zawgyi

စေနေန႔က ပ်ားတုပ္ခံလိုက္ရတာ ခ်ဲလ္ဆီးအတြက္ ခ်န္ပီယံလိဂ္ နိမိတ္ေကာင္းမ်ားျဖစ္လာႏိုင္မလား?

စေနေန႔တုန္းက ခ်ဲလ္ဆီးအသင္းဟာအိမ္ကြင္းမွာ ဘရန္းဖို႔ဒ္ကို

၁-၄ နဲ႔အရွက္ရဖြယ္ရာရႈံးနိမ့္ခဲ့ေပမယ့္ အဲဒီအရႈံးကဘဲ သူတို႔အတြက္

ခ်န္ပီယံလိဂ္မွာေအာင္ပြဲခံႏိုင္ဖို႔ နိမိတ္ေကာင္းျဖစ္လာႏိုင္တယ္လို႔

ဆိုေနၾကပါတယ္။ ဘရန္းဖို႔ဒ္အသင္းရဲ႕လိုဂိုမွာရွိတဲ့ ပ်ားေကာင္ပုံေၾကာင့္

ခ်ဲလ္ဆီးရဲ႕အရႈံးကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာပ်ားတုပ္ခံရတဲ့ ခ်ဲလ္ဆီးလို႔လည္း

ဆိုေနၾကပါတယ္။ ဘရန္းဖို႔ဒ္အတြက္ေတာ့ဒီအႏိုင္ဟာ ၁၉၃၉ ေနာက္ပိုင္းမွာ

ခ်ဲလ္ဆီးအေပၚပထမဆုံးအႀကိမ္အႏိုင္ရရွိမႈလည္းျဖစ္ခဲ့တာပါ။

ဒါေပမယ့္လည္း ဗုဒၶဟူးေန႔မွာ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ကြာတား

ဖိုင္နယ္ပြဲရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးအတြက္ေတာ့ ဘရန္းဖို႔ဒ္ကိုရႈံးနိမ့္မႈဟာ

သူတို႔အတြက္အတိတ္ေကာင္း နိမိတ္ေကာင္းျဖစ္လာမယ္လို႔

မွတ္တမ္းေတြနဲ႔အတူေဖာ္ျပေနၾကပါတယ္။ သူတို႔ေတြ ႏိုင္ငံတကာပြဲအၿပီး

အနည္းဆုံး ၄ ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့တဲ့ေနာက္ဆုံးပြဲႀကဳံခဲ့ရတုန္းက

ခ်ဲလ္ဆီးဟာခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တာပါ။ ၿပီးခဲ့တဲ့တစ္ႏွစ္တုန္းက

ခ်ဲလ္ဆီးအသင္းဟာအခုလိုဘဲ ႏိုင္ငံတကာပြဲေတြအၿပီးမွာ အဲဒီတုန္းက

တန္းဆင္းရေတာ့မယ့္ ဝက္စ္ဘ႐ြန္းကိုအႀကီးအက်ယ္ရႈံးနိမ့္ခဲ့တဲ့အျဖစ္ႀကဳံခဲ့ရပါတယ္။

ဒီပြဲမွာ ခ်ဲလ္ဆီးဟာ ၅-၂ နဲ႔ရႈံးခဲ့တာျဖစ္ၿပီး ေနာက္ခံလူ သီယာဂိုေဆးလ္ဗားလည္း

ထုတ္ပယ္ခံလိုက္ရတဲ့အထိ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့တာပါ။

ဒါ့အျပင္အဲဒီအရႈံးဟာ နည္းျပတူခ်ယ္အတြက္ ခ်ဲလ္ဆီးကိုတာဝန္ယူၿပီးေနာက္

ပထမဆုံးရႈံးပြဲလည္းျဖစ္ခဲ့တာပါ။ ဒါေပမယ့္ ဒီအရႈံးၿပီးေနာက္ ခ်ဲလ္ဆီးဟာ

ခ်န္ပီယံလိဂ္မွာအေျခအေနေကာင္းခဲ့ၿပီး ဗိုလ္လုပြဲမွာမန္စီးတီးကိုအႏိုင္ရကာ

ဗိုလ္စြဲခဲ့တဲ့အထိျဖစ္ခဲ့တာပါ။ ဒါေၾကာင့္လည္း ဘရန္းဖို႔ဒ္ကိုဂိုးျပတ္ရႈံးခဲ့မႈဟာ

ခ်ဲလ္ဆီးအတြက္ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္တဲ့ နိမိတ္ေကာင္းျဖစ္လာၿပီး

ၿပီးခဲ့တဲ့ရာသီကလိုႀကဳံရဦးမလားဆိုတာ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။