စတာလင်းတစ်ယောက်ထဲနဲ့တော့ ပရီးမီးယားလိဂ်ဖလားအကြောင်း လာမပြောနဲ့ဆိုတဲ့ တူချယ်

မန်စီးတီးတိုက်စစ်မှူးစတာလင်းကို ပေါင် ၄၇.၅ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပေမယ့် တူချယ်ကတော့ မကျေနပ်နိုင်သေးပါဘူး။ အင်္ဂလန်တိုက်စစ်မှူးဟာ

အသင်းပိုင်ရှင်သစ်တော့ဒ်ဘိုးလီရဲ့ဧရိယာမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ပထမဆုံးရောက်လာတဲ့ကစားသမားပါ။ ဒါကြောင့် တစ်ချိန်က ကစားသမားကောင်းတွေခေါ်ပေးခဲ့တဲ့ အေဘရာမိုဗစ်ချ်လိုမျိုး တူချယ်

အားကိုးချင်တာပါသလို ဒီလောက်နဲ့ရပ်မသွားနဲ့လို့ သတိပေးတာလည်းဖြစ်နိုင်ပါတယ်။ ဂျာမန်သားနည်းပြ အကြောင်းပြတာကလည်း အသင်းပိုင်ရှင်တွေ သည်းခြေကြိုက် ပရီးမီးယားလိဂ်ဖလားနဲ့ပါ။

အရည်အချင်းရှိတဲ့ကစားသမားတွေ နွေဈေးကွက်မှာ ဆက်လက်ခေါ်ယူပေးဖို့ ဒီလိုမှမဟုတ်ရင်တော့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့အခွင့်အရေးမရှိဘူးလို့ Sky Sports နဲ့အင်တာဗျူးမှာ

တူချယ်က ပြောသွားခဲ့ပါတယ်။ သူ့မှာလည်း ရူဒီဂါ၊ ခရစ္စတီယန်ဆန်နဲ့ လူကာကူတို့နေရာ ပြန်ဖြည့်ရဦးမှာမဟုတ်လား။ ဒါကြောင့် ပရီးမီးယားလိဂ်ဆိုတာ အကောင်းဆုံးအသင်းတွေနဲ့သာ

ရင်ဆိုင်နေရတာမဟုတ်ဘဲ အကောင်းဆုံးနည်းပြတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သူ့နေရာကိုလည်း လျှော့မတွက်ဖို့ တော့ဒ်ဘိုးလီကို ပါးပါးလေးပုတ်သွားခဲ့ပါသေးတယ်။

တစ်ဖက်ကလည်း စတာလင်းလိုကစားသမားမျိုးကို ခေါ်ယူနိုင်တာကြည့်ရင် ချဲလ်ဆီးဆိုတာ ထိပ်တန်းကြယ်ပွင့်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့သက်သေပါလို့လည်း အဆင်ပြေအောင်ပြောခဲ့ပါတယ်။

အဓိက ကတော့ ထိပ်တန်းကစားသမားတွေထပ်ခေါ်ပေးမှ ချန်ပီယံဖလားအကြောင်းပြောလို့ ကြိုကာထားတာပါ။ သူ့ရဲ့ဦးစားပေးကတော့ တိုက်စစ်မှာအားဖြည့်ဖို့ မဟုတ်ပါဘူးတဲ့။

(zawgyi)

မန္စီးတီးတိုက္စစ္မႉးစတာလင္းကို ေပါင္ ၄၇.၅ သန္းနဲ႔ အၿပီးသတ္ေခၚယူႏိုင္ခဲ့ေပမယ့္ တူခ်ယ္ကေတာ့ မေက်နပ္ႏိုင္ေသးပါဘူး။ အဂၤလန္တိုက္စစ္မႉးဟာ အသင္းပိုင္ရွင္သစ္ေတာ့ဒ္ဘိုးလီရဲ႕ဧရိယာမွာ

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ပထမဆုံးေရာက္လာတဲ့ကစားသမားပါ။ ဒါေၾကာင့္ တစ္ခ်ိန္က ကစားသမားေကာင္းေတြေခၚေပးခဲ့တဲ့ ေအဘရာမိုဗစ္ခ်္လိုမ်ိဳး တူခ်ယ္ အားကိုးခ်င္တာပါသလို

ဒီေလာက္နဲ႔ရပ္မသြားနဲ႔လို႔ သတိေပးတာလည္းျဖစ္ႏိုင္ပါတယ္။ ဂ်ာမန္သားနည္းျပ အေၾကာင္းျပတာကလည္း အသင္းပိုင္ရွင္ေတြ သည္းေျခႀကိဳက္ ပရီးမီးယားလိဂ္ဖလားနဲ႔ပါ။

အရည္အခ်င္းရွိတဲ့ကစားသမားေတြ ေႏြေဈးကြက္မွာ ဆက္လက္ေခၚယူေပးဖို႔ ဒီလိုမွမဟုတ္ရင္ေတာ့ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚႏိုင္ဖို႔အခြင့္အေရးမရွိဘူးလို႔ Sky Sports နဲ႔အင္တာဗ်ဴးမွာ

တူခ်ယ္က ေျပာသြားခဲ့ပါတယ္။ သူ႔မွာလည္း ႐ူဒီဂါ၊ ခရစၥတီယန္ဆန္နဲ႔ လူကာကူတို႔ေနရာ ျပန္ျဖည့္ရဦးမွာမဟုတ္လား။ ဒါေၾကာင့္ ပရီးမီးယားလိဂ္ဆိုတာ အေကာင္းဆုံးအသင္းေတြနဲ႔သာ ရင္ဆိုင္ေနရတာမဟုတ္ဘဲ

အေကာင္းဆုံးနည္းျပေတြနဲ႔ပါ ရင္ဆိုင္ေနရတာျဖစ္တယ္လို႔ သူ႔ေနရာကိုလည္း ေလွ်ာ့မတြက္ဖို႔ ေတာ့ဒ္ဘိုးလီကို ပါးပါးေလးပုတ္သြားခဲ့ပါေသးတယ္။ တစ္ဖက္ကလည္း

စတာလင္းလိုကစားသမားမ်ိဳးကို ေခၚယူႏိုင္တာၾကည့္ရင္ ခ်ဲလ္ဆီးဆိုတာ ထိပ္တန္းၾကယ္ပြင့္ေတြကို ဆြဲေဆာင္ႏိုင္စြမ္းရွိတယ္ဆိုတဲ့သက္ေသပါလို႔လည္း အဆင္ေျပေအာင္ေျပာခဲ့ပါတယ္။

အဓိက ကေတာ့ ထိပ္တန္းကစားသမားေတြထပ္ေခၚေပးမွ ခ်န္ပီယံဖလားအေၾကာင္းေျပာလို႔ ႀကိဳကာထားတာပါ။ သူ႔ရဲ႕ဦးစားေပးကေတာ့ တိုက္စစ္မွာအားျဖည့္ဖို႔ မဟုတ္ပါဘူးတဲ့။