
ရုရှားတို့ရဲ့ကျူးကျော်စစ်ကြောင့် ဒုက္ခခံစားနေရတဲ့ စစ်ဘေးသင့်
ယူကရိန်းပြည်သူတွေအတွက် ဖီဖာက ပေါင်(၇၅၀,၀၀၀)ကူညီထောက်ပံ့
ပေးသွားဖို့ ကတိပြုလိုက်ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်စစ်,
စတင်ခဲ့တဲ့အချိန်ကစလို့ ဖီဖာဟာ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့မှုတွေပြုလုပ်နေပြီး
လူသားချင်းစာနာတဲ့အနေနဲ့ လိုအပ်တဲ့ပစ္စည်းမှန်သမျှ ယူကရိန်း
ဘောလုံးအဖွဲ့ချုပ်ဆီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။
ယူကရိန်းဘောလုံးအဖွဲ့ချုပ်ရဲ့တောင်းဆိုမှုအရ ဆေးဝါးကုသဖို့အရေးတကြီး
လိုအပ်နေတဲ့သူတွေအတွက် ဆေးဝါးတွေကေို မကြာသေးခင်ကပေးပို့ခဲ့သလို
အခုအချိန်မှာတော့ ယူကရိန်းပြည်သူတွေအတွက် ပေါင်(၇၅၀,၀၀၀)
(အမေရိကန်ဒေါ်လာ ၁သန်း)ပေးအပ်လှူဒါန်းသွားမှာပါ။
ဖီဖာဥက္ကဌအင်ဖန်တီနိုက “အခုလို စစ်ပွဲဖြစ်ပွားနေချိန်မှာ
စစ်ဘေးဒဏ်ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေကို ကျွန်တော်တို့အနေနဲ့
တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
ယူကရိန်းဘောလုံးအသိုင်းအဝိုင်းနဲ့သာမက တခြားဘောလုံးအဖွဲ့ချုပ်တွေနဲ့အတူ
ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့ လိုအပ်သမျှကို ထောက်ပံ့ပေး
သွားဖို့အသင့်ရှိနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဖီဖာအနေနဲ့ ယူကရိန်းပြည်သူတွေအတွက် ထောက်ပံ့မှုတွေလုပ်နေသလို
အခုလိုစစ်ပွဲကာလအတွင်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့
ယူကရိန်းပြည်တွင်းကလပ်တွေနဲ့ဘောလုံးသမားတွေအတွက်လည်း
အတိုင်းအတာတစ်ခုအထိ ကူညီပေးသွားဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။
zawgyi
စစ္ေဘးသင့္ယူကရိန္းျပည္သူေတြအတြက္ ေပါင္(၇၅၀,၀၀၀)ေထာက္ပံ့သြားမယ့္ ဖီဖာ
႐ုရွားတို႔ရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္ ဒုကၡခံစားေနရတဲ့ စစ္ေဘးသင့္
ယူကရိန္းျပည္သူေတြအတြက္ ဖီဖာက ေပါင္(၇၅၀,၀၀၀)ကူညီေထာက္ပံ့
ေပးသြားဖို႔ ကတိျပဳလိုက္ပါတယ္။ ယူကရိန္းႏိုင္ငံကို ႐ုရွားတို႔ က်ဴးေက်ာ္စစ္,
စတင္ခဲ့တဲ့အခ်ိန္ကစလို႔ ဖီဖာဟာ ယူကရိန္းႏိုင္ငံကို ကူညီေထာက္ပံ့မႈေတြျပဳလုပ္ေနၿပီး
လူသားခ်င္းစာနာတဲ့အေနနဲ႔ လိုအပ္တဲ့ပစၥည္းမွန္သမွ် ယူကရိန္း
ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီေထာက္ပံ့ေပးေနတာျဖစ္ပါတယ္။
ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ေတာင္းဆိုမႈအရ ေဆးဝါးကုသဖို႔အေရးတႀကီး
လိုအပ္ေနတဲ့သူေတြအတြက္ ေဆးဝါးေတြေကို မၾကာေသးခင္ကေပးပို႔ခဲ့သလို
အခုအခ်ိန္မွာေတာ့ ယူကရိန္းျပည္သူေတြအတြက္ ေပါင္(၇၅၀,၀၀၀)
(အေမရိကန္ေဒၚလာ ၁သန္း)ေပးအပ္လႉဒါန္းသြားမွာပါ။
ဖီဖာဥကၠဌအင္ဖန္တီႏိုက “အခုလို စစ္ပြဲျဖစ္ပြားေနခ်ိန္မွာ
စစ္ေဘးဒဏ္ခံစားေနရတဲ့ ယူကရိန္းျပည္သူေတြကို ကြၽန္ေတာ္တို႔အေနနဲ႔
တတ္ႏိုင္တဲ့ဘက္ကေန ကူညီေထာက္ပံ့ေပးသြားမွာျဖစ္ပါတယ္။
ယူကရိန္းေဘာလုံးအသိုင္းအဝိုင္းနဲ႔သာမက တျခားေဘာလုံးအဖြဲ႕ခ်ဳပ္ေတြနဲ႔အတူ
ကြၽန္ေတာ္တို႔အားလုံးပူးေပါင္းၿပီးေတာ့ လိုအပ္သမွ်ကို ေထာက္ပံ့ေပး
သြားဖို႔အသင့္ရွိေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ဖီဖာအေနနဲ႔ ယူကရိန္းျပည္သူေတြအတြက္ ေထာက္ပံ့မႈေတြလုပ္ေနသလို
အခုလိုစစ္ပြဲကာလအတြင္း အခက္အခဲေတြနဲ႔ရင္ဆိုင္ေနရတဲ့
ယူကရိန္းျပည္တြင္းကလပ္ေတြနဲ႔ေဘာလုံးသမားေတြအတြက္လည္း
အတိုင္းအတာတစ္ခုအထိ ကူညီေပးသြားဖို႔စီစဥ္ထားၿပီးျဖစ္ပါတယ္။
Leave a Reply