စစ်ဖြစ်နေချိန် ၂ နာရီကြာပျော်ရွှင်မှုပေးတဲ့နိုင်ငံအသင်းကို ယူကရိန်းသမ္မတကျေးဇူးတင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရုရှားရဲ့ကျူးကျော်စစ်က ရက် ၁၀၀ ပြည့်ဖြစ်သွားချိန် ၂ နာရီကြာပျော်ရွှင်မှု

ပေးနိုင်လို့ဆိုပြီး နိုင်ငံလက်ရွေးစင်အသင်းကို ယူကရိန်းသမ္မတဇီလန်စကီးက

ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။ ယူကရိန်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ

play-off ဆီမီးဖိုင်နယ်မှာ အိမ်ရှင်စကော့တလန်ကို ၃-၁ နဲ့အနိုင်ရခဲ့လို့

ခြေစစ်ပွဲအောင်ဖို့ တစ်ပွဲသာ လိုတော့တာပါ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီကတည်းက

ရုရှားရဲ့ကျူးကျော်စစ်ဆင်နွှဲခြင်းကို ခံခဲ့ရလို့ ယူကရိန်းမှာ အရပ်သားထောင်နဲ့ချီ

သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ မြို့ကြီးတွေ သိမ်းပိုက်ခံရမှုကြောင့်

သန်းနဲ့ချီဟာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ယူကရိန်းရဲ့

ခြေစစ်နိုင်ပွဲဟာ စစ်ဘေးသင့်ပြည်သူတွေအတွက် မကြာသေးခင်လတွေအတွင်း

ရှားရှားပါးပါးပျော်ရွှင်စရာဖြစ်ခဲ့ရတာပါ။ ”စကားလုံးတွေအများကြီးမလိုတဲ့အချိန်တွေ

ရှိပါတယ်။ ဂုဏ်သိက္ခာဆိုတာ လုံလောက်ပြီသားပါ။ မင်းတို့ကို ရိုးရိုးလေးပဲ

ကျေးဇူးတင်မိပါတယ်။ ငါတို့ အသားမကျသေးတဲ့ အပျော်ရွှင်ရဆုံး ၂ နာရီပေါ။

သူတို့ရှေ့ထွက်လာကြတယ်။ သူတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ သူတို့ ဇွဲလုံ့လနဲ့

ကြိုးစားခဲ့ကြတယ်။ သူတို့အနိုင်ရခဲ့ကြတယ်။ အကြောင်းကတော့ သူတို့ဟာ

ယူကရိန်းသားတွေပါပဲ။ ဒီအတွက် ငါတို့အားလုံး တိုက်ပွဲဝင်နေကြသလို

ငါတို့အားလုံး ရှေ့တန်းရောက်နေကြတာပါ။ ငါတို့ရဲ့အပြာနဲ့အဝါရောင်အလံအတွက်၊

ယူကရိန်းဟာ မသေဆုံးသေးဘူးဆိုတာအတွက်ပေါ့။ ငါတို့တိုက်ပွဲဝင်ကြတယ်။

ငါတို့ ကြံ့ကြံ့ခံကြတယ်။ ငါတု့ိအနိုင်ရကြတယ်”လို့ ယူကရိန်းသမ္မတဇီလန်စကီးက

Instagram မှာ ပို့စ်တင်ခဲ့ပါတယ်။ ယူကရိန်းကစားသမားတွေဟာ

နိုဝင်ဘာကတည်းက အတူတကွမကစားခဲ့ကြရပါဘူး။

ဒါကြောင့် စကော့တလန်နဲ့ပွဲမတိုင်ခင် ဆလိုဗက်ကီးယားနဲ့ လနဲ့ချီ

camp ဝင်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ ယူကရိန်းဟာ လာမယ့်ဇွန်လ ၅ ရက်နေ့မှာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ play-off ဗိုလ်လုပွဲအဖြစ် ဝေးလ်နဲ့ယှဉ်ပြိုင်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စစ္ျဖစ္ေနခ်ိန္ ၂ နာရီၾကာေပ်ာ္႐ႊင္မႈေပးတဲ့ႏိုင္ငံအသင္းကို ယူကရိန္းသမၼတေက်းဇူးတင္

႐ုရွားရဲ႕က်ဴးေက်ာ္စစ္က ရက္ ၁၀၀ ျပည့္ျဖစ္သြားခ်ိန္ ၂ နာရီၾကာေပ်ာ္႐ႊင္မႈ

ေပးႏိုင္လို႔ဆိုၿပီး ႏိုင္ငံလက္ေ႐ြးစင္အသင္းကို ယူကရိန္းသမၼတဇီလန္စကီးက

ေက်းဇူးတင္စကားဆိုလိုက္ပါတယ္။ ယူကရိန္းဟာ ကမာၻ႔ဖလားေျခစစ္ပြဲ

play-off ဆီမီးဖိုင္နယ္မွာ အိမ္ရွင္စေကာ့တလန္ကို ၃-၁ နဲ႔အႏိုင္ရခဲ့လို႔

ေျခစစ္ပြဲေအာင္ဖို႔ တစ္ပြဲသာ လိုေတာ့တာပါ။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီကတည္းက

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏႊဲျခင္းကို ခံခဲ့ရလို႔ ယူကရိန္းမွာ အရပ္သားေထာင္နဲ႔ခ်ီ

ေသဆုံးခဲ့ရၿပီး ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ၿမိဳ႕ႀကီးေတြ သိမ္းပိုက္ခံရမႈေၾကာင့္

သန္းနဲ႔ခ်ီဟာလည္း အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ယူကရိန္းရဲ႕

ေျခစစ္ႏိုင္ပြဲဟာ စစ္ေဘးသင့္ျပည္သူေတြအတြက္ မၾကာေသးခင္လေတြအတြင္း

ရွားရွားပါးပါးေပ်ာ္႐ႊင္စရာျဖစ္ခဲ့ရတာပါ။ ”စကားလုံးေတြအမ်ားႀကီးမလိုတဲ့အခ်ိန္ေတြ

ရွိပါတယ္။ ဂုဏ္သိကၡာဆိုတာ လုံေလာက္ၿပီသားပါ။ မင္းတို႔ကို ႐ိုး႐ိုးေလးပဲ

ေက်းဇူးတင္မိပါတယ္။ ငါတို႔ အသားမက်ေသးတဲ့ အေပ်ာ္႐ႊင္ရဆုံး ၂ နာရီေပါ။

သူတို႔ေရွ႕ထြက္လာၾကတယ္။ သူတို႔တိုက္ပြဲဝင္ခဲ့ၾကတယ္။ သူတို႔ ဇြဲလုံ႔လနဲ႔

ႀကိဳးစားခဲ့ၾကတယ္။ သူတို႔အႏိုင္ရခဲ့ၾကတယ္။ အေၾကာင္းကေတာ့ သူတို႔ဟာ

ယူကရိန္းသားေတြပါပဲ။ ဒီအတြက္ ငါတို႔အားလုံး တိုက္ပြဲဝင္ေနၾကသလို

ငါတို႔အားလုံး ေရွ႕တန္းေရာက္ေနၾကတာပါ။ ငါတို႔ရဲ႕အျပာနဲ႔အဝါေရာင္အလံအတြက္၊

ယူကရိန္းဟာ မေသဆုံးေသးဘူးဆိုတာအတြက္ေပါ့။ ငါတို႔တိုက္ပြဲဝင္ၾကတယ္။

ငါတို႔ ႀကံ့ႀကံ့ခံၾကတယ္။ ငါတု႔ိအႏိုင္ရၾကတယ္”လို႔ ယူကရိန္းသမၼတဇီလန္စကီးက

Instagram မွာ ပို႔စ္တင္ခဲ့ပါတယ္။ ယူကရိန္းကစားသမားေတြဟာ

ႏိုဝင္ဘာကတည္းက အတူတကြမကစားခဲ့ၾကရပါဘူး။

ဒါေၾကာင့္ စေကာ့တလန္နဲ႔ပြဲမတိုင္ခင္ ဆလိုဗက္ကီးယားနဲ႔ လနဲ႔ခ်ီ

camp ဝင္ၿပီး ျပင္ဆင္ခဲ့ရပါတယ္။ ယူကရိန္းဟာ လာမယ့္ဇြန္လ ၅ ရက္ေန႔မွာ

ကမာၻ႔ဖလားေျခစစ္ပြဲ play-off ဗိုလ္လုပြဲအျဖစ္ ေဝးလ္နဲ႔ယွဥ္ၿပိဳင္ရမွာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*