
အာဆင်နယ်အတွက် ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာတင် ၂ ဂိုးသွင်းပေးနိုင်ခဲ့ပေမယ့် သူဟာ စူပါစတားမဖြစ်ချင်ပါဘူးလို့ တိုက်စစ်မှူးသစ်ဂါဘရီရယ်ဂျီဆပ်က ဖွင့်ဟလာပါတယ်။
မန်စီးတီးကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ရောက်လာတဲ့ ဂျီဆပ်ဟာ နုယင်ဘတ်ကို ၅-၃ ဂိုးနဲ့အနိုင်ရတဲ့ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တာပါ။
တနည်းအားဖြင့် ဘရာဇီးလ်သားဟာ အာဆင်နယ်အတွက် ပထမဆုံးဂိုးသွင်းနိုင်ဖို့ စက္ကန့် ၉၀ သာ အချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ “ ကျွန်တော် စူပါစတား မဖြစ်ချင်ပါဘူး။
ကျွန်တော် ဘောလုံးပဲကစားချင်တာပါ။ ပြီးတော့ အသင်းဖော်တွေကို ကူညီချင်တယ်။ အလုပ် အတူလုပ်ချင်တယ်။ ဒီမှာ ကျွန်တော် လူကြီးတစ်ယောက်မဖြစ်ချင်ပါဘူး။
ကောင်လေးတွေနဲ့အတူသင်ယူပြီး အောင်မြင်မှုတွေအတူယူဖို့ ဒီကိုရောက်လာတာပါ ” လို့ ပွဲအပြီးမှာ ဖွင့်ဟသွားခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကလည်း အူဘာမီယန်းနဲ့လာကာဇက်တီတို့ရဲ့တာဝန်ကို
ဂျီဆပ် ပခုံးပြောင်းယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ နည်းပြအာတီတာကတော့ နွေဈေးကွက်မှာ ကစားသမားသစ်တွေ ထပ်ခေါ်သွားဦးမယ်လို့ဆိုပါတယ်။
ဂန်းနားတွေဟာ ဂျီဆပ်ရောက်မလာခင် ပေါ်တိုကွင်းလယ်လူ ဗီအဲရာကို ပေါင် ၃၄ သန်းနဲ့ခေါ်ယူတာအပါအဝင် ကစားသမား ၄ ယောက်ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ အေဂျက်ဇ်နောက်ခံလူ မာတီနက်ဇ်၊ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်၊ နာပိုလီရဲ့ဆာဗစ်တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
(zawgyi)
အာဆင္နယ္အတြက္ ပထမဆုံးရာသီႀကိဳေျခစမ္းပြဲမွာတင္ ၂ ဂိုးသြင္းေပးႏိုင္ခဲ့ေပမယ့္ သူဟာ စူပါစတားမျဖစ္ခ်င္ပါဘူးလို႔ တိုက္စစ္မႉးသစ္ဂါဘရီရယ္ဂ်ီဆပ္က ဖြင့္ဟလာပါတယ္။
မန္စီးတီးကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ေရာက္လာတဲ့ ဂ်ီဆပ္ဟာ ႏုယင္ဘတ္ကို ၅-၃ ဂိုးနဲ႔အႏိုင္ရတဲ့ ေျခစမ္းပြဲမွာ ၂ ဂိုးသြင္းႏိုင္ခဲ့တာပါ။ တနည္းအားျဖင့္ ဘရာဇီးလ္သားဟာ အာဆင္နယ္အတြက္
ပထမဆုံးဂိုးသြင္းႏိုင္ဖို႔ စကၠန႔္ ၉၀ သာ အခ်ိန္ယူခဲ့ရပါတယ္။ ဒါေပမဲ့ “ ကြၽန္ေတာ္ စူပါစတား မျဖစ္ခ်င္ပါဘူး။ ကြၽန္ေတာ္ ေဘာလုံးပဲကစားခ်င္တာပါ။ ၿပီးေတာ့ အသင္းေဖာ္ေတြကို ကူညီခ်င္တယ္။
အလုပ္ အတူလုပ္ခ်င္တယ္။ ဒီမွာ ကြၽန္ေတာ္ လူႀကီးတစ္ေယာက္မျဖစ္ခ်င္ပါဘူး။ ေကာင္ေလးေတြနဲ႔အတူသင္ယူၿပီး ေအာင္ျမင္မႈေတြအတူယူဖို႔ ဒီကိုေရာက္လာတာပါ ” လို႔ ပြဲအၿပီးမွာ ဖြင့္ဟသြားခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္ေတြကလည္း အူဘာမီယန္းနဲ႔လာကာဇက္တီတို႔ရဲ႕တာဝန္ကို ဂ်ီဆပ္ ပခုံးေျပာင္းယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ နည္းျပအာတီတာကေတာ့ ေႏြေဈးကြက္မွာ ကစားသမားသစ္ေတြ ထပ္ေခၚသြားဦးမယ္လို႔ဆိုပါတယ္။
ဂန္းနားေတြဟာ ဂ်ီဆပ္ေရာက္မလာခင္ ေပၚတိုကြင္းလယ္လူ ဗီအဲရာကို ေပါင္ ၃၄ သန္းနဲ႔ေခၚယူတာအပါအ၀င္ ကစားသမား ၄ ေယာက္ေခၚယူခဲ့ပါတယ္။
ဒါေပမဲ့ ေအဂ်က္ဇ္ေနာက္ခံလူ မာတီနက္ဇ္၊ လက္စတာကြင္းလယ္လူ တိုင္လီမန္းစ္၊ နာပိုလီရဲ႕ဆာဗစ္တို႔ကို စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနပါတယ္။