ငွေမျက်နှာကြောင့် ကိုယ်ပြောခဲ့ဖူးတဲ့ စကားကို မသိချင်ယောင်ဆောင်ပြီး ဆော်ဒီမှာ ခြေချဖို့ စီရော်နယ်လ်ဒို ဆုံးဖြတ်ခဲ့တာလား . .

ဆော်ဒီထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ စီရော်နယ်လ်ဒိုနဲ့ (၂)နှစ်

စာချုပ်,ချုပ်ဆိုခဲ့ပြီး စီရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာအသင်းမှာ (၁)နှစ်ကို
ပေါင်(၁၇၃)သန်းအထိ ဝင်ငွေရရှိမှာဖြစ်ပါတယ်။

အခုအပြောင်းအရွှေ့ကြောင့် စီရော်နယ်လ်ဒိုရဲ့ ကစားသမားဘဝတစ်လျှောက်
ပထမဆုံးအကြိမ် ဥရောပအပြင်ဘက်မှာ ဘောလုံးသမားဘ၀ ဖြတ်သန်းရတော့မှာ
ဖြစ်ပြီး ပရိသတ်တွေကတော့ အယ်လ်နာဆာအသင်းကို ရွေးချယ်လိုက်တဲ့အပေါ်
စီရော်နယ်လ်ဒိုကို ဝေဖန်ပြစ်တင်နေကြပါတယ်။

စီရော်နယ်လ်ဒိုက ငွေကြေးကြောင့် အယ်လ်နာဆာအသင်းကို ပြောင်းခဲ့တာမဟုတ်ဘဲ
အသင်းရဲ့ စီမံကိန်းတွေက အားရကျေနပ်စရာကောင်းတဲ့အတွက် အခုလို
ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း တစ်ချိန်တုန်းက စီရော်နယ်လ်ဒိုဟာ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ထိပ်တန်း
အသင်းတစ်သင်းမှာ ဘောလုံးသမားဘ၀ ကုန်ဆုံးဖို့ ဆန္ဒရှိပြီး အမေရိကန်၊ ကာတာ၊

ဒူဘိုင်းတို့ကို သွားရောက်ကစားမှာ မဟုတ်ဘူးလို့ ဖွင့်ဟပြောခဲ့ဖူးပါတယ်။

၂၀၁၅ တုန်းက အင်တာဗျူးတစ်ခုမှာ စီရော်နယ်လ်ဒိုက “ထိပ်တန်းအဆင့်မှာ

ဘောလုံးသမားဘဝအဆုံးသတ်ဖို့ ကျွန်တော် တွေးထားပါတယ်။ ကျွန်တော့်အနေနဲ့
ဘောလုံးသမားဘဝကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်လိုတာကြောင့် ထိပ်တန်း
ကလပ်အသင်းတစ်ခုမှာ ကစားရင်းနဲ့ပဲ အနားယူသွားချင်ပါတယ်။ အမေရိကန်လို၊
ကာတာ ဒါမှမဟုတ် ဒူဘိုင်းလိုမျိုး နိုင်ငံတွေမှာ မဟုတ်ဘဲ အဲဒီနိုင်ငံတွေရဲ့
ဘောလုံးအဆင့်အတန်းက အရမ်းကြီး အားရစရာ မရှိပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

[Zawgyi]

ေဆာ္ဒီထိပ္သီးကလပ္ အယ္လ္နာဆာအသင္းဟာ စီေရာ္နယ္လ္ဒိုနဲ႔ (၂)ႏွစ္
စာခ်ဳပ္,ခ်ဳပ္ဆိုခဲ့ၿပီး စီေရာ္နယ္လ္ဒိုအေနနဲ႔ အယ္လ္နာဆာအသင္းမွာ (၁)ႏွစ္ကို

ေပါင္(၁၇၃)သန္းအထိ ဝင္ေငြရရွိမွာျဖစ္ပါတယ္။

အခုအေျပာင္းအေ႐ႊ႕ေၾကာင့္ စီေရာ္နယ္လ္ဒိုရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္

ပထမဆုံးအႀကိမ္ ဥေရာပအျပင္ဘက္မွာ ေဘာလုံးသမားဘ၀ ျဖတ္သန္းရေတာ့မွာ
ျဖစ္ၿပီး ပရိသတ္ေတြကေတာ့ အယ္လ္နာဆာအသင္းကို ေ႐ြးခ်ယ္လိုက္တဲ့အေပၚ
စီေရာ္နယ္လ္ဒိုကို ေဝဖန္ျပစ္တင္ေနၾကပါတယ္။

စီေရာ္နယ္လ္ဒိုက ေငြေၾကးေၾကာင့္ အယ္လ္နာဆာအသင္းကို ေျပာင္းခဲ့တာမဟုတ္ဘဲ
အသင္းရဲ႕ စီမံကိန္းေတြက အားရေက်နပ္စရာေကာင္းတဲ့အတြက္ အခုလို
ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမဲ့လည္း တစ္ခ်ိန္တုန္းက စီေရာ္နယ္လ္ဒိုဟာ သူ႔ရဲ႕ ဂုဏ္သိကၡာအတြက္ ထိပ္တန္း
အသင္းတစ္သင္းမွာ ေဘာလုံးသမားဘ၀ ကုန္ဆုံးဖို႔ ဆႏၵရွိၿပီး အေမရိကန္၊ ကာတာ၊
ဒူဘိုင္းတို႔ကို သြားေရာက္ကစားမွာ မဟုတ္ဘူးလို႔ ဖြင့္ဟေျပာခဲ့ဖူးပါတယ္။

၂၀၁၅ တုန္းက အင္တာဗ်ဴးတစ္ခုမွာ စီေရာ္နယ္လ္ဒိုက “ထိပ္တန္းအဆင့္မွာ
ေဘာလုံးသမားဘဝအဆုံးသတ္ဖို႔ ကြၽန္ေတာ္ ေတြးထားပါတယ္။ ကြၽန္ေတာ့္အေနနဲ႔

ေဘာလုံးသမားဘဝကို ဂုဏ္သိကၡာရွိရွိ အဆုံးသတ္လိုတာေၾကာင့္ ထိပ္တန္း
ကလပ္အသင္းတစ္ခုမွာ ကစားရင္းနဲ႔ပဲ အနားယူသြားခ်င္ပါတယ္။ အေမရိကန္လို၊
ကာတာ ဒါမွမဟုတ္ ဒူဘိုင္းလိုမ်ိဳး ႏိုင္ငံေတြမွာ မဟုတ္ဘဲ အဲဒီႏိုင္ငံေတြရဲ႕
ေဘာလုံးအဆင့္အတန္းက အရမ္းႀကီး အားရစရာ မရွိပါဘူး”လို႔ ေျဖၾကားခဲ့ပါတယ္။