ငွေမက်တဲ့စူပါလင်ဂတ်ကို ကြိမ်းထားတဲ့အတိုင်း ဝက်စ်ဟမ်းပရိသတ်တွေ ပိုက်ဆံအတုတွေနဲ့ပစ်ပေါက်ခဲ့ကြ

ဝက်စ်ဟမ်းပရိသတ်တွေကတော့ သူတို့ကြိမ်းထားတဲ့အတိုင်း ဂျက်ဆီလင်ဂတ်ကို ပိုက်ဆံအတုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ သူတို့ဆီမှာ အငှားနဲ့လာကစားတုန်းက ခြေစွမ်းပြနိုင်တာကြောင့်

လင်ဂတ်အပေါ် အချစ်တွေပိုခဲ့တဲ့ ဟမ်းမားတွေဟာ နွေဈေးကွက်မှာ နာကျည်းသွားခဲ့ကြတာပါ။ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ပြီး အလွတ်ထွက်ခွာခွင့်ရထားတဲ့ လင်ဂတ်က သူတို့ကမ်းလှမ်းနေတဲ့ကြားမှာပဲ

တန်းတက်နော်တင်ဟမ်ဖောရက်စ်ကို ရွေးချယ်သွားခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါဟာ ငွေနောက်လိုက်သွားတာ၊ သစ္စာမဲ့တာ၊ ပရော်ဖက်ရှင်နယ်မဆန်တာ စတဲ့စွပ်စွဲချက်တွေနဲ့ ဟမ်းမားတွေ လောင်ခဲ့ကြရတာပါ။

လင်ဂတ်ကတော့ ငွေမက်လို့ ဖောရက်စ်ကိုရွေးချယ်တယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိဘူးလို့ SoccerAM နဲ့ အင်တာဗျူးမှာ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါနဲ့

မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်လို ပရီးမီးယားလိဂ်မျက်နှာကြီးတွေကတော့ ငွေနောက်လိုက်သွားတာ သိသာပါတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဝက်စ်ဟမ်းပရိသတ်တွေကတော့ လင်ဂတ်ကို လုံးဝခွင့်မလွှတ်ခဲ့ကြပါဘူး။

ဥရောပပြိုင်ပွဲဝင်ခွင့်အိပ်မက်တွေပေးပြီး သစ်စိမ်းချိုးချိုးသွားတာကြောင့် တစ်ခုခုတုံ့ပြန်ဖို့ စီစဉ်ခဲ့ကြတာပါ။ အဲဒီအတိုင်းပဲ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ထောင့်ကန်ဘောကန်ဖို့ ရောက်လာတဲ့လင်ဂတ်ကို ငွေအတုတွေနဲ့ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။

(zawgyi)

ဝက္စ္ဟမ္းပရိသတ္ေတြကေတာ့ သူတို႔ႀကိမ္းထားတဲ့အတိုင္း ဂ်က္ဆီလင္ဂတ္ကို ပိုက္ဆံအတုေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။ သူတို႔ဆီမွာ အငွားနဲ႔လာကစားတုန္းက ေျခစြမ္းျပႏိုင္တာေၾကာင့္

လင္ဂတ္အေပၚ အခ်စ္ေတြပိုခဲ့တဲ့ ဟမ္းမားေတြဟာ ေႏြေဈးကြက္မွာ နာက်ည္းသြားခဲ့ၾကတာပါ။ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ၿပီး အလြတ္ထြက္ခြာခြင့္ရထားတဲ့ လင္ဂတ္က သူတို႔ကမ္းလွမ္းေနတဲ့ၾကားမွာပဲ

တန္းတက္ေနာ္တင္ဟမ္ေဖာရက္စ္ကို ေ႐ြးခ်ယ္သြားခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဒါဟာ ေငြေနာက္လိုက္သြားတာ၊ သစၥာမဲ့တာ၊ ပေရာ္ဖက္ရွင္နယ္မဆန္တာ စတဲ့စြပ္စြဲခ်က္ေတြနဲ႔ ဟမ္းမားေတြ ေလာင္ခဲ့ၾကရတာပါ။

လင္ဂတ္ကေတာ့ ေငြမက္လို႔ ေဖာရက္စ္ကိုေ႐ြးခ်ယ္တယ္ဆိုတာ လုံးဝအဓိပၸာယ္မရွိဘူးလို႔ SoccerAM နဲ႔ အင္တာဗ်ဴးမွာ တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမဲ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေရဂါနဲ႔

မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္လို ပရီးမီးယားလိဂ္မ်က္ႏွာႀကီးေတြကေတာ့ ေငြေနာက္လိုက္သြားတာ သိသာပါတယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္။ ဝက္စ္ဟမ္းပရိသတ္ေတြကေတာ့ လင္ဂတ္ကို လုံးဝခြင့္မလႊတ္ခဲ့ၾကပါဘူး။

ဥေရာပၿပိဳင္ပြဲဝင္ခြင့္အိပ္မက္ေတြေပးၿပီး သစ္စိမ္းခ်ိဳးခ်ိဳးသြားတာေၾကာင့္ တစ္ခုခုတုံ႔ျပန္ဖို႔ စီစဥ္ခဲ့ၾကတာပါ။ အဲဒီအတိုင္းပဲ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ေထာင့္ကန္ေဘာကန္ဖို႔ ေရာက္လာတဲ့လင္ဂတ္ကို ေငြအတုေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတာျဖစ္ပါတယ္။