ငယ်ငယ်ရွယ်ရွယ်နဲ့ ကစားသမားဘ၀ တစ်ခန်းရပ်သွားခဲ့တဲ့ ၂၃ နှစ်အရွယ် မန်ယူဂိုးသမား

မန်ယူအသင်းဂိုးသမားတစ်ယောက်ဖြစ်တဲ့ ပေါလ်ဝူးလ်စတန်ဟာ

ဒဏ်ရာပြသနာကြောင့် ၂၃ အရွယ်နဲ့ပဲ ကစားသမားဘဝအနားယူလိုက်ရပါတယ်။

အဲဒီနယူးကာဆယ်ဂိုးသမားဟောင်းဟာ ဘာမှန်းမသိရတဲ့ဒဏ်ရာတစ်ခုကို

ခံစားခဲ့ရပြီးနောက် ခွဲစိတ်မှု ၂ ကြိမ်လုပ်ခဲ့ရပြီး ရှည်ကြာခဲ့တဲ့နာလန်ထရေး

ကာလကိုလည်း ဖြတ်သန်းခဲ့ရတာပါ။ ဝူးလ်စတန်ဟာ မန်ယူယူ-၂၃

အသင်းအတွက် ကစားပေးခဲ့သလို အင်္ဂလန်ယူ-၁၈ အသင်းအတွက်လည်း

ကိုယ်စားပြုပါခဲ့ဖူးပါတယ်။ သူ့ဘက်က ပြန်ကစားနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့်

မတတ်သာတဲ့အခြေအနေရောက်လာလို့ ဝူးလ်စတန်းဟာ သူ့ကစားသမားဘဝကို

ပြည်ဖုံးကာချလိုက်ရတာပါ။ ကစားသမားဘဝက ဝူးလ်စတန်နားလိုက်တာကို

မန်ယူက ဆိုရှယ်မီဒီယာထက်မှာ ကြေညာခဲ့ပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း

သူ့ရဲ့ဒီဆုံးဖြတ်ချက်အကြောင်းကို အခုလို ဖွင့်ဟခဲ့ပါတယ်။

”၂၃ နှစ်အရွယ်မှာ ကစားသမားဘဝက နားရတယ်ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။

ဒါပေမဲ့ အခုတော့ ပိုပြီးအကောင်းမြင်တဲ့ပုံစံကို အများကြီးခံစားရပါတယ်။

ကျွန်တော်အောင်မြင်ခဲ့တဲ့အရာအားလုံးအတွက် တကယ်ကို ဂုဏ်ယူရပါတယ်။

ဒီလိုအဆင့်မှာ ကစားနိုင်ဖို့ လူတော်များများက အိပ်မက်မက်နေကြတာလေ။

ကျွန်တော့်ဘက်က ဒီ့ထက်မက ရှေ့ဆက်ချင်ပေမယ့် မန်ယူကို

ကိုယ်စားပြုခွင့်ရခဲ့လို့ လုံးဝဂုဏ်ယူရပါတယ်။ ကျွန်တော့်မိသားစု၊

သူငယ်ချင်းတွေ၊ အသင်းဖော်တွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ ဆေးအဖွဲ့နဲ့

မန်ယူအကယ်ဒမီတစ်ခုလုံးရဲ့အားပေးမှုကိုရရှိတာဟာ ထူးကဲလှပါတယ်။

အခုတော့ ကျွန်တော့်ဘဝရဲ့နောက်တစ်ဆင့်ကိုပဲ အပြည့်အဝအာရုံစိုက်

ထားပါတယ်”လု့ိ ဝူးလ်စတန်က မန်ယူရုပ်သံကို ပြောခဲ့တာပါ။

ဒီလိုအသက်ငယ်ငယ်နဲ့ ကစားသမားဘဝနားလိုက်တဲ့ ဝူးလ်စတန်ကို

မန်ယူပထမဂိုးသမားဒီဂီယာကလည်း ”အကောင်းဆုံးတွေဖြစ်ပါစေ ဘရို”ဆိုပြီး

ဆိုရှယ်မီဒီယာထက်မှာ ဆုတောင်းပေးခဲ့ပါတယ်။

မန်ယူအသင်းဒုတိယဂိုးသမားဟန်ဒါဆန်ကလည်း ဝူးလ်စတန်ရဲ့

ဆုံးဖြတ်ချက်အတွက် ဝမ်းနည်းရပေမယ့် အကောင်းဆုံးတွေဖြစ်ပါစေလို့

ဆန္ဒပြုကြောင်း ဆုတောင်းပေးခဲ့တာပါ။

zawgyi

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ကစားသမားဘ၀ တစ္ခန္းရပ္သြားခဲ့တဲ့ ၂၃ ႏွစ္အ႐ြယ္ မန္ယူဂိုးသမား

မန္ယူအသင္းဂိုးသမားတစ္ေယာက္ျဖစ္တဲ့ ေပါလ္ဝူးလ္စတန္ဟာ

ဒဏ္ရာျပသနာေၾကာင့္ ၂၃ အ႐ြယ္နဲ႔ပဲ ကစားသမားဘဝအနားယူလိုက္ရပါတယ္။

အဲဒီနယူးကာဆယ္ဂိုးသမားေဟာင္းဟာ ဘာမွန္းမသိရတဲ့ဒဏ္ရာတစ္ခုကို

ခံစားခဲ့ရၿပီးေနာက္ ခြဲစိတ္မႈ ၂ ႀကိမ္လုပ္ခဲ့ရၿပီး ရွည္ၾကာခဲ့တဲ့နာလန္ထေရး

ကာလကိုလည္း ျဖတ္သန္းခဲ့ရတာပါ။ ဝူးလ္စတန္ဟာ မန္ယူယူ-၂၃

အသင္းအတြက္ ကစားေပးခဲ့သလို အဂၤလန္ယူ-၁၈ အသင္းအတြက္လည္း

ကိုယ္စားျပဳပါခဲ့ဖူးပါတယ္။ သူ႔ဘက္က ျပန္ကစားႏိုင္ဖို႔ စိတ္ပိုင္းျဖတ္ထားေပမယ့္

မတတ္သာတဲ့အေျခအေနေရာက္လာလို႔ ဝူးလ္စတန္းဟာ သူ႔ကစားသမားဘဝကို

ျပည္ဖုံးကာခ်လိုက္ရတာပါ။ ကစားသမားဘဝက ဝူးလ္စတန္နားလိုက္တာကို

မန္ယူက ဆိုရွယ္မီဒီယာထက္မွာ ေၾကညာခဲ့ၿပီး ကာယကံရွင္ကိုယ္တိုင္ကလည္း

သူ႔ရဲ႕ဒီဆုံးျဖတ္ခ်က္အေၾကာင္းကို အခုလို ဖြင့္ဟခဲ့ပါတယ္။

”၂၃ ႏွစ္အ႐ြယ္မွာ ကစားသမားဘဝက နားရတယ္ဆိုတာ အေတာ္ေလးကို ခက္ခဲပါတယ္။

ဒါေပမဲ့ အခုေတာ့ ပိုၿပီးအေကာင္းျမင္တဲ့ပုံစံကို အမ်ားႀကီးခံစားရပါတယ္။

ကြၽန္ေတာ္ေအာင္ျမင္ခဲ့တဲ့အရာအားလုံးအတြက္ တကယ္ကို ဂုဏ္ယူရပါတယ္။

ဒီလိုအဆင့္မွာ ကစားႏိုင္ဖို႔ လူေတာ္မ်ားမ်ားက အိပ္မက္မက္ေနၾကတာေလ။

ကြၽန္ေတာ့္ဘက္က ဒီ့ထက္မက ေရွ႕ဆက္ခ်င္ေပမယ့္ မန္ယူကို

ကိုယ္စားျပဳခြင့္ရခဲ့လို႔ လုံးဝဂုဏ္ယူရပါတယ္။ ကြၽန္ေတာ့္မိသားစု၊

သူငယ္ခ်င္းေတြ၊ အသင္းေဖာ္ေတြ၊ နည္းျပအဖြဲ႕ဝင္ေတြ၊ ေဆးအဖြဲ႕နဲ႔

မန္ယူအကယ္ဒမီတစ္ခုလုံးရဲ႕အားေပးမႈကိုရရွိတာဟာ ထူးကဲလွပါတယ္။

အခုေတာ့ ကြၽန္ေတာ့္ဘဝရဲ႕ေနာက္တစ္ဆင့္ကိုပဲ အျပည့္အဝအာ႐ုံစိုက္

ထားပါတယ္”လု႔ိ ဝူးလ္စတန္က မန္ယူ႐ုပ္သံကို ေျပာခဲ့တာပါ။

ဒီလိုအသက္ငယ္ငယ္နဲ႔ ကစားသမားဘဝနားလိုက္တဲ့ ဝူးလ္စတန္ကို

မန္ယူပထမဂိုးသမားဒီဂီယာကလည္း ”အေကာင္းဆုံးေတြျဖစ္ပါေစ ဘ႐ို”ဆိုၿပီး

ဆိုရွယ္မီဒီယာထက္မွာ ဆုေတာင္းေပးခဲ့ပါတယ္။

မန္ယူအသင္းဒုတိယဂိုးသမားဟန္ဒါဆန္ကလည္း ဝူးလ္စတန္ရဲ႕

ဆုံးျဖတ္ခ်က္အတြက္ ဝမ္းနည္းရေပမယ့္ အေကာင္းဆုံးေတြျဖစ္ပါေစလို႔

ဆႏၵျပဳေၾကာင္း ဆုေတာင္းေပးခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*