အာဆင်နယ်နည်းပြ အာတီတာဟာ မတ်လအတွက် ပရီးမီးယားလိဂ်
တစ်လတာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီရာသီအတွင်းမှာတင် အာတီတာက ဒီဆုကို ဒုတိယအကြိမ်မြောက်
ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ တစ်လတာအကောင်းဆုံးနည်းပြဆုကို
၂ ကြိမ်အထိရရှိထားသူ နှစ်ယောက်ပဲ ရှိပါတယ်။ အဲဒီသူတွေကတော့
ဂွာဒီယိုလာနဲ့ အာတီတာပါ။ ဂွာဒီယိုလာဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာ နှစ်လဆက်
အကောင်းဆုံးဆုကို ရရှိခဲ့ပြီး အာတီတာကတော့ စက်တင်ဘာနဲ့ မတ်လမှာ
ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ
လီဗာပူးတစ်သင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန် ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့သလို
၆ ဂိုးသွင်း ၄ ဂိုး ပေးခဲ့ရပြီး ရမှတ် ၉ မှတ်နဲ့ စွမ်းဆောင်ရည်အကောင်းဆုံး
အသင်းတွေထဲမှာ ပါဝင်နိုင်ခဲ့သလို အဆင့် ၄ နေရာကို ပိုင်ပိုင်နိုင်နိုင်
ရယူနိုင်ခဲ့လို့ နည်းပြ အာတီတာအနေနဲ့ အဲဒီဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ဆုကို ဒုတိယအကြိမ်ရယူနိုင်ခဲ့တဲ့ အသက် ၄၀ အရွယ်နည်းပြအာတီတာက
“ဒီလိုပြိုင်ပွဲမျိုးနဲ့ နည်းပြကောင်းတွေရဲ့ကြားမှာ ဒီလိုဆုမျိုးကို ထပ်မံရယူနိုင်ခဲ့တာက
ဂုဏ်ယူစရာပါပဲ။ အသင်းမှာ ရှိသမျှ လူအားလုံးရဲ့ ပေးဆပ်ကြိုးစားမှုတွေအတွက်တော့
ကျေးဇူးတင်ရမှာပါ ”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ဂွါဒီယိုလာရဲ့ စံချိန်ကို လိုက်မီသွားတဲ့ အာတီတာ
Leave a Reply