ဂွါဒီယိုလာတို့လူစု ကွန်မြူနတီငွေတံဆိပ် မယူခဲ့ဘူးဆိုတဲ့သတင်းကြောင့် ဝေဖန်ခံနေရ

ပရီးမီးယားလိဂ် ရာသီအဖွင့်ကွန်မြူနတီဒိုင်းပွဲမှာ လီဗာပူးလ်ကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့နောက် မန်စီးတီးအသင်းဟာ ငွေတံဆိပ်ဆု တက်မယူခဲ့ဘူးလို့ သိရပါတယ်။ ITV Sport က

ဒီအကြောင်း ဖေါ်ပြခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းဟာ စင်ပေါ်တက်ပြီး ငွေတံဆိပ်ယူရေးထက် ချန်ပီယံလီဗာပူးလ်ကို လက်ခုပ်တီးဂုဏ်ပြုရေးနဲ့ ကွင်းထဲကမြန်မြန်ထွက်နိုင်ဖို့သာ

ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ ဒါကလည်း ကြိုးကြာနီတွေ ချန်ပီယံဒိုင်းကိုကိုင်မြှောက်အောင်ပွဲခံနေချိန်မှာ မန်စီးတီးအသင်းသားတွေထံမှာ ငွေတံဆိပ်ဆုမရှိတာကို အခြေခံဖေါ်ပြတာပါ။

ဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ဒါပေမဲ့ ပွဲပြီးတဲ့နောက် ITV Sport နဲ့ အင်တာဗျူးမှာတော့ “ ခင်ဗျားရဲ့ကစားသမားတွေ

ငွေတံဆိပ်ဆုမယူခဲ့ကြဘူးဆို၊ သူတို့ ဒီဆုကို လက်မခံတာလား ” လို့ မေးမြန်းရာမှာ ဂွါဒီယိုလာက ချက်ချင်းပဲ “ ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆုတံဆိပ်တွေကို

လက်ခံခဲ့ပါတယ် ” လို့ ကြားဖြတ်ဖြေသွားခဲ့ပါတယ်။ အင်တာဗျူးသူကတော့ “ ဒါကို မြင်ရဖို့ မလွယ်ဘူးနော် ” တုံ့ပြန်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ အာနိုး၊ ဆာလက်နဲ့

ဒါဝင်နူနက်ဇ်တို့ သွင်းဂိုးတွေကြောင့် မန်စီးတီးကိုအနိုင်ရခဲ့တာပါ။ မန်စီးတီးတိုက်စစ်မှူးသစ် ပေါင် ၈၅ သန်းတန် ဟာလန်းအတွက်လည်း ကံမကောင်းတဲ့ည ဖြစ်ခဲ့ပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ ရာသီအဖြင့္ကြန္ျမဴနတီဒိုင္းပြဲမွာ လီဗာပူးလ္ကို ၃-၁ ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ေနာက္ မန္စီးတီးအသင္းဟာ ေငြတံဆိပ္ဆု တက္မယူခဲ့ဘူးလို႔ သိရပါတယ္။

ITV Sport က ဒီအေၾကာင္း ေဖၚျပခဲ့တာျဖစ္ၿပီး မန္စီးတီးအသင္းဟာ စင္ေပၚတက္ၿပီး ေငြတံဆိပ္ယူေရးထက္ ခ်န္ပီယံလီဗာပူးလ္ကို လက္ခုပ္တီးဂုဏ္ျပဳေရးနဲ႔

ကြင္းထဲကျမန္ျမန္ထြက္ႏိုင္ဖို႔သာ ႀကိဳးစားခဲ့တယ္လို႔ဆိုပါတယ္။ ဒါကလည္း ႀကိဳးၾကာနီေတြ ခ်န္ပီယံဒိုင္းကိုကိုင္ေျမႇာက္ေအာင္ပြဲခံေနခ်ိန္မွာ မန္စီးတီးအသင္းသားေတြထံမွာ

ေငြတံဆိပ္ဆုမရွိတာကို အေျခခံေဖၚျပတာပါ။ ဒါေၾကာင့္ ဆိုရွယ္မီဒီယာေပၚမွာ ပရိသတ္ေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ေနၾကပါတယ္။ ဒါေပမဲ့ ပြဲၿပီးတဲ့ေနာက္

ITV Sport နဲ႔ အင္တာဗ်ဴးမွာေတာ့ “ ခင္ဗ်ားရဲ႕ကစားသမားေတြ ေငြတံဆိပ္ဆုမယူခဲ့ၾကဘူးဆို၊ သူတို႔ ဒီဆုကို လက္မခံတာလား ” လို႔ ေမးျမန္းရာမွာ ဂြါဒီယိုလာက ခ်က္ခ်င္းပဲ

“ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ ဆုတံဆိပ္ေတြကို လက္ခံခဲ့ပါတယ္ ” လို႔ ၾကားျဖတ္ေျဖသြားခဲ့ပါတယ္။ အင္တာဗ်ဴးသူကေတာ့ “ ဒါကို ျမင္ရဖို႔ မလြယ္ဘူးေနာ္ ” တုံ႔ျပန္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ အာႏိုး၊ ဆာလက္နဲ႔ ဒါဝင္ႏူနက္ဇ္တို႔ သြင္းဂိုးေတြေၾကာင့္ မန္စီးတီးကိုအႏိုင္ရခဲ့တာပါ။ မန္စီးတီးတိုက္စစ္မႉးသစ္ ေပါင္ ၈၅ သန္းတန္ ဟာလန္းအတြက္လည္း ကံမေကာင္းတဲ့ည ျဖစ္ခဲ့ပါတယ္။