ဂြိုလ်မွှေနေတဲ့ ၂၀၂၂ ကို အနိုင်ယူဖို့ ကမ္ဘာ့အကောင်းဆုံး စိတ်ပညာရှင်နဲ့တွေ့ခဲ့တာလား ရော်နယ်ဒို

ကမ္ဘာ့အကောင်းဆုံးစိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဂျော်ဒန်ဘီပီတာဆန်နဲ့ ခရစ္စတီယာနိုရော်နယ်ဒို တွေ့ဆုံခဲ့တဲ့နောက် မန်ယူတိုက်စစ်မှူးနဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်နေပါတယ်။

ဒေါက်တာဂျော်ဒန်ဆိုတာ ကနေဒါသားဖြစ်ပြီး တိုရွန်တိုတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးပါ။ ဆေးဘက်ဆိုင်ရာစိတ်ပညာရှင်အဖြစ် ၂၀၁၀ နောက်ပိုင်းမှာ ကျော်ကြားလာခဲ့တဲ့ ဒေါက်တာဂျော်ဒန်နဲ့တွေ့ဆုံခဲ့ပုံကို

ရော်နယ်ဒိုကိုယ်တိုင် အင်စတာဂရမ်မှာ ပုံတင်ပြီး “ တွေ့ရတာ ဝမ်းသာတယ် သူငယ်ချင်း ” လို့ ရေးထားပါတယ်။ အဲဒီနောက်မှာတော့ ပေါ်တူဂီသား ဘာကြောင့် စိတ်ပညာရှင်နဲ့တွေ့ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာတော့တာပါ။

ပရိသတ်အများစုကတော့ ၂၀၂၂ ဟာ သူ့အတွက် သိပ်ပြီးကြမ်းတမ်းလွန်းနေတာကြောင့် စိတ်ဓာတ်ရေးရာအတွက် တိုင်ပင်ခဲ့တာဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။ အားလုံးသိတဲ့အတိုင်း ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့်

မန်ယူကို နာမည်ပျက်ခံပြီး စွန့်ခွာဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နည်းပြသစ်တန်းဟတ်ကလည်း ရာသီကြိုကာလမှာ အကန်တွေလုပ်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မပေးသေးပါဘူး။

သူမကစားချင်တဲ့ ယူရိုပါလိဂ်ရောက်မှ ပွဲထွက်ခဲ့ရတာ၊ ဥရောပဒုတိယတန်းစားပြိုင်ပွဲမှာလည်း အရှုံးနဲ့စတင်ခဲ့ရတာ စတာတွေဟာ ပေါ်တူဂီသားအတွက် စိတ်ဓာတ်ကျစရာတွေချည်းပါပဲ။ အထူးသဖြင့် မွေးကင်းစရင်သွေးလေး

သေဆုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဧပြီလမှာ အတူနေချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်က သူ့အတွက် အမွှာလေး ၂ ယောက် မွေးဖွားပေးခဲ့ပေမယ့် သမီးလေးသာရှင်သန်ပြီး သားလေးကတော့ ဆုံးပါးသွားခဲ့ရပါတယ်။

(zawgyi)

ကမာၻ႔အေကာင္းဆုံးစိတ္ပညာရွင္တစ္ဦးျဖစ္သူ ေဒါက္တာေဂ်ာ္ဒန္ဘီပီတာဆန္နဲ႔ ခရစၥတီယာႏိုေရာ္နယ္ဒို ေတြ႕ဆုံခဲ့တဲ့ေနာက္ မန္ယူတိုက္စစ္မႉးနဲ႔ပတ္သက္ၿပီး သတင္းေတြအမ်ိဳးမ်ိဳးထြက္ေနပါတယ္။

ေဒါက္တာေဂ်ာ္ဒန္ဆိုတာ ကေနဒါသားျဖစ္ၿပီး တို႐ြန္တိုတကၠသိုလ္ရဲ႕ဂုဏ္ထူးေဆာင္ပါေမာကၡတစ္ဦးပါ။ ေဆးဘက္ဆိုင္ရာစိတ္ပညာရွင္အျဖစ္ ၂၀၁၀ ေနာက္ပိုင္းမွာ ေက်ာ္ၾကားလာခဲ့တဲ့ ေဒါက္တာေဂ်ာ္ဒန္နဲ႔ေတြ႕ဆုံခဲ့ပုံကို

ေရာ္နယ္ဒိုကိုယ္တိုင္ အင္စတာဂရမ္မွာ ပုံတင္ၿပီး “ ေတြ႕ရတာ ဝမ္းသာတယ္ သူငယ္ခ်င္း ” လို႔ ေရးထားပါတယ္။ အဲဒီေနာက္မွာေတာ့ ေပၚတူဂီသား ဘာေၾကာင့္ စိတ္ပညာရွင္နဲ႔ေတြ႕ခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြထြက္ေပၚလာေတာ့တာပါ။

ပရိသတ္အမ်ားစုကေတာ့ ၂၀၂၂ ဟာ သူ႔အတြက္ သိပ္ၿပီးၾကမ္းတမ္းလြန္းေနတာေၾကာင့္ စိတ္ဓာတ္ေရးရာအတြက္ တိုင္ပင္ခဲ့တာျဖစ္မယ္လို႔ သုံးသပ္ေနၾကပါတယ္။ အားလုံးသိတဲ့အတိုင္း ေရာ္နယ္ဒိုဟာ

ခ်န္ပီယံလိဂ္ကစားခ်င္တာေၾကာင့္ မန္ယူကို နာမည္ပ်က္ခံၿပီး စြန႔္ခြာဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ နည္းျပသစ္တန္းဟတ္ကလည္း ရာသီႀကိဳကာလမွာ အကန္ေတြလုပ္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္မေပးေသးပါဘူး။

သူမကစားခ်င္တဲ့ ယူ႐ိုပါလိဂ္ေရာက္မွ ပြဲထြက္ခဲ့ရတာ၊ ဥေရာပဒုတိယတန္းစားၿပိဳင္ပြဲမွာလည္း အရႈံးနဲ႔စတင္ခဲ့ရတာ စတာေတြဟာ ေပၚတူဂီသားအတြက္ စိတ္ဓာတ္က်စရာေတြခ်ည္းပါပဲ။ အထူးသျဖင့္ ေမြးကင္းစရင္ေသြးေလး ေသဆုံးခဲ့ရတာပါ။

ၿပီးခဲ့တဲ့ ဧၿပီလမွာ အတူေနခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္က သူ႔အတြက္ အမႊာေလး ၂ ေယာက္ ေမြးဖြားေပးခဲ့ေပမယ့္ သမီးေလးသာရွင္သန္ၿပီး သားေလးကေတာ့ ဆုံးပါးသြားခဲ့ရပါတယ္။