ဂျော်ဂျင်ဟိုရဲ့ တက်တူးဆရာ လက်စွမ်းပြချက်ကြောင့် ပရိသတ်တွေ ဖောင်းထုကုန်ကြပြီ

ချဲလ်ဆီးက ရလဒ်တွေ ဆိုးလွန်းလို့ နည်းပြတူချယ်တောင် ထုတ်ပယ်ခံလိုက်ရ တဲ့အချိန်မှာ ကွင်းလယ်လူဂျော်ဂျင်ဟိုတစ်ယောက် မလုပ်သင့်တာတွေ လျှောက်လုပ်နေလို့ ပရိသတ်တွေ ဒီအီတလီသားအပေါ် ဝိုင်းပြီး ဖောင်းထုနေကြပြီဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ချဲလ်ဆီးနဲ့အတူ

ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့ပြီး ၂၀၂၀ ယူရိုပြိုင်ပွဲမှာလည်း အီတလီလက် ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုကို ရယူနိုင်ခဲ့သူပါ။ ဒါကြောင့် သူ့ရဲ့ အောင်မြင်မှု အထိမ်းအမှတ်အတွက် ဂျော်ဂျင်ဟိုက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲဒီချန်ပီယံဆုဖလား ပုံတူနှစ်ခုကို တက်တူးရေးထိုးခဲ့တာပဲဖြစ်ပါတယ်။

အမှန်တော့ ဒီတက်တူးပုံတွေကို ဂျော်ဂျင်ဟိုကိုယ်တိုင်က ထုတ်ပြခဲ့တာမျိုး တော့ မဟုတ်ခဲ့ပါဘူး။ သူ့ကို ပုံတူရေးထိုးပေးတဲ့ တက်တူးပညာရှင်က အဲဒီ ဒီဇိုင်းပုံစံတွေကို ထုတ်ပြခဲ့တာပါ။ ဂျော်ဂျင်ဟိုဟာ သူ့ရဲ့ လက်မောင်းတစ်ဖက် ပေါ်မှာ ချန်ပီယံလိဂ်ဖလားပုံကို ရေးထိုးခဲ့ပြီး

အဲဒီဖလားမှာ အပြာရောင် ဖဲ ကြိုးလေးတွေ ပါဝင်ပါတယ်။ တခြား လက်တစ်ဖက်မှာတော့ ယူရိုချန်ပီယံဆု ဖလားကို ရေးထိုးခဲ့တာဖြစ်ပြီး အီတလီနိုင်ငံတော်အလံကို ကိုယ်စားပြုတဲ့ အဖြူ၊ အနီ၊ အစိမ်းရောင် ဖဲကြိုးလေးတွေ ပါဝင်ခဲ့ပါတယ်။ ဒီလို တက်တူးပုံ တွေနဲ့အတူ

လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရောက်လာခဲ့တဲ့ ဂျော်ဂျင်ဟို အကြောင်းဟာ ပရိသတ်တွေကြားမှာတော့ ချက်ချင်းဆိုစလို လှောင်စရာကြီး ဖြစ်သွားခဲ့ပါတယ်။ ‘’ဒါက တကယ့်ကို စိတ်မသက်မသာ ဖြစ်စရာကြီးပါကွာ’’ လို့ ပရိသတ်တစ်ယောက်က ဝေဖန်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’ဒီဟာကြီးက တော်တော်လေး စိတ်ရှုပ်စရာ ဖြစ်ရတယ်ဆိုတာကို ငါ လိမ် မနေနိုင်ဘူး’’ လို့ ရေးသားခဲ့ပါတယ်။ တတိယတစ်ယောက်ကလည်း ‘’ဒီ တက်တူးကြီးက တော်တော်ဆိုးတယ်ဆိုတာ လိမ်လို့မရဘူးနော်’’ ဆိုပြီး ရေး သားခဲ့ပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ ဂျော်ဂျင်ဟိုကို ဒဲ့ဖြုတ်ခဲ့တာ ဖြစ်ပြီး ‘’ေ-ာက်တလွဲကြီးလား၊ ဘာလား’’ လို့ ရေးသားသွားခဲ့ပါတယ်။ နောက် ဆုံးတစ်ယောက်ကတော့ ရိသလိုလိုဘာလိုလိုနဲ့ ‘’အလဲ့၊ သူက အပြာရောင် ဖဲကြိုးလေးတောင် ပါလိုက်သေး’’ ဆိုပြီး ရေးသားခဲ့ကြပါတယ်။

ဂျော်ဂျင်ဟို ဟာ ချဲလ်ဆီးနဲ့အတူ စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်မယ်ဆိုရင် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ နိုင်ငံရပ်ခြား အသင်းတစ်သင်းနဲ့ အ လွတ်ပြောင်းရွှေ့သဘောတူစာချုပ်အတွက် အကြို လက်မှတ်ရေးထိုးခွင့် ရရှိ မှာဖြစ်ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးက ရလဒ္ေတြ ဆိုးလြန္းလို႔ နည္းျပတူခ်ယ္ေတာင္ ထုတ္ပယ္ခံလိုက္ရ တဲ့အခ်ိန္မွာ ကြင္းလယ္လူေဂ်ာ္ဂ်င္ဟိုတစ္ေယာက္ မလုပ္သင့္တာေတြ ေလွ်ာက္လုပ္ေနလို႔ ပရိသတ္ေတြ ဒီအီတလီသားအေပၚ ဝိုင္းၿပီး ေဖာင္းထုေနၾကၿပီျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ ခ်ဲလ္ဆီးနဲ႔အတူ

ခ်န္ပီယံလိဂ္ဖလား ရယူႏိုင္ခဲ့ၿပီး ၂၀၂၀ ယူ႐ိုၿပိဳင္ပြဲမွာလည္း အီတလီလက္ ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ိုခ်န္ပီယံဆုကို ရယူႏိုင္ခဲ့သူပါ။ ဒါေၾကာင့္ သူ႔ရဲ႕ ေအာင္ျမင္မႈ အထိမ္းအမွတ္အတြက္ ေဂ်ာ္ဂ်င္ဟိုက သူ႔ရဲ႕ ခႏၶာကိုယ္ေပၚမွာ အဲဒီခ်န္ပီယံဆုဖလား ပုံတူႏွစ္ခုကို တက္တူးေရးထိုးခဲ့တာပဲျဖစ္ပါတယ္။

အမွန္ေတာ့ ဒီတက္တူးပုံေတြကို ေဂ်ာ္ဂ်င္ဟိုကိုယ္တိုင္က ထုတ္ျပခဲ့တာမ်ိဳး ေတာ့ မဟုတ္ခဲ့ပါဘူး။ သူ႔ကို ပုံတူေရးထိုးေပးတဲ့ တက္တူးပညာရွင္က အဲဒီ ဒီဇိုင္းပုံစံေတြကို ထုတ္ျပခဲ့တာပါ။ ေဂ်ာ္ဂ်င္ဟိုဟာ သူ႔ရဲ႕ လက္ေမာင္းတစ္ဖက္ ေပၚမွာ ခ်န္ပီယံလိဂ္ဖလားပုံကို ေရးထိုးခဲ့ၿပီး

အဲဒီဖလားမွာ အျပာေရာင္ ဖဲ ႀကိဳးေလးေတြ ပါဝင္ပါတယ္။ တျခား လက္တစ္ဖက္မွာေတာ့ ယူ႐ိုခ်န္ပီယံဆု ဖလားကို ေရးထိုးခဲ့တာျဖစ္ၿပီး အီတလီႏိုင္ငံေတာ္အလံကို ကိုယ္စားျပဳတဲ့ အျဖဴ၊ အနီ၊ အစိမ္းေရာင္ ဖဲႀကိဳးေလးေတြ ပါဝင္ခဲ့ပါတယ္။ ဒီလို တက္တူးပုံ ေတြနဲ႔အတူ

လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚ ေရာက္လာခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို အေၾကာင္းဟာ ပရိသတ္ေတြၾကားမွာေတာ့ ခ်က္ခ်င္းဆိုစလို ေလွာင္စရာႀကီး ျဖစ္သြားခဲ့ပါတယ္။ ‘’ဒါက တကယ့္ကို စိတ္မသက္မသာ ျဖစ္စရာႀကီးပါကြာ’’ လို႔ ပရိသတ္တစ္ေယာက္က ေဝဖန္ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’ဒီဟာႀကီးက ေတာ္ေတာ္ေလး စိတ္ရႈပ္စရာ ျဖစ္ရတယ္ဆိုတာကို ငါ လိမ္ မေနႏိုင္ဘူး’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယတစ္ေယာက္ကလည္း ‘’ဒီ တက္တူးႀကီးက ေတာ္ေတာ္ဆိုးတယ္ဆိုတာ လိမ္လို႔မရဘူးေနာ္’’ ဆိုၿပီး ေရး သားခဲ့ပါတယ္။

ေနာက္ထပ္တစ္ေယာက္ကေတာ့ ေဂ်ာ္ဂ်င္ဟိုကို ဒဲ့ျဖဳတ္ခဲ့တာ ျဖစ္ၿပီး ‘’ေ-ာက္တလြဲႀကီးလား၊ ဘာလား’’ လို႔ ေရးသားသြားခဲ့ပါတယ္။ ေနာက္ ဆုံးတစ္ေယာက္ကေတာ့ ရိသလိုလိုဘာလိုလိုနဲ႔ ‘’အလဲ့၊ သူက အျပာေရာင္ ဖဲႀကိဳးေလးေတာင္ ပါလိုက္ေသး’’ ဆိုၿပီး

ေရးသားခဲ့ၾကပါတယ္။ ေဂ်ာ္ဂ်င္ဟို ဟာ ခ်ဲလ္ဆီးနဲ႔အတူ စာခ်ဳပ္သက္တမ္း မတိုးဖို႔ ဆုံးျဖတ္မယ္ဆိုရင္ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ႏိုင္ငံရပ္ျခား အသင္းတစ္သင္းနဲ႔ အ လြတ္ေျပာင္းေ႐ႊ႕သေဘာတူစာခ်ဳပ္အတြက္ အႀကိဳ လက္မွတ္ေရးထိုးခြင့္ ရရွိ မွာျဖစ္ပါတယ္။