ဂျူဗင်တပ်အသင်းဖော်ဟောင်း ရော်နယ်ဒိုရဲ့ဂျာစီရောင်းအားစံချိန်ကို ဒိုင်ဘာလာ ချိုးဖျက်

ရိုးမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာတဲ့ ပေါ်လိုဒိုင်ဘာလာဟာ ရော်နယ်ဒိုရဲ့အင်္ကျီရောင်းချမှုစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်လို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။

ဒါဟာ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းအပေါ် ရောမပရိသတ်တွေရဲ့မျှော်လင့်ချက်ကို ပြနေတာပါပဲ။ Corriere dello sport သတင်းစာရဲ့အဆိုအရ အသက် ၂၈ နှစ်အရွယ်

အာဂျင်တီးနားသားဟာ ၂၀၁၈ တုန်းက ရော်နယ်ဒိုကိုခေါ်ယူခဲ့တဲ့နောက် ဂျူဗင်တပ်အသင်းရဲ့အင်္ကျီရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုင်းတာမှုတွေကတော့

ကစားသမားကိုခေါ်ယူနိုင်ပြီလို့ ကြေညာပြီးတဲ့နောက်ပိုင်း ဂျာစီရောင်းအားအပေါ် အခြေခံပါတယ်။ သတင်းဖေါ်ပြမှုမှာ ကိန်းဂဏန်းအတိအကျမပါပေမယ့်

ဒိုင်ဘာလာရဲ့အင်္ကျီရောင်းအားဟာ ဂျူဗင်တပ်မှာ ၃ နှစ်ကြာ အတူတွဲကစားခဲ့တဲ့ အသင်းဖော်ဟောင်းရော်နယ်ဒိုရဲ့အင်္ကျီရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒိုင်ဘာလာဟာ ရိုးမားမှာ နီမန်ဂျာမာတစ် သိက္ခာရှိရှိချန်ထားခဲ့တဲ့ နံပါတ် ၂၁ ဂျာစီကို ဝတ်ဆင်မှာဖြစ်ပါတယ်။ မန်ယူကွင်းလယ်လူဟောင်းကတော့

နံပါတ် ၈ ဂျာစီကိုပြောင်းလဲဝတ်ဆင်မှာပါ။ ဒိုင်ဘာလာရဲ့အင်္ကျီတစ်ထည်ဈေးနှုန်းကတော့ ယူရို ၁၁၀ ကနေ ၁၃၀ အထိရှိနေပါတယ်။ တကယ်တော့ ရိုးမားက

သူ့ကို ဂန္ထဝင်တိုက်စစ်မှူးကြီးတော့တီရဲ့ ကျောနံပါတ် ၁၀ ကိုဆက်ခံဖို့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမဲ့ အာဂျင်တိုင်းသားက တစ်နေ့မှာ ဒီဂန္ထဝင်နံပါတ်ကို

ဝတ်ဆင်ကောင်းဝတ်ဆင်နိုင်မှာဖြစ်ပေမယ့် လောလောဆယ်တော့ သူနဲ့ကီးကိုက်နေတဲ့ နံပါတ် ၂၁ ကိုပဲဝတ်မယ်ဆိုပြီး ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

(zawgyi)

႐ိုးမားကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေရာက္ရွိလာတဲ့ ေပၚလိုဒိုင္ဘာလာဟာ ေရာ္နယ္ဒိုရဲ႕အက်ႌေရာင္းခ်မႈစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ The Sun သတင္းစာက ေဖၚျပပါတယ္။

ဒါဟာ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းအေပၚ ေရာမပရိသတ္ေတြရဲ႕ေမွ်ာ္လင့္ခ်က္ကို ျပေနတာပါပဲ။ Corriere dello sport သတင္းစာရဲ႕အဆိုအရ အသက္ ၂၈ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားဟာ

၂၀၁၈ တုန္းက ေရာ္နယ္ဒိုကိုေခၚယူခဲ့တဲ့ေနာက္ ဂ်ဴဗင္တပ္အသင္းရဲ႕အက်ႌေရာင္းအားကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ တိုင္းတာမႈေတြကေတာ့ ကစားသမားကိုေခၚယူႏိုင္ၿပီလို႔

ေၾကညာၿပီးတဲ့ေနာက္ပိုင္း ဂ်ာစီေရာင္းအားအေပၚ အေျခခံပါတယ္။ သတင္းေဖၚျပမႈမွာ ကိန္းဂဏန္းအတိအက်မပါေပမယ့္ ဒိုင္ဘာလာရဲ႕အက်ႌေရာင္းအားဟာ ဂ်ဴဗင္တပ္မွာ ၃ ႏွစ္ၾကာ

အတူတြဲကစားခဲ့တဲ့ အသင္းေဖာ္ေဟာင္းေရာ္နယ္ဒိုရဲ႕အက်ႌေရာင္းအားကို ေက်ာ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ေရးသားထားပါတယ္။ ဒိုင္ဘာလာဟာ ႐ိုးမားမွာ နီမန္ဂ်ာမာတစ္ သိကၡာရွိရွိခ်န္ထားခဲ့တဲ့

နံပါတ္ ၂၁ ဂ်ာစီကို ဝတ္ဆင္မွာျဖစ္ပါတယ္။ မန္ယူကြင္းလယ္လူေဟာင္းကေတာ့ နံပါတ္ ၈ ဂ်ာစီကိုေျပာင္းလဲဝတ္ဆင္မွာပါ။ ဒိုင္ဘာလာရဲ႕အက်ႌတစ္ထည္ေဈးႏႈန္းကေတာ့

ယူ႐ို ၁၁၀ ကေန ၁၃၀ အထိရွိေနပါတယ္။ တကယ္ေတာ့ ႐ိုးမားက သူ႔ကို ဂႏၴဝင္တိုက္စစ္မႉးႀကီးေတာ့တီရဲ႕ ေက်ာနံပါတ္ ၁၀ ကိုဆက္ခံဖို႔ ကမ္းလွမ္းခဲ့တာပါ။ ဒါေပမဲ့ အာဂ်င္တိုင္းသားက

တစ္ေန႔မွာ ဒီဂႏၴဝင္နံပါတ္ကို ဝတ္ဆင္ေကာင္းဝတ္ဆင္ႏိုင္မွာျဖစ္ေပမယ့္ ေလာေလာဆယ္ေတာ့ သူနဲ႔ကီးကိုက္ေနတဲ့ နံပါတ္ ၂၁ ကိုပဲဝတ္မယ္ဆိုၿပီး ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။