ဂျူဗင်တပ်ရဲ့အနိုင်ဂိုး လူမကျွံဘူးဆိုတဲ့ Sky Sport Italia ရဲ့ ဗွီဒီယိုမှတ်တမ်းသစ် ထွက်ပေါ်လာ

ဆာလာနီတာနာနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်သွင်းခဲ့တဲ့ နောက်ကျအနိုင်ဂိုးကို VAR က ခွင့်မပြုခဲ့တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ဝေဖန်မှုတွေ အဆုံးမသတ်နိုင်သေးပါဘူး။ အထူးသဖြင့် Sky Sport Italia က ထုတ်ပြန်လိုက်တဲ့ ဗွီဒီယိုမှတ်တမ်းသစ်မှာ

ဘိုနုချီ လူမကျွံဘူးဆိုတာ သက်သေပြနေတာကြောင့်ပါ။ ၂ ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ နာကျင်အချိန်ပို ၉၆ မိနစ်အရောက် ထောင့်ကန်ဘောကနေ မီလစ်ကခေါင်းတိုက်ပြီး ဂျူဗင်တပ်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် VAR က

ဘိုနုချီလူကျွံနေတယ်ဆိုပြီး ဂိုးမပေးခဲ့ပါဘူး။ Sky Sport Italia ရဲ့ဗွီဒီယိုမှတ်တမ်းမှာတော့ ထောင့်ကန်ဘောအလံတိုင်နားမှာ ဆာလာနီတာနာကွင်းလယ်လူ ကန်ဒရီဗာရှိနေတာကြောင့် ဘိုနုချီ လူမကျွံဘူးလို့ပြထားပါတယ်။

ကန်ဒရီဗာဟာ သတ်မှတ်မျဉ်းနဲ့ ၂.၉ မီတာအကွာမှာရှိနေပြီး ဂျူဗင်တပ်အသင်းခေါင်းဆောင်က ၃.၄၂ မီတာအကွာမှာ ရှိနေတာကြောင့် ဘိုနုချီ လူမကျွံဘူးလို့ဆိုပါတယ်။ ဒါပေမဲ့ စီးရီးအေအဖွဲ့ချုပ်ကတော့ ဘိုနုချီ လူကျွံမကျွံ ဆုံးဖြတ်ဖို့ဆွဲထားတဲ့လိုင်းဟာ

ကန်ဒရီဗာကိုထည့်သွင်းရေးဆွဲထားတာလို့ DAZN မီဒီယာကို ဖြေရှင်းထားပါတယ်။ ဂျူဗင်တပ်နည်းပြအယ်လီဂရီကလည်း ဘိုနုချီ လူမကျွံဘူးဆိုတာ ကန်ဒရီဗာကို မူတည်ရေးဆွဲတာမျိုး VAR မလုပ်ခဲ့ဘူးလို့ ဝေဖန်ထားပါတယ်။ “ တစ်ခုတည်းသောအကြောင်းအရာက

ဒီဗွီဒီယိုကို ကျွန်တော်ပြန်ကြည့်ချင်တာပါပဲ။ ကန်ဒရီဗာက အလံတိုင်ထောင့်နားမှာရှိနေပြီး ဘိုနုချီ လူမကျွံကြောင်းသက်သေပြနိုင်မယ့် ဗွီဒီယိုကို ကျွန်တော်တို့ မမြင်ရသေးပါဘူး။ ဘယ်သူမှလည်း မတွေ့ရသေးပါဘူး။ ဒါကြောင့် ကျွန်တော် မသိတော့ပါဘူး ” လို့ အယ်လီဂရီက ပြောသွားခဲ့ပါတယ်။

(zawgyi)

ဆာလာနီတာနာနဲ႔ပြဲစဥ္မွာ ဂ်ဴဗင္တပ္သြင္းခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးကို VAR က ခြင့္မျပဳခဲ့တာနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ၊ ေဝဖန္မႈေတြ အဆုံးမသတ္ႏိုင္ေသးပါဘူး။ အထူးသျဖင့္ Sky Sport Italia က ထုတ္ျပန္လိုက္တဲ့ ဗြီဒီယိုမွတ္တမ္းသစ္မွာ

ဘိုႏုခ်ီ လူမကြၽံဘူးဆိုတာ သက္ေသျပေနတာေၾကာင့္ပါ။ ၂ ဂိုးစီသေရက်ခဲ့တဲ့ အဲဒီပြဲစဥ္မွာ နာက်င္အခ်ိန္ပို ၉၆ မိနစ္အေရာက္ ေထာင့္ကန္ေဘာကေန မီလစ္ကေခါင္းတိုက္ၿပီး ဂ်ဴဗင္တပ္အတြက္ အႏိုင္ဂိုးသြင္းေပးခဲ့ေပမယ့္ VAR က ဘိုႏုခ်ီလူကြၽံေနတယ္ဆိုၿပီး

ဂိုးမေပးခဲ့ပါဘူး။ Sky Sport Italia ရဲ႕ဗြီဒီယိုမွတ္တမ္းမွာေတာ့ ေထာင့္ကန္ေဘာအလံတိုင္နားမွာ ဆာလာနီတာနာကြင္းလယ္လူ ကန္ဒရီဗာရွိေနတာေၾကာင့္ ဘိုႏုခ်ီ လူမကြၽံဘူးလို႔ျပထားပါတယ္။ ကန္ဒရီဗာဟာ သတ္မွတ္မ်ဥ္းနဲ႔ ၂.၉ မီတာအကြာမွာရွိေနၿပီး

ဂ်ဴဗင္တပ္အသင္းေခါင္းေဆာင္က ၃.၄၂ မီတာအကြာမွာ ရွိေနတာေၾကာင့္ ဘိုႏုခ်ီ လူမကြၽံဘူးလို႔ဆိုပါတယ္။ ဒါေပမဲ့ စီးရီးေအအဖြဲ႕ခ်ဳပ္ကေတာ့ ဘိုႏုခ်ီ လူကြၽံမကြၽံ ဆုံးျဖတ္ဖို႔ဆြဲထားတဲ့လိုင္းဟာ ကန္ဒရီဗာကိုထည့္သြင္းေရးဆြဲထားတာလို႔ DAZN မီဒီယာကို

ေျဖရွင္းထားပါတယ္။ ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီကလည္း ဘိုႏုခ်ီ လူမကြၽံဘူးဆိုတာ ကန္ဒရီဗာကို မူတည္ေရးဆြဲတာမ်ိဳး VAR မလုပ္ခဲ့ဘူးလို႔ ေဝဖန္ထားပါတယ္။ “ တစ္ခုတည္းေသာအေၾကာင္းအရာက ဒီဗြီဒီယိုကို ကြၽန္ေတာ္ျပန္ၾကည့္ခ်င္တာပါပဲ။

ကန္ဒရီဗာက အလံတိုင္ေထာင့္နားမွာရွိေနၿပီး ဘိုႏုခ်ီ လူမကြၽံေၾကာင္းသက္ေသျပႏိုင္မယ့္ ဗြီဒီယိုကို ကြၽန္ေတာ္တို႔ မျမင္ရေသးပါဘူး။ ဘယ္သူမွလည္း မေတြ႕ရေသးပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ မသိေတာ့ပါဘူး ” လို႔ အယ္လီဂရီက ေျပာသြားခဲ့ပါတယ္။