ဂျူဗင်တပ်ရောက်တော့မယ့် ဒီပေးနဲ့အတူ ဘာစီလိုနာ စတင်ရုံခါ

တိုက်စစ်မှူးဒီပေးဟာ ဂျူဗင်တပ်နဲ့သဘောတူညီမှုရရှိသွားပြီဖြစ်တာကြောင့် ဘာစီလိုနာကနေထွက်ခွာဖို့ ပိုမိုနီးကပ်လာခဲ့ပါတယ်။ ဘာစီလိုနာတောင်ပံတိုက်စစ်မှူးဟာ ဂျူဗင်တပ်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု

ရရှိသွားပြီဖြစ်တာကြောင့် တူရင်ရောက်ဖို့နီးစပ်နေပြီလို့ 90Min သတင်းဌာနက ဖေါ်ပြလိုက်တာပါ။ အသက် ၂၈ နှစ်အရွယ် နယ်သာလန်သားဟာ ပြီးခဲ့တဲ့နွေမှာ လိုင်ယွန်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့

ရောက်လာခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ဇာဗီလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့သလို ဖာရန်တောရက်စ်နဲ့ ထရာအိုယေးတို့ရောက်လာတဲ့နောက် သူ့ရဲ့ပွဲကစားခွင့်က အကန့်အသတ်တွေရှိခဲ့တာပါ။

ဒီနွေမှာတော့ ဇာဗီကိုယ်တိုင် သူ့ရဲ့အနာဂတ်အစီအစဉ်မှာ မပါတော့ဘူးလို့ ဒီပေးကို ကိုယ်တိုင်ဖွင့်ပြောခဲ့ပြီး အသင်းသစ်ရှာစေခဲ့ပါတယ်။ ဒီပေးရဲ့အပြောင်းအရွှေ့ဟာ ဘာစီလိုနာနဲ့ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းပြီး

တူရင်ကလပ်ကို အလွတ်ထွက်ခွာခွင့်ပြုချိန်မှာ အဆုံးသတ်သွားလိမ့်မယ်လို့လည်း 90Min သတင်းဌာနက ရေးသားထားပါတယ်။ ဘာစီလိုနာကစားသမားဘဝမှာ နယ်သာလန်တိုက်စစ်မှူးဟာ ၃၈ ပွဲကစား ၁၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်ရောက်ရင်တော့ အသင်းဖော်ဟောင်း ပေါ့ဘာနဲ့ပြန်ဆုံမှာဖြစ်သလို ဒီမာရီယာ၊ ဗလာဟိုဗစ်တို့ တိုက်စစ်အင်အားနဲ့ပေါင်းစည်းရမှာပါ။ ဘာစီလိုနာဟာ တိုက်စစ်မှူးသစ် လီဝမ်ဒေါစကီးကို

ဒီပေးရဲ့ကျောနံပါတ် ၉ ကို အပ်နှင်းလိုက်ချိန်ကတည်းက နယ်သာလန်သားရဲ့အနာဂတ်ကို ရှင်းလင်းစေခဲ့ပါတယ်။ သူတို့အနေနဲ့လည်း ကစားသမားသစ် မှတ်ပုံတင်ကိစ္စကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့်

လစာပြဿနာနဲ့ မလိုအပ်တဲ့ကစားသမားတွေ ရောင်းထုတ်ရဦးမှာပါ။ ဒီပေးကတော့ ဘာစီလိုနာကနေ ထွက်ခွာဖို့သေချာသွားပြီဖြစ်ပြီး နောက်တစ်ယောက်က အူဘာမီယန်းဖြစ်နိုင်တယ်လို့ သိရပါတယ်။

(zawgyi)

တိုက္စစ္မႉးဒီေပးဟာ ဂ်ဴဗင္တပ္နဲ႔သေဘာတူညီမႈရရွိသြားၿပီျဖစ္တာေၾကာင့္ ဘာစီလိုနာကေနထြက္ခြာဖို႔ ပိုမိုနီးကပ္လာခဲ့ပါတယ္။ ဘာစီလိုနာေတာင္ပံတိုက္စစ္မႉးဟာ ဂ်ဴဗင္တပ္နဲ႔ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိသြားၿပီျဖစ္တာေၾကာင့္

တူရင္ေရာက္ဖို႔နီးစပ္ေနၿပီလို႔ 90Min သတင္းဌာနက ေဖၚျပလိုက္တာပါ။ အသက္ ၂၈ ႏွစ္အ႐ြယ္ နယ္သာလန္သားဟာ ၿပီးခဲ့တဲ့ေႏြမွာ လိုင္ယြန္ကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့ ဇာဗီလက္ထက္မွာ ပုံမွန္ပြဲထြက္ခြင့္မရခဲ့သလို ဖာရန္ေတာရက္စ္နဲ႔ ထရာအိုေယးတို႔ေရာက္လာတဲ့ေနာက္ သူ႔ရဲ႕ပြဲကစားခြင့္က အကန႔္အသတ္ေတြရွိခဲ့တာပါ။ ဒီေႏြမွာေတာ့ ဇာဗီကိုယ္တိုင္ သူ႔ရဲ႕အနာဂတ္အစီအစဥ္မွာ မပါေတာ့ဘူးလို႔

ဒီေပးကို ကိုယ္တိုင္ဖြင့္ေျပာခဲ့ၿပီး အသင္းသစ္ရွာေစခဲ့ပါတယ္။ ဒီေပးရဲ႕အေျပာင္းအေ႐ႊ႕ဟာ ဘာစီလိုနာနဲ႔ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ဖ်က္သိမ္းၿပီး တူရင္ကလပ္ကို အလြတ္ထြက္ခြာခြင့္ျပဳခ်ိန္မွာ အဆုံးသတ္သြားလိမ့္မယ္လို႔လည္း 90Min သတင္းဌာနက

ေရးသားထားပါတယ္။ ဘာစီလိုနာကစားသမားဘဝမွာ နယ္သာလန္တိုက္စစ္မႉးဟာ ၃၈ ပြဲကစား ၁၃ ဂိုး သြင္းႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္ေရာက္ရင္ေတာ့ အသင္းေဖာ္ေဟာင္း ေပါ့ဘာနဲ႔ျပန္ဆုံမွာျဖစ္သလို ဒီမာရီယာ၊ ဗလာဟိုဗစ္တို႔

တိုက္စစ္အင္အားနဲ႔ေပါင္းစည္းရမွာပါ။ ဘာစီလိုနာဟာ တိုက္စစ္မႉးသစ္ လီဝမ္ေဒါစကီးကို ဒီေပးရဲ႕ေက်ာနံပါတ္ ၉ ကို အပ္ႏွင္းလိုက္ခ်ိန္ကတည္းက နယ္သာလန္သားရဲ႕အနာဂတ္ကို ရွင္းလင္းေစခဲ့ပါတယ္။

သူတို႔အေနနဲ႔လည္း ကစားသမားသစ္ မွတ္ပုံတင္ကိစၥကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ လစာျပႆနာနဲ႔ မလိုအပ္တဲ့ကစားသမားေတြ ေရာင္းထုတ္ရဦးမွာပါ။ ဒီေပးကေတာ့ ဘာစီလိုနာကေန ထြက္ခြာဖို႔ေသခ်ာသြားၿပီျဖစ္ၿပီး ေနာက္တစ္ေယာက္က အူဘာမီယန္းျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။