ဂျီဆပ်နဲ့ဇင်ချန်ကိုတို့လူစုအတွက် ပေါင် သန်း ၁၀၀ ကျော်သုံးထားတာတောင် မဝသေးတဲ့အာတီတာ

အာဆင်နယ်ရဲ့နွေဈေးကွက်လှုပ်ရှားမှုက မပြီးဆုံးသေးပါဘူးလို့ နည်းပြအာတီတာက ဖွင့်ဟလိုက်ပါတယ်။ ဂန်းနားတွေဟာ ဂျီဆပ်နဲ့ဇင်ချန်ကိုအပါအဝင်

ကစားသမားသစ် ၅ ယောက်အတွက် ပေါင် သန်း ၁၀၀ ကျော်သုံးထားတာပါ။ ဒါပေမဲ့ ပဲလေ့စ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့

အာတီတာက “ ခင်ဗျားမြင်တိုင်းအတိုင်းပဲ။ ရောက်လာတဲ့သူတွေ၊ ထွက်သွားတဲ့သူတွေနဲ့ ကျွန်တော်တို့က တကယ့်ကိုနိုးနိုးကြားကြားဖြစ်နေတာပါ။ ဒါပေမဲ့ အရာအားလုံးက တံခါးဖွင့်ထားဆဲပါပဲ။

ဒါက ရှည်လျားတဲ့ဈေးကွက်တစ်ခုလေ။ အများကြီးဖြစ်သွားနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့မယုံနိုင်စရာကောင်းတဲ့ ငွေကြေးသုံးစွဲမှုကိုကြည့်ရင် ပြိုင်ဆိုင်မှုဘယ်လောက်ပြင်းထန်တယ်ဆိုတာ

မြင်နိုင်ပါတယ်။ ဒီရာသီမှာလည်း ဒါက ရပ်တန့်မှာ မဟုတ်ပါဘူး။ တစ်ချို့တွေက ထွက်ဖို့လိုနေသေးတယ်။ ဒါကြောင့် အရာအားလုံးဟာ တံခါးဖွင့်ထားဆဲပါပဲ ” လို့ ပြောလိုက်တာပါ။

အာဆင်နယ်ဟာ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ကို ကာလရှည်စိတ်ဝင်စားနေခဲ့သလို ဒီကစားသမားအတွက် အသင်းက ကစားသမားတစ်ချို့ကို ရောင်းချဖို့ရှိနေတယ်လို့လည်း

သိရပါတယ်။ ဒါ့အပြင် စမစ်ရိုး၊ တီယာနေး၊ တိုမီယာဆူနဲ့ ကစားသမားသစ်ဗီအဲရာတို့လည်း ဒဏ်ရာတွေနဲ့ရုန်းကန်နေရတာကြောင့် လူသစ်ခေါ်ဖို့လိုအပ်နေသေးတယ်လို့ အာတီတာက ယူဆထားပါတယ်။

(zawgyi)

အာဆင္နယ္ရဲ႕ေႏြေဈးကြက္လႈပ္ရွားမႈက မၿပီးဆုံးေသးပါဘူးလို႔ နည္းျပအာတီတာက ဖြင့္ဟလိုက္ပါတယ္။ ဂန္းနားေတြဟာ ဂ်ီဆပ္နဲ႔ဇင္ခ်န္ကိုအပါအဝင္ ကစားသမားသစ္ ၅ ေယာက္အတြက္

ေပါင္ သန္း ၁၀၀ ေက်ာ္သုံးထားတာပါ။ ဒါေပမဲ့ ပဲေလ့စ္နဲ႔ကစားမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာေတာ့ အာတီတာက “ ခင္ဗ်ားျမင္တိုင္းအတိုင္းပဲ။

ေရာက္လာတဲ့သူေတြ၊ ထြက္သြားတဲ့သူေတြနဲ႔ ကြၽန္ေတာ္တို႔က တကယ့္ကိုႏိုးႏိုးၾကားၾကားျဖစ္ေနတာပါ။ ဒါေပမဲ့ အရာအားလုံးက တံခါးဖြင့္ထားဆဲပါပဲ။ ဒါက ရွည္လ်ားတဲ့ေဈးကြက္တစ္ခုေလ။

အမ်ားႀကီးျဖစ္သြားႏိုင္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕မယုံႏိုင္စရာေကာင္းတဲ့ ေငြေၾကးသုံးစြဲမႈကိုၾကည့္ရင္ ၿပိဳင္ဆိုင္မႈဘယ္ေလာက္ျပင္းထန္တယ္ဆိုတာ ျမင္ႏိုင္ပါတယ္။ ဒီရာသီမွာလည္း ဒါက

ရပ္တန႔္မွာ မဟုတ္ပါဘူး။ တစ္ခ်ိဳ႕ေတြက ထြက္ဖို႔လိုေနေသးတယ္။ ဒါေၾကာင့္ အရာအားလုံးဟာ တံခါးဖြင့္ထားဆဲပါပဲ ” လို႔ ေျပာလိုက္တာပါ။ အာဆင္နယ္ဟာ လက္စတာကြင္းလယ္လူ

တိုင္လီမန္းစ္ကို ကာလရွည္စိတ္ဝင္စားေနခဲ့သလို ဒီကစားသမားအတြက္ အသင္းက ကစားသမားတစ္ခ်ိဳ႕ကို ေရာင္းခ်ဖို႔ရွိေနတယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ စမစ္႐ိုး၊ တီယာေနး၊ တိုမီယာဆူနဲ႔ ကစားသမားသစ္ဗီအဲရာတို႔လည္း ဒဏ္ရာေတြနဲ႔႐ုန္းကန္ေနရတာေၾကာင့္ လူသစ္ေခၚဖို႔လိုအပ္ေနေသးတယ္လို႔ အာတီတာက ယူဆထားပါတယ္။