ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲက သံမဏိသွားနဲ့လူထွားကြီးလို ပြိုင်ဘက်တွေကို ဟာလန်း အနိုင်ကျင့်နေတယ်

မန်စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ် ပထမဆုံး ၆ ပွဲမှာ ၁၀ ဂိုး သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းကို မန်ယူဂန္ထဝင်နောက်ခံလူ အတော်လေးဖြုံနေပါတယ်။ နော်ဝေတိုက်စစ်မှူးကို ဂျိမ်းစ်ဘွန်းဇာတ်ကားထဲက သံမဏိသွားပိုင်ရှင်

လူ့ဘီလူးကြီးနဲ့နှိုင်းယှဉ်လိုက်ပြီး ရင်ဆိုင်ဖို့မလွယ်သူလို့ ချီးကျူးလိုက်တာပါ။ “ ဟာလန်းက နည်းနည်းတော့ မတရားဘူး။ ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားကိုတောင် ကျွန်တော် သတိရမိသွားတယ်။

အရပ် ၇ ပေ ၂ လက်မရှိပြီး Jaws အဖြစ် သရုပ်ဆောင်တဲ့ လူ့ဘီလူကြီးလေ။ သူက လူတွေကိုကောက်ကိုင်လိုက်ရုံပဲ။ ပြီးတော့ ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်တယ်။ သန်မာတဲ့နောက်ခံလူတွေနဲ့ ရင်ဆိုင်ချိန်မှာ

ဟာလန်းကိုကြည့်လိုက်ရင် Jaws နဲ့သွားဆင်နေတယ်။ ခင်ဗျားကတော့ တွေးမှာပဲ။ ဝိုး .. သူဆက်မကစားနိုင်လောက်ဘူးပေါ့။ ပင်နယ်တီဧရိယာထဲမှာ သူ့ကို ဘယ်လိုရင်ဆိုင်ကြမှာလဲ။ ကျွန်တော်ပြောနိုင်တာတစ်ခုက

ဟာလန်းရဲ့မန်စီးတီးကစားသမားဘဝဟာ အကြာကြီးဖြစ်သွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူက အဲဒီနေရာမှာ ရပ်နေရုံပဲမို့လို့ပါ ” လို့ ဂယ်ရီနဗီးလ်က Sky Sports ရုပ်သံကနေ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ဘောလုံးလောကနဲ့ အမြန်ဆုံးအထိုင်ကျသွားတဲ့ နော်ဝေကြယ်ပွင့်ဟာ အနာဂတ်မှာဖြစ်လာမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမား ၃ ယောက်လောက်ထဲက တစ်ယောက်ဖြစ်နေတယ်လို့လည်း ပြောသွားခဲ့ပါသေးတယ်။

တနည်းအားဖြင့် ကစားသမားတွေဟာ ပုံမှန်အားဖြင့် ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကိုသွားတတ်ကြပေမယ့် ဟာလန်းကတော့ ရော်နယ်ဒိုနဲ့ အွန်နရီတို့ မန်ယူနဲ့အာဆင်နယ်မှာ တောက်ပခဲ့ကြသလိုမျိုး မန်စီးတီးမှာလင်းလက်လိမ့်မ်လို့ ဟောကိန်းထုတ်သွားခဲ့တာပါ။

(zawgyi)

မန္စီးတီးကစားသမားဘ၀ ပရီးမီးယားလိဂ္ ပထမဆုံး ၆ ပြဲမွာ ၁၀ ဂိုး သြင္းႏိုင္ခဲ့တဲ့ တိုက္စစ္မႉးဟာလန္းကို မန္ယူဂႏၴဝင္ေနာက္ခံလူ အေတာ္ေလးၿဖဳံေနပါတယ္။ ေနာ္ေဝတိုက္စစ္မႉးကို ဂ်ိမ္းစ္ဘြန္းဇာတ္ကားထဲက သံမဏိသြားပိုင္ရွင္

လူ႔ဘီလူးႀကီးနဲ႔ႏႈိင္းယွဥ္လိုက္ၿပီး ရင္ဆိုင္ဖို႔မလြယ္သူလို႔ ခ်ီးက်ဴးလိုက္တာပါ။ “ ဟာလန္းက နည္းနည္းေတာ့ မတရားဘူး။ ငယ္ငယ္တုန္းကၾကည့္ခဲ့ရတဲ့ ဂ်ိမ္းစ္ဘြန္း႐ုပ္ရွင္ကားကိုေတာင္ ကြၽန္ေတာ္ သတိရမိသြားတယ္။

အရပ္ ၇ ေပ ၂ လက္မရွိၿပီး Jaws အျဖစ္ သ႐ုပ္ေဆာင္တဲ့ လူ႔ဘီလူႀကီးေလ။ သူက လူေတြကိုေကာက္ကိုင္လိုက္႐ုံပဲ။ ၿပီးေတာ့ ၾကမ္းျပင္ေပၚလႊင့္ပစ္လိုက္တယ္။ သန္မာတဲ့ေနာက္ခံလူေတြနဲ႔ ရင္ဆိုင္ခ်ိန္မွာ

ဟာလန္းကိုၾကည့္လိုက္ရင္ Jaws နဲ႔သြားဆင္ေနတယ္။ ခင္ဗ်ားကေတာ့ ေတြးမွာပဲ။ ဝိုး .. သူဆက္မကစားႏိုင္ေလာက္ဘူးေပါ့။ ပင္နယ္တီဧရိယာထဲမွာ သူ႔ကို ဘယ္လိုရင္ဆိုင္ၾကမွာလဲ။ ကြၽန္ေတာ္ေျပာႏိုင္တာတစ္ခုက

ဟာလန္းရဲ႕မန္စီးတီးကစားသမားဘဝဟာ အၾကာႀကီးျဖစ္သြားပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက အဲဒီေနရာမွာ ရပ္ေန႐ုံပဲမို႔လို႔ပါ ” လို႔ ဂယ္ရီနဗီးလ္က Sky Sports ႐ုပ္သံကေန ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ အဂၤလိပ္ေဘာလုံးေလာကနဲ႔ အျမန္ဆုံးအထိုင္က်သြားတဲ့ ေနာ္ေဝၾကယ္ပြင့္ဟာ အနာဂတ္မွာျဖစ္လာမယ့္ ကမာၻ႔အေကာင္းဆုံးကစားသမား ၃ ေယာက္ေလာက္ထဲက တစ္ေယာက္ျဖစ္ေနတယ္လို႔လည္း ေျပာသြားခဲ့ပါေသးတယ္။

တနည္းအားျဖင့္ ကစားသမားေတြဟာ ပုံမွန္အားျဖင့္ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာကိုသြားတတ္ၾကေပမယ့္ ဟာလန္းကေတာ့ ေရာ္နယ္ဒိုနဲ႔ အြန္နရီတို႔ မန္ယူနဲ႔အာဆင္နယ္မွာ ေတာက္ပခဲ့ၾကသလိုမ်ိဳး မန္စီးတီးမွာလင္းလက္လိမ့္မ္လို႔ ေဟာကိန္းထုတ္သြားခဲ့တာပါ။